သင်တို့ကမူ ထိုသို့မပြုကြနှင့်။ သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်လိုသူသည် သင်တို့၏ အစေခံဖြစ်ရမည်။
တမန်တော်ဝတ္ထု 13:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှာလမိမြို့သို့ ရောက်သောအခါ ဂျူးဝတ်ပြုဆောင်များတွင် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်မာကုသည်လည်း သူတို့၏လက်ထောက်အဖြစ် ပါရှိလေ၏။ Common Language Bible သူတို့သည်ရှာလမိမြို့သို့ရောက်သောအခါ တရားဇရပ်များတွင်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။ ယောဟန်မာကုသည်သူတို့၏လက်ထောက် အဖြစ်ကူညီဆောင်ရွက်၏။ Garrad Bible လက် ထောက် ဖြစ် သူ ယော ဟန် ပါ ယု ဒ လူ မျိုး တို့ ဓ မ္မာ ရုံ များ တွင် ဘု ရား သ ခင့် တ ရား တော် ကို ကြော် ငြာ ကြ၏။ Judson Bible ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားဇရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏လက်ထောက် ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ရှာလမိမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းများတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ သူတို့သည်ယောဟန်ကိုလည်း အကူအညီပေးသူအဖြစ် ခေါ်သွားကြ၏။ |
သင်တို့ကမူ ထိုသို့မပြုကြနှင့်။ သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်လိုသူသည် သင်တို့၏ အစေခံဖြစ်ရမည်။
ထိုသို့ သိလျှင်သိချင်း ယောဟန်မာကု၏မိခင်ဖြစ်သူ မာရိအိမ်သို့ သွားလေ၏။ ထိုနေရာတွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။
ထို့နောက် ဗာနဗနှင့် ရှောလုသည် ဆောင်ရွက်စရာအမှုများကို အပြီးသတ်ပြီးလျှင် ယောဟန်မာကုကို မိမိတို့နှင့်တကွ ခေါ်ခဲ့၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။
သူတို့သည် ပေရဂေမြို့ကိုဖြတ်သွား၍ ပိသိဒိပြည်ရှိ အန္တိအုတ်မြို့သို့ ရောက်ကြ၏။ ဥပုသ်နေ့တွင် ဂျူးဝတ်ပြုဆောင်သို့ဝင်၍ ထိုင်ကြ၏။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
ဣကောနိမြို့တွင်လည်း ပေါလုနှင့် ဗာနဗတို့သည် ဂျူးဝတ်ပြုဆောင်သို့ ဝင်၍ ဟောပြောသဖြင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုး အမြောက်အမြားသည် ယုံကြည်သက်ဝင်လာကြ၏။
ထို့ကြောင့် သူသည် ဂျူးဝတ်ပြုဆောင်တွင်ရှိသော ဂျူးလူမျိုးများမှစ၍ ဘုရားသခင်ကိုကိုးကွယ်သော လူမျိုးခြားများနှင့် ဆွေးနွေး၏။ ထို့ပြင် ဈေးအရပ်တွင် နေ့တိုင်းရှိနေကြသောလူတို့နှင့်လည်း နေ့စဉ်ဆွေးနွေးလေ၏။
ပေါလုသည် ဥပုသ်နေ့တိုင်း ဂျူးဝတ်ပြုဆောင်၌ တရားဆွေးနွေး၍ ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများ ယုံကြည်လာရန် စည်းရုံးလျက်နေ၏။
သူသည် မိမိအား ကူညီဆောင်ရွက်ပေးသူ တိမောသေနှင့် ဧရတ္တုကို မာကေဒေါနိပြည်သို့ စေလွှတ်၍ အာရှပြည်၌ ကာလအနည်းငယ်ဆက်နေလေ၏။
တစ်မြို့လုံးဝရုန်းသုန်းကားဖြစ်လျက် လူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို ဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ပေါလုသည် သုံးလတိုင်တိုင် ဂျူးဝတ်ပြုဆောင်တွင် ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးဖလှယ်ကာ ယုံကြည်လာစေရန် ကြိုးစားအားထုတ်လျက်နေ၏။
ထို့နောက် ချက်ချင်းပင် ရှောလုက “ယေရှုသည် ဘုရားသားတော်ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလေ၏။
ကျွန်ုပ်နှင့်အတူ အကျဉ်းချခံရသော အာရိတ္တာခုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဗာနဗ၏ညီဝမ်းကွဲ မာကုတို့သည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့ ရောက်လာလျှင် ညွှန်ကြားထားသည့်အတိုင်း သူ့ကို ကြိုဆိုကြလော့။
လုကာတစ်ဦးတည်းသာ ကျွန်ုပ်နှင့်အတူရှိ၏။ မာကုကို သင်နှင့်အတူ ခေါ်ခဲ့လော့။ အမှုတော်ဆောင်ရွက်ရာတွင် သူသည် ကျွန်ုပ်အတွက် အသုံးဝင်သူဖြစ်၏။