တမန်တော်ဝတ္ထု 19:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထိုနတ်ဆိုးပူးသူသည် သူတို့အပေါ်သို့ခုန်တက်ကာ သူတို့အားလုံးကိုနှိမ်နင်း၍ အနိုင်ယူသောကြောင့် သူတို့သည် ထိုအိမ်မှ အဝတ်မပါဘဲ ဒဏ်ရာများနှင့်ထွက်ပြေးကြရ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ထိုနောက်နတ်မိစ္ဆာပူးဝင်နေသူသည် သူတို့ အားအပြင်းအထန်သတ်ပုတ်တိုက်ခိုက်ရာ သူတို့သည်အရေးရှုံးနိမ့်လျက်အနာတရ ဖြစ်ပြီးလျှင်အဝတ်များစုတ်ပြဲ၍ ထိုအိမ် မှထွက်ပြေးရကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible16 နတ် ဆိုး ပူး သူ သည် ပြု သူ နှစ် ယောက် အ ပေါ် သို့ ခုန် တက် ဖိ နင်း အောင် မြင် သ ဖြင့် အ ထိ အ ရှ ခံ ရ လျက် အိမ် ထဲ မှ အ ချည်း စည်း ထွက် ပြေး ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှ အဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 နတ်ဆိုးပူးဝင်ခြင်းခံနေရသူသည် ထိုသူတို့အပေါ် ခုန်အုပ်၍ တိုက်ခိုက်အနိုင်ယူသဖြင့် သူတို့သည် ထိခိုက်ဒဏ်ရာရလျက် အဝတ်ဗလာနှင့် ထိုအိမ်မှ ထွက်ပြေးရ၏။ အခန်းကိုကြည့်ပါ။ |
ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ညစ်ညူးသောနတ်အား ထိုသူ့အထဲမှထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့်ဖြစ်၏။ ထိုနတ်သည် သူ့ကိုကြိမ်ဖန်များစွာဝင်ပူးသဖြင့် သူ့ကို သံကြိုးနှင့်ခြေချင်းတို့ဖြင့် ချည်နှောင်ဖမ်းချုပ်လျက် စောင့်ကြပ်ထားသော်လည်း သူသည် ထိုအရာများကိုချိုးဖြတ်ကာ တောကန္တာရသို့ နတ်ဆိုး၏နှင်ခြင်းကိုခံရ၏။