Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 23:50 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

50 ထို​အချိန်​တွင် ဖြောင့်မတ်​၍ သူတော်ကောင်း​ဖြစ်သော ယုဒပြည် အရိမဿဲမြို့သား ယောသပ်​ဟု ခေါ်သည့်​သူ​တစ်ဦး​ရှိ၏။ သူသည် တရားလွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ဖြစ်ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

50-51 ယု​ဒ​ပြည်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​နာ​မည် ရှိ​သူ​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ရှိ ၏။ သူ​သည်​လူ​ကောင်း​လူ​ဖြောင့်​တစ်​ယောက်​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​မည့်​အ​ချိန် ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည်​တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​ဖြစ်​သော်​လည်း တ​ရား​လွှတ်​တော် ၏​ဆုံး​ဖြတ်​ချက်​နှင့်​လုပ်​ဆောင်​ချက်​ကို​သ​ဘော မ​တူ​ခဲ့​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

50-51 ထို နောက် လွှတ် တော် ရာ ထူး ရှိ သော် လည်း ဘု ရား သ ခင့် နိုင် ငံ တော် ကို စောင့် မြော် သော သူ တော် ကောင်း သူ ဖြောင့် မတ် ဖြစ် လျက် လွှတ် တော် ပြ ဋ္ဌာန်း ချက် နှင့် ပြု မူ ချက် ကို အ လို မ တူ သူ အ ရိ မဿဲ ခေါ် ယု ဒ မြို့ တစ် မြို့ နေ ယော သပ် သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

50 ထို​အ​ခါ ယု​ဒ​ပြည်​အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော လွှတ်​အ​ရာ​ရှိ​တစ်​ယောက်​သည်၊ အ​ခြား​သော လွှတ်​အ​ရာ​ရှိ​တို့၏ တိုင်​ပင်​စီ​ရင်​ခြင်း​ကို ဝန်​ခံ​သော​သူ​မ​ဟုတ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

50 ထို​အချိန်အခါ​၌ ဖြောင့်မတ်​၍​သူတော်ကောင်း​ဖြစ်​သည့် ယောသပ်​အမည်​ရှိ​သော လွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

50 ထို​အ​ခါ ယု​ဒ​ပြည်​အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော လွှတ်​အ​ရာ​ရှိ​တစ်​ယောက်​သည်၊ အ​ခြား​သော လွှတ်​အ​ရာ​ရှိ​တို့၏ တိုင်​ပင်​စီ​ရင်​ခြင်း​ကို ဝန်​ခံ​သော​သူ​မ​ဟုတ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 23:50
8 ပူးပေါင်းရင်းမြစ်များ  

ဗာနဗ​သည် သူတော်ကောင်း​ဖြစ်​၍ သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ယုံကြည်ခြင်း​တို့​ဖြင့် ပြည့်ဝသော​သူ​ဖြစ်၏။ ထို့ကြောင့် မြောက်မြားစွာသော​လူတို့​သည် သခင်ဘုရား​ထံသို့ ပြောင်းလဲလာကြ၏။


ထို​သူတို့​က “ကျွန်ုပ်တို့​ကို တပ်မှူး​ကော်နေလိ​က လွှတ်လိုက်ပါ၏။ သူ​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ သမာသမတ်ကျသူ​ဖြစ်ပြီး ဂျူးလူမျိုး​တစ်ရပ်လုံး​၏​ချီးမွမ်းခြင်း​ခံရသော​သူ​လည်း ဖြစ်၏။ သူ​၏​အိမ်​သို့ သင့်​ကို ဖိတ်ခေါ်​၍ သင်​ဟောပြောမည့်​အကြောင်း​ကို​ကြားနာ​ရန် သန့်ရှင်းသော​ကောင်းကင်တမန်​သည် သူ့​အား ညွှန်ကြားလိုက်ပါ၏” ဟု တုံ့ပြန်ကြ၏။


သူ​နှင့်တကွ မိသားစုဝင်များ​သည် ဘုရားသခင်​အား ကြောက်ရွံ့​၍ ဘုရားတရား​ကိုင်းရှိုင်းသူ​လည်း​ဖြစ်၏။ တစ်ပါးသူတို့​အား အလှူအတန်း​ရက်ရောပြီး ဘုရားသခင်​ထံ စဉ်ဆက်မပြတ်​ဆုတောင်းသော​သူ​လည်း ဖြစ်၏။


ထို​အချိန်​၌ ဂျေရုဆလင်မြို့​တွင် ရှိမောင်​ဟု ခေါ်သော လူ​တစ်ဦး​ရှိ၏။ သူ​သည် သူတော်ကောင်း​တစ်ဦး​ဖြစ်ပြီး ဘုရားတရား​ကိုင်းရှိုင်းသူ​လည်း ဖြစ်၏။ အစ္စရေးလူမျိုးတို့​အား နှစ်သိမ့်တော်မူမည့် ကယ်တင်ရှင်​ကြွလာမည်​ကို စောင့်မျှော်နေ​သူ ဖြစ်​၍ သန့်ရှင်းသော​ဝိညာဉ်တော်​သည်လည်း သူ့​အပေါ်​၌ တည်နေ၏။


ထို​အရှင်​နှင့်​ပတ်သက်​၍ ကျမ်းစာ​တွင် ရေးသားထား​သမျှ​ကို ဆောင်ရွက်ကြ​ပြီးနောက် အလောင်းတော်​ကို သစ်တိုင်​မှ ချ​၍ သင်္ချိုင်းဂူ​တွင် ထားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ