မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
တမန်တော်ဝတ္ထု 17:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယုံကြည်သူတို့သည် ပေါလုကို ပင်လယ်ကမ်းခြေသို့ ပို့ဆောင်ကြ၏။ သို့ရာတွင် သိလနှင့်တိမောသေတို့သည် ထိုမြို့၌ နေရစ်ခဲ့ကြ၏။ Common Language Bible ထိုအခါယုံကြည်သူတို့သည်ချက်ချင်းပင် ပေါလုကိုပင်လယ်ကမ်းခြေသို့ထွက်ခွာသွား စေကြ၏။ သိလနှင့်တိမောသေတို့မူကား ဗေရိ မြို့တွင်ပင်နေရစ်ခဲ့ကြ၏။- Garrad Bible ညီ အစ် ကို တို့ သည် သိ လ နှင့် တိ မော သေ တို့ ကို နေ ရစ် စေ လျက် ပေါ လု ကို ပင် လယ် ကမ်း ခြေ လမ်း အ ထိ ရုတ် ခြင်း ပို့ ကြ ပြီး မှ၊ Judson Bible ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှာ ချက်ချင်းလွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ချက်ချင်းပို့ဆောင်လျက် ပင်လယ်ကမ်းခြေအထိသွားစေကြ၏။ သိလနှင့်တိမောသေတို့မူကား ထိုမြို့၌နေရစ်ကြ၏။ |
မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
ထို့နောက် တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူများကိုရွေးချယ်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်ကြ၏။ ထိုသူတို့မှာ ယုံကြည်သူများထဲမှ ခေါင်းဆောင်ဖြစ်သောဗာရှဗခေါ် ယုဒနှင့် သိလတို့ဖြစ်ကြ၏။
ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လာ၏။ လုတ္တရမြို့တွင် တိမောသေဟု ခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူ ဂျူးအမျိုးသမီးဖြစ်ပြီး ဖခင်မှာ ဂရိအမျိုးသားဖြစ်၏။
ထိုညတွင် ယုံကြည်သူတို့သည် ပေါလုနှင့်သိလတို့ကို ဗေရိမြို့သို့ ချက်ချင်းထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည် ဂျူးဝတ်ပြုဆောင်သို့ သွားကြ၏။
ပေါလုကို လိုက်ပို့သူများသည် အေသင်မြို့တိုင်အောင် ပို့ကြပြီးလျှင် သိလနှင့် တိမောသေတို့အား အလျင်အမြန်လိုက်လာစေရန် မှာကြားချက်ကို ရရှိသဖြင့် ဗေရိမြို့သို့ ပြန်သွားကြ၏။
အချို့သောသူတို့သည် ယုံကြည်သဖြင့် ပေါလု၊ သိလတို့နှင့် ပေါင်းဖော်ကြ၏။ ဘုရားသခင်ကို ကိုးကွယ်သော ဂရိလူမျိုးများနှင့် ထင်ရှားသော အမျိုးသမီးများသည်လည်း ယုံကြည်လာကြ၏။
ထိုအိမ်၌ မတွေ့သဖြင့် ယာသုန်နှင့် အခြားယုံကြည်သူများကို အိမ်အတွင်းမှ ဆွဲထုတ်ကာ မြို့အာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားပြီးလျှင် “ကမ္ဘာလောကကို မှောက်လှန်နေသူများသည် ယခု ဤမြို့သို့ ရောက်ကြပါပြီ။
သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် တရားဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးတို့အား သက်သေခံ၍ ဟောပြောလေ၏။
သူသည် မိမိအား ကူညီဆောင်ရွက်ပေးသူ တိမောသေနှင့် ဧရတ္တုကို မာကေဒေါနိပြည်သို့ စေလွှတ်၍ အာရှပြည်၌ ကာလအနည်းငယ်ဆက်နေလေ၏။
ထိုမြို့တွင် သုံးလခန့်နေထိုင်၍ ဆီးရီးယားပြည်သို့ ရွက်လွှင့်ရန် ပြင်ဆင်နေစဉ် ဂျူးလူမျိုးတို့က မိမိကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်နေကြကြောင်းကို ပေါလုကြားသိရ၏။ ထို့ကြောင့် ပေါလုသည် မာကေဒေါနိပြည်ကိုဖြတ်၍ လှည့်ပြန်သွားရန် ဆုံးဖြတ်လေ၏။
သို့သော် ရှောလု၏တပည့်များက ညအချိန်၌ သူ့ကို ခြင်းတောင်းတစ်ခုတွင်ထည့်ကာ မြို့ရိုးမှ လျှောချကြ၏။
ထိုအကြောင်းကို ယုံကြည်သူတို့ ကြားသိသောအခါ သူ့အား ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်လာပြီး တာရှုမြို့သို့ လွှတ်လိုက်ကြ၏။
မာကေဒေါနိပြည်သို့ ကျွန်ုပ်သွားစဉ် သင့်ကို တိုက်တွန်းနိုးဆော်ခဲ့သည့်အတိုင်း တိုက်တွန်းလို၏။ သင်သည် ဧဖက်မြို့တွင် နေရစ်၍ လွဲမှားသောအယူဝါဒများ သွန်သင်နေသည့် လူတချို့ကို ထိုသို့မသွန်သင်ကြရန်နှင့်
သင့်ကို ကရေတေကျွန်း၌ ကျွန်ုပ်ချန်ထားခဲ့ရခြင်းမှာ ကျွန်ုပ်ညွှန်ကြားထားသည့်အတိုင်း မပြီးဆုံးသေးသော ကိစ္စများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် သင်းအုပ်များကို ခန့်ထားစေရန် ဖြစ်၏။