တမန်တော်ဝတ္ထု 13:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာတွင် ရေးသားထားသမျှကို ဆောင်ရွက်ကြပြီးနောက် အလောင်းတော်ကို သစ်တိုင်မှ ချ၍ သင်္ချိုင်းဂူတွင် ထားကြ၏။ Common Language Bible သူတို့သည်ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသမျှသောအရာတို့ ကိုပြုကြပြီးနောက် ထိုအရှင်၏တပည့်တို့ သည်အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှ ချ၍သင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကြ၏။- Garrad Bible ထို သို့ ကိုယ် တော် နှင့် စပ်၍ ရေး ထား သ မျှ အ တိုင်း ပြည့် စုံ စေ လျက် ကား တိုင် မှ ချ ယူ၍ သင်္ချိုင်း ဂူ တွင် သွင်း ထား ကြ ပြီး နောက်၊ Judson Bible ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းတွင်း၌ ထားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ကိုယ်တော်ကိုရည်ညွှန်း၍ ရေးထားသောအရာအားလုံးတို့ကို ပြုကြပြီးသောအခါ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းဂူထဲတွင် သွင်းထားကြ၏။ |
ထိုအချိန်တွင် ဖြောင့်မတ်၍ သူတော်ကောင်းဖြစ်သော ယုဒပြည် အရိမဿဲမြို့သား ယောသပ်ဟု ခေါ်သည့်သူတစ်ဦးရှိ၏။ သူသည် တရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး
ထို့နောက် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှ ချ၍ ပိတ်ချောနှင့်ရစ်ပတ်ပြီးလျှင် မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော ကျောက်ဆောင်ကိုထွင်းထားသည့်သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်၏။
ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။
ယေရှုသည် အမှုအလုံးစုံ ပြီးစီးကြောင်းကို သိတော်မူသဖြင့် ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် “ငါရေငတ်သည်” ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုချဉ်သောစပျစ်ဝိုင်ကို မြည်းစမ်းတော်မူပြီးမှ “အမှုပြီးပြီ” ဟု မိန့်တော်မူ၏။ ထို့နောက် ဦးခေါင်းတော်ငိုက်၍ အသက်ချုပ်တော်မူ၏။
ယေရှုသည် ထိုကယ်တင်ရှင်ဖြစ်ကြောင်းကို ဂျေရုဆလင်မြို့တွင် နေထိုင်သောသူများနှင့် ထိုသူတို့၏အုပ်ချုပ်သူများသည် မသိကြ။ ဥပုသ်နေ့တိုင်း ရွတ်ဖတ်သော ပရောဖက်တို့၏စကားများကိုလည်း မသိနားမလည်ကြ။ ထို့ကြောင့် သူတို့သည် ထိုအရှင်ကို ပြစ်ဒဏ်ပေးခြင်းအားဖြင့် ပရောဖက်တို့၏စကားများအတိုင်း ဖြစ်လာစေကြ၏။
ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။
သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏ ကူညီမစတော်မူခြင်းကို ခံရသောကြောင့် ယနေ့တိုင်အောင်ရပ်တည်လျက် လူတန်းစားအနိမ့်အမြင့်မရွေးဘဲ လူအပေါင်းတို့အား ဟောပြောပါ၏။ ထိုသို့ဟောပြောရာတွင်လည်း ပရောဖက်များနှင့် မောရှေတို့ဟောပြောခဲ့သည့် နောင်အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုသာ ဟောပြောပါ၏။
ထိုသူတို့သည် အရှင်၏တန်ခိုးတော်နှင့် အလိုတော်အရ ကြိုတင်စီမံတော်မူသည့်အတိုင်းဖြစ်လာရန် ထိုသို့ပြုလုပ်ကြခြင်းဖြစ်၏။
သင်တို့သစ်တိုင်ပေါ်မှာ ချိတ်ဆွဲ၍ သေဒဏ်ပေးသည့်ယေရှုကို ကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူပြီ။
သင်္ဂြိုဟ်ခြင်းကို ခံတော်မူပြီးနောက် ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည့်အကြောင်း၊