ထို့နောက် ဗာနဗနှင့် ရှောလုသည် ဆောင်ရွက်စရာအမှုများကို အပြီးသတ်ပြီးလျှင် ယောဟန်မာကုကို မိမိတို့နှင့်တကွ ခေါ်ခဲ့၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။
တမန်တော်ဝတ္ထု 12:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ သိလျှင်သိချင်း ယောဟန်မာကု၏မိခင်ဖြစ်သူ မာရိအိမ်သို့ သွားလေ၏။ ထိုနေရာတွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။ Common Language Bible ဤသို့သိရှိလာသောအခါ သူသည်ယောဟန် မာကု၏အမိမာရိ၏အိမ်သို့သွား၏။ ထို အိမ်တွင်လူအမြောက်အမြားစုဝေး၍ဆု တောင်းပတ္ထနာပြုလျက်နေကြ၏။- Garrad Bible အ များ တို့ စည်း ဝေး တောင်း လျှောက် နေ ရာ မာ ကု ခေါ် ယော ဟန်၏ အ မိ မာ ရိ အိမ် သို့ သွား လေ၏။ Judson Bible လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည်သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏အိမ်သို့ရောက်၍၊- မြန်မာ့စံမီသမ္မာကျမ်း သူသည် ဤသို့သိရှိပြီးနောက် မာကုဟုခေါ်သောယောဟန်၏မိခင်မာရိအိမ်သို့သွားလေ၏။ ထိုအိမ်တွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။ |
ထို့နောက် ဗာနဗနှင့် ရှောလုသည် ဆောင်ရွက်စရာအမှုများကို အပြီးသတ်ပြီးလျှင် ယောဟန်မာကုကို မိမိတို့နှင့်တကွ ခေါ်ခဲ့၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။
ထိုသို့ ပေတရုသည် ထောင်ထဲတွင်ရှိနေစဉ် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားပြင်းပြစွာ ဆုတောင်းလေ၏။
ထို့နောက် ပေါလုနှင့် အပေါင်းအပါတို့သည် ပါဖုမြို့မှရွက်လွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ ရောက်လာကြ၏။ သို့သော် ယောဟန်မာကုသည် သူတို့ထံမှထွက်ခွာ၍ ဂျေရုဆလင်မြို့သို့ ပြန်လေ၏။
ရှာလမိမြို့သို့ ရောက်သောအခါ ဂျူးဝတ်ပြုဆောင်များတွင် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်မာကုသည်လည်း သူတို့၏လက်ထောက်အဖြစ် ပါရှိလေ၏။
ပေါလုနှင့်သိလတို့သည် ထောင်မှထွက်လာပြီးနောက် လုဒိအိမ်သို့ သွားကြ၏။ ထိုနေရာတွင် ယုံကြည်သူများကို တွေ့မြင်သဖြင့် အားပေးတိုက်တွန်းပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြ၏။
ပေတရုနှင့်ယောဟန်တို့သည် လွတ်လာပြီးနောက် အခြားယုံကြည်သူများထံသို့ သွား၍ မိမိတို့အား ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့ပြောခဲ့သမျှတို့ကို ပြန်ပြောပြကြ၏။
ကျွန်ုပ်နှင့်အတူ အကျဉ်းချခံရသော အာရိတ္တာခုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဗာနဗ၏ညီဝမ်းကွဲ မာကုတို့သည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့ ရောက်လာလျှင် ညွှန်ကြားထားသည့်အတိုင်း သူ့ကို ကြိုဆိုကြလော့။
လုကာတစ်ဦးတည်းသာ ကျွန်ုပ်နှင့်အတူရှိ၏။ မာကုကို သင်နှင့်အတူ ခေါ်ခဲ့လော့။ အမှုတော်ဆောင်ရွက်ရာတွင် သူသည် ကျွန်ုပ်အတွက် အသုံးဝင်သူဖြစ်၏။
ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည်လည်း သင့်ကို နှုတ်ဆက်လိုက်ပါ၏။
သင်တို့နှင့်အတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိ အသင်းတော်နှင့် ကျွန်ုပ်သား မာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်၏။