မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နှင့် ယေရှုအား သစ္စာဖောက်သောယုဒရှကာရုတ်တို့ ဖြစ်ကြ၏။
တမန်တော်ဝတ္ထု 1:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုဒသည် ငါတို့အဖွဲ့ဝင်ဖြစ်၍ ဤသာသနာလုပ်ငန်းအတွက် ခန့်အပ်ခံရသူလည်း ဖြစ်၏။ Common Language Bible ယုဒသည်အမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရသူဖြစ်၍ ငါတို့လူစုတွင် အပါအဝင်ဖြစ်ခဲ့၏။'' Garrad Bible ထို သူ သည် ငါ တို့ တွင် ပါ ဝင်၍ အ မှု တော် ဆောင် အ ဖြစ် ခံ ခဲ့ ရ သည် မှန် သော် လည်း၊ Judson Bible ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ၏အရာကို ခံရပြီ။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ယုဒသည် ငါတို့ထဲ၌ထည့်သွင်းရေတွက်ခြင်းခံရပြီး ဤအမှုတော်လုပ်ငန်းတွင် ပါဝင်ခွင့်ကိုရရှိခဲ့၏။ |
မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နှင့် ယေရှုအား သစ္စာဖောက်သောယုဒရှကာရုတ်တို့ ဖြစ်ကြ၏။
ထိုသို့မိန့်တော်မူနေစဉ် လူတစ်စုရောက်လာ၏။ တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သည့် ယုဒသည် ထိုလူစုကို ဦးဆောင်၍ ခေါ်လာ၏။ သူသည် ယေရှုကို အနမ်းဖြင့် နှုတ်ဆက်ရန် ချဉ်းကပ်လေ၏။
အကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူရှိစဉ် အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ပါ၏။ ထိုသူတို့တွင် ပျက်စီးထိုက်သူတစ်ဦးမှလွဲ၍ အခြားမည်သူမျှ မပျက်စီးစေရန်လည်း ကျွန်ုပ်စောင့်ရှောက်ခဲ့ပါ၏။ ထိုသူ ပျက်စီးခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပျက်လာရန်ဖြစ်၏။
ထို့နောက် ဗာနဗနှင့် ရှောလုသည် ဆောင်ရွက်စရာအမှုများကို အပြီးသတ်ပြီးလျှင် ယောဟန်မာကုကို မိမိတို့နှင့်တကွ ခေါ်ခဲ့၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
ပေါလုသည် သူတို့အား နှုတ်ဆက်ပြီးနောက် မိမိလုပ်ဆောင်သောအမှုတော်အားဖြင့် လူမျိုးခြားတို့အပေါ်၌ ဘုရားသခင်ပြုတော်မူသော အမှုတို့ကို တစ်ခုချင်းပြောပြလေ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကရုဏာတော်ကို ခံစားရသည်နှင့်အညီ ဤအမှုတော်ကို ဆောင်ရွက်ရသောကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြပေ။
ဤအရာအားလုံးသည် ဘုရားသခင်ပြုသောအမှုဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူပြီးလျှင် အခြားသူတို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေရန်အတွက် ဆောင်ရွက်ရမည့်တာဝန်ကိုလည်း ကျွန်ုပ်တို့အား ပေးတော်မူ၏။