သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 18:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ဂျူးဝတ်ပြုဆောင်တွင် ရဲရင့်စွာဟောပြော၏။ ပြစ်ကိလနှင့် အာကုလတို့သည် သူဟောပြောသောစကားကို ကြားသောအခါ သူ့အား အိမ်သို့ ဖိတ်ခေါ်လျက် ဘုရားသခင်၏တရားလမ်းကို ပိုမိုလေးနက်စွာ ရှင်းပြကြ၏။ Common Language Bible သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။- Garrad Bible ဓ မ္မာ ရုံ တွင် လည်း ရဲ ရင့် စွာ ဟော စ ပြု ရာ ကြား သော ပြစ် ကိ လ နှင့် အာ ကု လ တို့ သည် သူ့ ကို ခေါ် ပြီး လျှင် ဘု ရား သ ခင် မဂ် လမ်း တော် အ ကြောင်း အ စေ့ အ စုံ ဖော် ပြ ကြ၏။ Judson Bible ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ ဘုရားသခင်၏ ဘာသာတရားကို သာ၍ သေချာစွာ သင်ကြားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ဝတ်ပြုစည်းဝေးကျောင်း၌ ရဲရင့်စွာဟောပြောလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည် သူဟောပြောသည်ကိုကြားကြသောအခါ သူ့ကိုဖိတ်ခေါ်၍ ဘုရားသခင်၏တရားလမ်းကို ပို၍သေချာစွာရှင်းပြကြ၏။ |
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုသခင်က ‘ရှိသောသူတို့အား များစွာထပ်၍ ပေးသဖြင့် သူတို့သည် ကြွယ်ဝကြလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။
ထို့နောက် ယေရှုသည် မောရှေ၏ကျမ်းများမှစ၍ ပရောဖက်ကျမ်းများထဲမှ မိမိနှင့်ပတ်သက်သောကျမ်းပိုဒ်များ၏အနက်အဓိပ္ပာယ်တို့ကိုရှင်းပြတော်မူ၏။
ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာလိုသောသူဖြစ်လျှင် ဤသွန်သင်ချက်သည် ဘုရားသခင်၏သွန်သင်ချက်ဖြစ်သလော၊ ငါ့ကိုယ်ပိုင်သွန်သင်ချက်ဖြစ်သလောဟူသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။
သူတို့သည် အချိန်ကြာမြင့်စွာနေ၍ သခင်ဘုရား၏အကြောင်းကို ရဲရင့်စွာဟောပြောကြ၏။ သခင်ဘုရားသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို သူတို့အား ပြုခွင့်ပေးခြင်းဖြင့် မိမိ၏ကျေးဇူးတော်နှင့်ဆိုင်သော နှုတ်ကပတ်တရားတော်မှန်ကန်ကြောင်း သက်သေပြတော်မူ၏။
ပေါလုသည် ကောရိန္သုမြို့၌ ရက်ပေါင်းများစွာ နေပြီးနောက် ယုံကြည်သူတို့အား နှုတ်ဆက်ကာ ကင်ခြေမြို့သို့ သွားလေ၏။ ပေါလုသည် ယခင်က သစ္စာပြုထားခဲ့သည် ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် ဆံပင်ရိတ်လေ၏။ ထို့နောက် ပြစ်ကိလ၊ အာကုလတို့နှင့်အတူ ဆီးရီးယားပြည်သို့ ရွက်လွှင့်ကြ၏။
သခင်ဘုရား၏တရားလမ်းကို သင်ယူလေ့လာပြီး ဟောပြောရာ၌ စိတ်အားထက်သန်၍ ယေရှု၏အကြောင်းအရာများကို တိကျမှန်ကန်စွာ သွန်သင်လျက်နေ၏။ သို့သော် သူသည် ယောဟန်၏နှစ်ခြင်းမင်္ဂလာအကြောင်းကိုသာ သိ၏။
ပေါလုသည် သုံးလတိုင်တိုင် ဂျူးဝတ်ပြုဆောင်တွင် ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးဖလှယ်ကာ ယုံကြည်လာစေရန် ကြိုးစားအားထုတ်လျက်နေ၏။
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။
ထိုသူက “ဦးဆောင်ရှင်းပြမည့်သူမရှိလျှင် မည်ကဲ့သို့နားလည်နိုင်ပါမည်နည်း” ဟု ဖြေ၍ ဖိလိပ္ပုအား မြင်းရထားပေါ်သို့ တက်၍ မိမိနှင့်အတူ ထိုင်ရန် ဖိတ်ခေါ်လေ၏။
မျက်စိက လက်အား “သင့်ကို ငါမလိုအပ်” ဟု ပြော၍မရပါ။ ထိုနည်းတူ ဦးခေါင်းက ခြေအား “သင့်ကို ငါမလိုအပ်” ဟု ပြော၍မရပါ။
မိမိကိုယ်မိမိ မလှည့်ဖြားကြနှင့်။ သင်တို့ထဲမှ တစ်စုံတစ်ယောက်က လောကီစံနှုန်းများအရ မိမိကိုယ်ကိုယ် ပညာရှိသည်ဟု ထင်မှတ်လျှင် ထိုသူသည် ပညာရှင် ဖြစ်လာရန်အတွက် မိုက်မဲသောသူဖြစ်သင့်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်သက်ဆိုင်သော အခြေခံသွန်သင်ချက်များကို ထားရစ်ကာ ရင့်ကျက်ခြင်းသို့ တက်လှမ်းကြစို့။ သေခြင်းသို့ ပို့ဆောင်ပေးသောအကျင့်အတွက် နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌လည်းကောင်း၊ ကျေးဇူးတော်၌လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။