ထိုနည်းတူပင် ငွေနှစ်ပိဿာ ရသောသူသည်လည်း အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် နှစ်ပိဿာကို အမြတ်ရ၏။
တမန်တော်ဝတ္ထု 11:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်များက မိမိတို့ တတ်နိုင်သည့်အတိုင်း ယုဒပြည်တွင်နေထိုင်သော ယုံကြည်သူများအား ထောက်ပံ့ငွေပေးပို့ရန် ဆုံးဖြတ်ကြ၏။ Common Language Bible တပည့်တော်တို့သည်အသီးသီးတတ်နိုင်သမျှ အတိုင်း ယုဒပြည်ရှိညီအစ်ကိုများအားကူညီ ထောက်ပံ့ရန်ဆုံးဖြတ်ကြ၏။- Garrad Bible သို့ ဖြစ်၍ တ ပည့် တော် တို့ သည် ယု ဒ ပြည် ရှိ ညီ အစ် ကို တို့ ထံ အ သီး အ သီး တတ် အား သ ရွေ့ အ ထောက် အ ပံ့ ပို့ ရန် ပြ ဋ္ဌာန်း ပြီး လျှင်၊ Judson Bible ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကိုတို့အား အကူအမ ပေးလိုက်မည်ဟု၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် အသီးသီးတတ်နိုင်သည့်အတိုင်း ယုဒပြည်၌နေထိုင်ကြသော ညီအစ်ကိုတို့အား အထောက်အပံ့ပို့ပေးရန် ဆုံးဖြတ်ကြ၏။ |
ထိုနည်းတူပင် ငွေနှစ်ပိဿာ ရသောသူသည်လည်း အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် နှစ်ပိဿာကို အမြတ်ရ၏။
လူမျိုးခြားများသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြောင်း ယုဒပြည်တစ်ဝန်းရှိ တမန်တော်များနှင့် ယုံကြည်သူများကြားသိကြ၏။
ရှောလုကို တွေ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်ဆောင်လာ၏။ ထိုမြို့၌ တစ်နှစ်ပတ်လုံး အသင်းတော်နှင့်တွေ့ဆုံစည်းဝေး၍ လူများစွာကို သွန်သင်ပေးလေ၏။ တပည့်တော်များသည် ခရစ်ယာန်ဟု အန္တိအုတ်မြို့တွင် ပထမဦးဆုံးခေါ်ဝေါ်ခြင်း ခံကြရ၏။
တပည့်တော်များသည်လည်း ဝမ်းမြောက်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်ရှိကြ၏။
တပည့်တော်တို့ ဝန်းရံထားကြစဉ် ပေါလုသည် ထ၍ မြို့ထဲသို့ ဝင်လေ၏။ နောက်တစ်နေ့တွင် ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ထွက်သွားလေ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ယခုနှစ်ပေါင်းများစွာကြာပြီးနောက် အကျွန်ုပ်သည် မိမိလူမျိုးထဲမှ ဆင်းရဲနွမ်းပါးသောသူတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ဘုရားသခင်အား ပူဇော်စရာများလှူဒါန်းရန် ဂျေရုဆလင်မြို့သို့ ပြန်လာပါ၏။
ထိုသူတို့တွင် ဆင်းရဲချို့တဲ့သောသူ တစ်ယောက်မျှမရှိ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်အိမ်ခြံမြေများပိုင်ဆိုင်သောသူတို့သည် ပိုင်ဆိုင်သောအရာများကို ရောင်းပြီးလျှင် ရသောငွေများကို ယူဆောင်လာ၍
ထိုနေ့ရက်များ၌ ယုံကြည်သူများအရေအတွက်တိုးလာ၏။ ထိုအခါ ဂရိစကားပြောသောဂျူးတို့က မိမိတို့၏မုဆိုးမများသည် နေ့စဉ်ဝေသောအစားအစာများကို မရကြောင်း ဟေဗြဲစကားပြောသောဂျူးတို့အား အပြစ်တင်ကြ၏။
အစာစားသဖြင့် ခွန်အားပြန်လည် ပြည့်လေ၏။ ရှောလုသည် ဒမတ်စကပ်မြို့မှ တပည့်တော်များနှင့် ရက်အနည်းငယ် နေထိုင်လေ၏။
သို့သော် ရှောလု၏တပည့်များက ညအချိန်၌ သူ့ကို ခြင်းတောင်းတစ်ခုတွင်ထည့်ကာ မြို့ရိုးမှ လျှောချကြ၏။
မရိုင်းစိုင်းတတ်။ ကိုယ်ကျိုးကို မရှာတတ်။ ဒေါသမထွက်တတ်။ သူတစ်ပါး၏ အပြစ်ကို မှတ်မထားတတ်။
သူတို့၏ တစ်ခုတည်းသော အကြံပြုချက်မှာ ဆင်းရဲသားတို့အား ဆက်၍ သတိရ ကူညီရန် ဖြစ်၏။ ဤအရာသည် ကျွန်ုပ်လုပ်ဆောင်ရန် စိတ်အားထက်သန်နေခဲ့သောအရာ ဖြစ်၏။