ထိုအခါ ယာဣရု အမည်ရှိသော ဂျူးဝတ်ပြုဆောင်မှူးတစ်ဦးသည် လာ၍ ယေရှုကို တွေ့မြင်သောအခါ ခြေတော်ရင်း၌ ဝပ်တွားခယလျက်
တမန်တော်ဝတ္ထု 13:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။ Common Language Bible ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းကိုဖတ်ပြီး သောအခါ တရားဇရပ်အမှုဆောင်လူကြီး များသည်သူတို့အား ``ညီအစ်ကိုတို့၊ လူတို့ အားတိုက်တွန်းအားပေးစကားပြောကြား ရန်ရှိပါလျှင်ပြောကြပါ'' ဟုလူလွှတ်၍ အကြောင်းကြားကြ၏။- Garrad Bible ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ကျမ်း ချက် များ ကို ဖတ် ရွတ် ပြီး သည့် ကာ လ ဓ မ္မာ ရုံ အုပ် တို့ သည် သူ တို့ ထံ လူ လွှတ် လျက် ညီ အစ် ကို တို့၊ လူ ပ ရိ သတ် အား နှိုး ဆော် ရန် ရှိ လျှင် ဟော ပြော ကြ ပါ ဟု တိုက် တွန်း ကြ သည့် အ တိုင်း၊ Judson Bible ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကို ဖတ်ရွတ်ပြီးမှ၊ တရားဇရပ်မှူးတို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာစကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။ မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ကြားပြီးသောအခါ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံများသည် သူတို့ထံ လူလွှတ်၍ “ညီအစ်ကိုတို့၊ သင်တို့တွင် လူတို့အား တိုက်တွန်းအားပေးစကားတစ်စုံတစ်ခုရှိလျှင် ပြောကြပါ”ဟု ဆိုကြ၏။ |
ထိုအခါ ယာဣရု အမည်ရှိသော ဂျူးဝတ်ပြုဆောင်မှူးတစ်ဦးသည် လာ၍ ယေရှုကို တွေ့မြင်သောအခါ ခြေတော်ရင်း၌ ဝပ်တွားခယလျက်
မောရှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို နှစ်ခြင်းဆရာယောဟန် မပေါ်မီတိုင်အောင် သွန်သင်လျက်ရှိ၏။ သို့သော် ယောဟန်အချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို ဟောပြောကြ၏။ လူတို့သည်လည်း ထိုနိုင်ငံတော်သို့ အတင်းတိုးဝင်ကြ၏။
“ညီအစ်ကိုမောင်နှမတို့… ယေရှုကို ဖမ်းဆီးသောသူတို့အား ဦးဆောင်လာသည့် ယုဒအကြောင်းနှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်မင်းကြီး၏နှုတ်အားဖြင့် ကြိုတင်ဟောပြောသော ကျမ်းချက်သည် ဖြစ်လာရမည်။
ယေရှုသည် ထိုကယ်တင်ရှင်ဖြစ်ကြောင်းကို ဂျေရုဆလင်မြို့တွင် နေထိုင်သောသူများနှင့် ထိုသူတို့၏အုပ်ချုပ်သူများသည် မသိကြ။ ဥပုသ်နေ့တိုင်း ရွတ်ဖတ်သော ပရောဖက်တို့၏စကားများကိုလည်း မသိနားမလည်ကြ။ ထို့ကြောင့် သူတို့သည် ထိုအရှင်ကို ပြစ်ဒဏ်ပေးခြင်းအားဖြင့် ပရောဖက်တို့၏စကားများအတိုင်း ဖြစ်လာစေကြ၏။
အဘယ်ကြောင့်ဆိုသော် ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကို ဂျူးဝတ်ပြုဆောင်များတွင် ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ ထိုပညတ်တရားကို ဟောပြောခြင်း ရှိသောကြောင့်ဖြစ်၏” ဟု ပြောဆိုလေ၏။
များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည်ထ၍ “ညီအစ်ကိုတို့… ကျွန်ုပ်ဟောပြောသော သတင်းကောင်းကို လူမျိုးခြားတို့ကြား၍ ယုံကြည်နိုင်ရန် ဘုရားသခင်သည် အစောပိုင်းကာလတွင် သင်တို့အထဲမှ ကျွန်ုပ်ကို ရွေးချယ်တော်မူကြောင်း သင်တို့သိကြ၏။
ထိုအခါ သူတို့အားလုံးက ဝတ်ပြုဆောင်မှူးသုဿင်ကို ဖမ်း၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျန်မင်းသည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။
ဂျူးဝတ်ပြုဆောင်မှူးဖြစ်သော ကရိပ္ပုသည် သူ၏အိမ်သူအိမ်သားများနှင့်တကွ သခင်ဘုရားကို ယုံကြည်၏။ အခြားသောကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ပေါလုဟောပြောသော တရားစကားများကို ကြား၍ ယုံကြည်သဖြင့် နှစ်ခြင်းမင်္ဂလာကို ခံယူကြ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့အား ကျွန်ုပ်တို့ဘိုးဘေးဒါဝိဒ်မင်း၏အကြောင်းကို သေချာစွာပြောပါရစေ။ သူသည် သေလွန်၍ သင်္ဂြိုဟ်ခံရသဖြင့် သူ၏သင်္ချိုင်းဂူသည် ယနေ့တွင် ငါတို့နှင့်အတူ ရှိသေး၏။
သူတို့သည် ထိုဟောပြောချက်ကို ကြားသောအခါ စိတ်နှလုံးကြေကွဲ၍ ပေတရုနှင့် အခြားတမန်တော်များအား “ညီအစ်ကိုတို့… ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။
ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။
ထိုဒေသများတစ်လျှောက် လှည့်ပတ်သွားလာကာ ယုံကြည်သူတို့အား အားပေးစကားများပြောကြားပြီးနောက် အခါယပြည်သို့သွား၏။
ပေါလုက “ညီအစ်ကိုတို့နှင့် ဖခင်တို့… ယခု သင်တို့ရှေ့တွင်ပြောဆိုမည့် ကျွန်ုပ်၏ချေပချက်ကို နားထောင်ကြပါ” ဟု အစချီသော်
ထိုသူတို့တွင် ယောသပ်အမည်ရှိသူတစ်ယောက် ရှိ၏။ တမန်တော်များက သူ့အား ဗာနဗဟု ခေါ်ကြ၏။ ထိုအမည်မှာ “နှစ်သိမ့်ခြင်း၏သား” ဟူ၍ အဓိပ္ပာယ်ရ၏။ ထိုသူသည် လေဝိမျိုးနွယ်တစ်ဦးဖြစ်၍ ဆိုက်ပရပ်ကျွန်းသားလည်းဖြစ်၏။
သတေဖန်က “ညီအစ်ကိုတို့နှင့် ဖခင်တို့… နားထောင်ကြလော့။ ကျွန်ုပ်တို့၏အဖ အာဗြဟံသည် ခါရန်မြို့တွင် မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးသောဘုရားသခင်သည် သူ့ထံ ပေါ်လာတော်မူ၍
နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။
ပရောဖက်ပြုဟောပြောသောသူကမူ လူတို့အား ဆောက်တည်စရာစကား၊ အားပေးစကား၊ နှစ်သိမ့်စကားတို့ကို ဟောပြော၏။
ထိုအစ္စရေးလူမျိုးတို့၏ စိတ်နှလုံးသည် မာကျောလျက်ရှိခဲ့၏။ ယနေ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ ထိုပဝါသည် သူတို့၏ စိတ်နှလုံးကို ဖုံးအုပ်လျက်ရှိ၏။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ထိုပဝါကို ဖယ်ရှားနိုင်၏။
ကျွန်ုပ်တို့သည် မှားယွင်းခြင်း၊ မကောင်းသော စိတ်သဘောထားရှိခြင်း၊ လိမ်လည်လှည့်ဖြားလိုခြင်းတို့အပေါ် အခြေခံ၍ တိုက်တွန်းဟောပြောကြသည်မဟုတ်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ အကျဉ်းချုံး ရေးလိုက်ခြင်းသာ ဖြစ်၍ ကျွန်ုပ်၏ အားပေးတိုက်တွန်းစကားကို နားထောင်ကြရန် ကျွန်ုပ်တိုက်တွန်းနိုးဆော်ပါ၏။