ယေရှုထံသို့ ထိုသူတို့ ရောက်သောအခါ လေဂေါင်နတ်ဆိုးပူးခံရသူသည် အဝတ်ကိုဝတ်ထားလျက် လူကောင်းပကတိစိတ်ဖြင့် ထိုင်နေသည်ကို တွေ့မြင်ကြလျှင် ကြောက်ရွံ့ကြ၏။
တမန်တော်ဝတ္ထု 19:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နတ်ဆိုးပူးဝင်ခြင်းခံနေရသူသည် ထိုသူတို့အပေါ် ခုန်အုပ်၍ တိုက်ခိုက်အနိုင်ယူသဖြင့် သူတို့သည် ထိခိုက်ဒဏ်ရာရလျက် အဝတ်ဗလာနှင့် ထိုအိမ်မှ ထွက်ပြေးရ၏။ Common Language Bible ထိုနောက်နတ်မိစ္ဆာပူးဝင်နေသူသည် သူတို့ အားအပြင်းအထန်သတ်ပုတ်တိုက်ခိုက်ရာ သူတို့သည်အရေးရှုံးနိမ့်လျက်အနာတရ ဖြစ်ပြီးလျှင်အဝတ်များစုတ်ပြဲ၍ ထိုအိမ် မှထွက်ပြေးရကြလေသည်။- Garrad Bible နတ် ဆိုး ပူး သူ သည် ပြု သူ နှစ် ယောက် အ ပေါ် သို့ ခုန် တက် ဖိ နင်း အောင် မြင် သ ဖြင့် အ ထိ အ ရှ ခံ ရ လျက် အိမ် ထဲ မှ အ ချည်း စည်း ထွက် ပြေး ရ ကြ ၏။ Judson Bible နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှ အဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနတ်ဆိုးပူးသူသည် သူတို့အပေါ်သို့ခုန်တက်ကာ သူတို့အားလုံးကိုနှိမ်နင်း၍ အနိုင်ယူသောကြောင့် သူတို့သည် ထိုအိမ်မှ အဝတ်မပါဘဲ ဒဏ်ရာများနှင့်ထွက်ပြေးကြရ၏။ |
ယေရှုထံသို့ ထိုသူတို့ ရောက်သောအခါ လေဂေါင်နတ်ဆိုးပူးခံရသူသည် အဝတ်ကိုဝတ်ထားလျက် လူကောင်းပကတိစိတ်ဖြင့် ထိုင်နေသည်ကို တွေ့မြင်ကြလျှင် ကြောက်ရွံ့ကြ၏။
ဤသို့ လျှောက်ရခြင်းမှာ ယေရှုသည် ထိုနတ်ဆိုးအား သူ့အထဲမှ ထွက်ရန် မိန့်တော်မူသောကြောင့်ဖြစ်၏။ ထိုနတ်ဆိုးသည် ထိုသူအား မကြာခဏဝင်ပူးတတ်၏။ သူ၏ လက်ခြေတို့ကို သံကြိုးများဖြင့် ခတ်၍ အစောင့်များနှင့် စောင့်ကြပ်သော်လည်း သူသည် နတ်ဆိုးအစွမ်းဖြင့် အချုပ်အနှောင်များကို လွယ်ကူစွာ ဖျက်ဆီး၍ တောကန္တာရထဲသို့ ပြေးဝင်တတ်၏။
ထို့နောက် လူတို့သည် ထိုအဖြစ်အပျက်ကို ကြည့်ရှုရန် ထွက်လာကြ၏။ ယေရှုထံသို့ ရောက်သောအခါ နတ်ဆိုးပူးခြင်းမှ လွတ်မြောက်သွားသူသည် အဝတ်ကို ဝတ်ထားလျက် လူကောင်းပကတိစိတ်ဖြင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကို တွေ့မြင်ကြလျှင် ကြောက်ရွံ့ကြ၏။
သို့ရာတွင် နတ်ဆိုးက “ယေရှုကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သို့သော် သင်တို့မှာ မည်သူတို့နည်း” ဟု တုံ့ပြန်ပြောဆိုလေ၏။
ဤသတင်းကို ဧဖက်မြို့တွင် နေထိုင်ကြသော ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများ ကြားသိသောအခါ သူတို့သည် ကြောက်ရွံ့၍ သခင်ယေရှု၏အမည်နာမကို ချီးမွမ်းကြ၏။
ထိုအခါ မတ်တတ်ရပ်လျက် ခုန်ပေါက်ပြီးလျှင် လမ်းလျှောက်လေ၏။ သူသည် လမ်းလျှောက်လျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက် တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ ဝင်လေ၏။
သူတို့သည် ထိုသူတို့ကို လွတ်လပ်ခွင့်ရမည်ဟု ကတိပေးသော်လည်း သူတို့ကိုယ်တိုင် ပျက်စီးခြင်း၏ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူသည် မိမိကို အနိုင်ယူစိုးမိုးသောအရာဟူသမျှ၏ ကျွန်ဖြစ်ရသောကြောင့်ဖြစ်၏။