တမန်တော်ဝတ္ထု 17:14 - Garrad Bible14 ညီ အစ် ကို တို့ သည် သိ လ နှင့် တိ မော သေ တို့ ကို နေ ရစ် စေ လျက် ပေါ လု ကို ပင် လယ် ကမ်း ခြေ လမ်း အ ထိ ရုတ် ခြင်း ပို့ ကြ ပြီး မှ၊ အခန်းကိုကြည့်ပါ။Common Language Bible14 ထိုအခါယုံကြည်သူတို့သည်ချက်ချင်းပင် ပေါလုကိုပင်လယ်ကမ်းခြေသို့ထွက်ခွာသွား စေကြ၏။ သိလနှင့်တိမောသေတို့မူကား ဗေရိ မြို့တွင်ပင်နေရစ်ခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible14 ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှာ ချက်ချင်းလွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ချက်ချင်းပို့ဆောင်လျက် ပင်လယ်ကမ်းခြေအထိသွားစေကြ၏။ သိလနှင့်တိမောသေတို့မူကား ထိုမြို့၌နေရစ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ထိုအခါ ယုံကြည်သူတို့သည် ပေါလုကို ပင်လယ်ကမ်းခြေသို့ ပို့ဆောင်ကြ၏။ သို့ရာတွင် သိလနှင့်တိမောသေတို့သည် ထိုမြို့၌ နေရစ်ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊
ငါ သည် မာ ကေ ဒေါ နိ ပြည် သို့ သွား ဆဲ တွင် ခြား နား သော ဒေ သ နာ ကို မ သင် ကြား ရ ဟူ၍ လည်း ကောင်း၊ ပုံ ဝ တ္ထု များ၊ အ ဆုံး မဲ့ ဆွေ စဉ် စာ ရင်း များ ကို ဂ ရု မ ပြု ရ ဟူ၍ လည်း ကောင်း၊ ဧ ဖက် မြို့ တွင် ရပ် ဆိုင်း လျက် အ ချို့ တို့ အား မိန့် မှာ စေ ရန် သင့် ကို နှိုး ဆော် ခဲ့ သည့် အ တိုင်း ထပ်၍ နှိုး ဆော်၏။ ထို သို့ သော စာ ရင်း များ သည် ဘု ရား သ ခင့် သာ သ နာ တော် ကို သ ဒ္ဓါ ယုံ ကြည် ခြင်း ဖြင့် မ ပြု စု ဘဲ ဆွေး နွေး ငြင်း ခုံ ချက် များ ကို သာ ပြု စု ၏။
လို အပ် သော အ ရာ များ ကို စီ မံ စေ ရန် လည်း ကောင်း၊ ငါ မိန့် မှာ ခဲ့ သည် နှင့် အ ညီ အ ပြစ် မဲ့ သူ၊ မိန်း မ တစ် ယောက် နှင့် သာ အိမ် ထောင် ပြု သူ၊ ပျော် ကြူး ပြစ်၊ မ လိုက် နာ ပြစ် စွဲ ဆို ချက် လွတ်၍ တ ပည့် ဖြစ် သော သား သ မီး ရှိ သူ တို့ ကို ဥ က္ကဌ အ ဖြစ် မြို့ တိုင်း တွင် ခန့် ထား စေ ရန်လည်း ကောင်း က ရေ တေ ကျွန်း၌ သင့် ကို ငါ ထား ခဲ့ ၏။