တမန်တော်ဝတ္ထု 12:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထိုအခါ ပေတရုသည် သတိဝင်လာ၍ “သခင်ဘုရားသည် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်း၏လက်မှလည်းကောင်း၊ ဂျူးတို့၏အကြံအစည်မှလည်းကောင်း ငါ့ကို ကယ်တင်တော်မူကြောင်း ယခုငါအမှန်တကယ်သိရပြီ” ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ပေတရုသည်ပြန်၍သတိရလာသောအခါ ``သခင်ဘုရားသည်မိမိ၏ကောင်းကင်တမန် ကိုစေလွှတ်၍ ငါ့ကိုဟေရုဒ်၏လက်မှလည်း ကောင်း၊ ယုဒအမျိုးသားတို့ငါ့အားသက်ရောက် စေရန် မျှော်လင့်သမျှသောဘေးမှလည်းကောင်း ကယ်ဆယ်တော်မူသည်ကိုယခုငါသိပြီ'' ဟု ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible11 သ တိ ရ သော် ပေ တ ရု က ထာ ဝ ရ ဘု ရား သည် ကိုယ် တော့် စေ တ မန် တော် ကို လွှတ်၍ ဟေ ရုဒ် မင်း လက် မှ လည်း ကောင်း၊ ယု ဒ လူ မျိုး တို့ မျှော် လင့် သ မျှ သော ဘေး မှလည်း ကောင်း၊ ငါ့ ကို ကယ် နုတ် တော် မူ ကြောင်း ယ ခု မု ချ သိ ရ ပြီ ဟု အောက် မေ့ လျက် နား လည် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible11 ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်းလက်မှလည်းကောင်း၊ ယုဒလူတို့၏ မျှော်လင့်ခြင်းမှလည်းကောင်း၊ ငါ့ကိုကယ်နုတ်တော်မူသည်ကို ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ထိုအခါ ပေတရုသည် သတိပြန်ဝင်လာ၍ “သခင်ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်ပြီး ဟေရုဒ်မင်း၏လက်မှလည်းကောင်း၊ ဂျူးလူမျိုးတို့မျှော်မှန်းထားသောအရာအားလုံးမှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူသည်ကို ယခု ငါအမှန်သိပြီ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |