တမန်တော်ဝတ္ထု 13:29 - Garrad Bible29 ထို သို့ ကိုယ် တော် နှင့် စပ်၍ ရေး ထား သ မျှ အ တိုင်း ပြည့် စုံ စေ လျက် ကား တိုင် မှ ချ ယူ၍ သင်္ချိုင်း ဂူ တွင် သွင်း ထား ကြ ပြီး နောက်၊ အခန်းကိုကြည့်ပါ။Common Language Bible29 သူတို့သည်ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသမျှသောအရာတို့ ကိုပြုကြပြီးနောက် ထိုအရှင်၏တပည့်တို့ သည်အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှ ချ၍သင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible29 ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းတွင်း၌ ထားကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ဤသို့ဖြင့် ကိုယ်တော်ကိုရည်ညွှန်း၍ ရေးထားသောအရာအားလုံးတို့ကို ပြုကြပြီးသောအခါ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းဂူထဲတွင် သွင်းထားကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း29 ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာတွင် ရေးသားထားသမျှကို ဆောင်ရွက်ကြပြီးနောက် အလောင်းတော်ကို သစ်တိုင်မှ ချ၍ သင်္ချိုင်းဂူတွင် ထားကြ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ် တော် ကို လည်း ကောင်း၊ ဥ ပုသ် နေ့ တိုင်း ဖတ် ရွက် ကြ သော ပ ရော ဖက် တို့ ဆင့် ဆို ချက် များ ကို လည်း ကောင်း၊ မ သိ သော ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ နှင့် အ ရာ ရှိ တို့ သည် ကိုယ် တော်၌ သေ ပြစ် မ တွေ့ ဘဲ လျက် ကွပ် မျက် စေ ရန် ပိ လတ် မင်း ထံ တောင်း ဆို ကြ ရာ ကိုယ် တော် ကို အ ပြစ် စီ ရင် သ ဖြင့် ထို ဆင့် ဆို ချက် များ အ တိုင်း ပြည့် စုံ စေ ကြ၏။
ကျွန် တော် မှာ မူ ဘု ရား သ ခင့် အ ထံ တော် မှ စောင် မ တော် မူ ခြင်း ခံ ရ သည့် အ လျောက် ခ ရစ် တော် သည် စီ ရင် ခံ ရ သည့် ပြင် သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း ဖြင့် လူ မျိုး တော် မှ စ၍ လူ မျိုး ခြား တို့ အား အ လင်း တ ရား ဦး စွာ ကြော် ငြာ ရ သူ ဖြစ် ကြောင်း တည်း ဟူ သော မော ရှေ နှင့် ပ ရော ဖက် တို့ ဆင့် ဆို ခဲ့ ရာ အ ဖြစ် အ ပျက် များ ကို သာ အ ယုတ် အ မြတ် မ ရွေး ရှိ သ မျှ တို့ အား ယ နေ့ တိုင် အောင် ကြော် ငြာ ဟော ပြော လျက် ခံ ရပ် ပါ သည် ဟု ထု ချေ လေ၏။