အခြားတစ်ဦးကလည်း “သခင်… အကျွန်ုပ်လည်း နောက်တော်သို့ လိုက်ပါရစေ။ သို့သော် အကျွန်ုပ်၏အိမ်သူအိမ်သားများကို သွား၍ နှုတ်ဆက်ပါရစေ” ဟု လျှောက်သော်
တမန်တော်ဝတ္ထု 15:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ သွေးကို စားသုံးခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်ရမည်။ သင်တို့သည် ထိုအရာများနှင့် ကင်းရှင်းလျှင် ကောင်း၏။ ကျန်းမာကြပါစေ။ ဟု ရေးသားထား၏။ Common Language Bible လည်ညှစ်သားကိုမစားနှင့်။ ကာမဂုဏ်လိုက်စား မှုကိုမပြုနှင့်ဟူသောပညတ်များမှတစ်ပါး အခြားသောဝန်ကိုသင်တို့အပေါ်မတင်ရန် သန့်ရှင်းသောဝိညာဉ်တော်နှင့်ကျွန်ုပ်တို့သဘော တူကြပါ၏။ ဤအရာများကိုရှောင်ကြဉ်ကြ ပါက သင်တို့အတွက်လုံလောက်ပေပြီ။ ကျန်း မာရွှင်လန်းကြပါစေ'' ဟုဖော်ပြပါရှိလေ သည်။ Judson Bible လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါး အခြားသောဝန် သင်တို့၏အပေါ်၌ တင်ခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြပါစေသောဟု ရေး၍ ပေးလိုက်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ၎င်းမှာ သင်တို့သည် ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ကြရန်ဖြစ်၏။ သင်တို့သည် ဤအရာတို့နှင့်ကင်းရှင်းလျက်နေလျှင် ကောင်းပေ၏။ ကျန်းမာရွှင်လန်းကြပါစေ”ဟူ၍ ရေးထား၏။ |
အခြားတစ်ဦးကလည်း “သခင်… အကျွန်ုပ်လည်း နောက်တော်သို့ လိုက်ပါရစေ။ သို့သော် အကျွန်ုပ်၏အိမ်သူအိမ်သားများကို သွား၍ နှုတ်ဆက်ပါရစေ” ဟု လျှောက်သော်
ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် သွေးကို စားသုံးခြင်းတို့မှရှောင်ကြဉ်ရန်သာ စာရေး၍ မှာကြားသင့်ကြောင်း ကျွန်ုပ်ယူဆပါ၏။
“ဘုရားသခင်၏အလိုတော်ရှိလျှင် သင်တို့ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့အား နှုတ်ဆက်ပြီးလျှင် ပြစ်ကိလနှင့် အာကုလတို့ကို ဧဖက်မြို့၌ ထားခဲ့၍ ရွက်လွှင့်လေ၏။
ယုံကြည်လာကြသောလူမျိုးခြားများအတွက်မူ သူတို့သည် ရုပ်တုများကို ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ သွေးကို စားသုံးခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် တရားနှင့်မညီသော မေထုန်ပြုခြင်း စသည်တို့ကို ရှောင်ကြဉ်ရန် ကျွန်ုပ်တို့ဆုံးဖြတ်၍ စာရေးပေးပို့ကြပြီ” ဟု ဆိုကြ၏။
သို့ရာတွင် ဂျူးလူမျိုးများသည် သူ့ကိုသတ်ရန် လျှို့ဝှက်ကြံစည်သည့်အကြောင်းကို အကျွန်ုပ်ကြားရသောအခါ အရှင့်ထံသို့ သူ့ကိုချက်ချင်းစေလွှတ်လိုက်ပါ၏။ စွပ်စွဲသောသူများကိုလည်း သူ့အပေါ်စွပ်စွဲထားသည့်အချက်များကို အရှင့်ထံသို့တင်ပြရန် ညွှန်ကြားထားပါ၏။
မာကေဒေါနိပြည်မှ လာသော ညီအစ်ကိုတို့သည် ကျွန်ုပ်လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်၌ တစ်စုံတစ်ရာလိုအပ်လျှင် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ ကျွန်ုပ်သည် သင်တို့အတွက် မည်သို့မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကိုယ် သတိနှင့် နေခဲ့၏။ နောင်တွင်လည်း သတိနှင့် နေဦးမည်။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
အသင်းတော်ခေါင်းဆောင်တစ်ဦးကို လက်တင်မင်္ဂလာပေး၍ ခန့်အပ်ရာတွင် မည်သည့်အခါမျှ အလျင်စလိုမလုပ်နှင့်။ အခြားသူတို့ အပြစ်ကျူးလွန်ရာတွင် မပါဝင်နှင့်။ မိမိကိုယ်ကိုယ် ဖြူစင်သန့်ရှင်းစေလော့။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းစင်ကြယ်သောဘာသာတရားကိုင်းရှိုင်းခြင်းမှာ ဆင်းရဲဒုက္ခကြုံနေသည့် မိဘမဲ့နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း၊ မိမိကိုယ်တိုင်ကိုလည်း လောကီညစ်ညူးခြင်းတို့မှ ကင်းစင်စေခြင်းဖြစ်၏။
ချစ်သောသားသမီးတို့… ရုပ်တုများကို ရှောင်ကြဉ်ကြလော့။ ရှင်ယောဟန်ဩဝါဒစာပထမစောင် ပြီးပါပြီ။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်
သို့ရာတွင် ငါသည် သင့်အား အပြစ်ပြောစရာ အနည်းငယ်ရှိ၏။ သင်တို့တွင် မှားယွင်းသည့်ပရောဖက်ဗာလမ်၏ သွန်သင်ချက်ကို လိုက်နာသောသူများရှိကြ၏။ အစ္စရေးလူမျိုးတို့သည် ရုပ်တုများအား ပူဇော်သည့်အစားအစာကို စားရန်လည်းကောင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း အစ္စရေးလူမျိုးတို့ရှေ့မှောက်၌ တိုက်မိစရာ ဆူးငြောင့်ခလုတ်ကိုချထားရန် ဗာလမ်သည် ဗာလက်မင်းအား သွန်သင်ခဲ့၏။
သို့သော်လည်း ငါသည် သင့်အား အပြစ်ပြောစရာ တစ်ခုရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မဟုဆိုသောယေဇဗေလအမည်ရှိသည့် အမျိုးသမီးကို သင်ခွင့်ပြုထားခဲ့၏။ သူသည် ငါ၏အစေခံများအား တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း၊ ရုပ်တုအား ပူဇော်သည့်အစားအစာများကိုစားရန်လည်းကောင်း သွန်သင်၍ လမ်းမှားစေခဲ့၏။