ထိုသို့ လူထုအား ဟောပြောနေစဉ် မယ်တော်နှင့် ညီတော်တို့သည် ယေရှုကို စကားပြောလို၍ အပြင်တွင် ရပ်စောင့်လျက်နေကြ၏။
တမန်တော်ဝတ္ထု 1:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့အားလုံးသည် မယ်တော်မာရိအပါအဝင် အမျိုးသမီးတစ်စု၊ ယေရှု၏ညီတော်များနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် အဆက်မပြတ်ဆုတောင်းလျက် နေကြ၏။ Common Language Bible သူတို့သည်သခင်ယေရှုနှင့်မယ်တော်ဖြစ်သူ မာရိအပါအဝင်အမျိုးသမီးအချို့တို့ နှင့်လည်းကောင်း၊ ကိုယ်တော်၏ညီတော်များနှင့် လည်းကောင်း မကြာခဏတွေ့ဆုံ၍ဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။ Garrad Bible ထို သူ အ ပေါင်း တို့ သည် တ ပည့် တော် မ များ၊ ယေ ရှု၏ မယ် တော် မာ ရိ၊ ညီ တော် များ တို့ နှင့် အ တူ တ ညီ တ ညွတ် တည်း အ မြဲ ပ ဌ နာ ပြု လျက် နေ ကြ ၏။ Judson Bible ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်လည်းကောင်း၊ ညီတော်တို့နှင့်လည်းကောင်း၊ တညီတညွတ်တည်း ကြိုးစား၍ ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့အားလုံးသည် အမျိုးသမီးများနှင့် ယေရှု၏မယ်တော်မာရိမှစ၍ ကိုယ်တော်၏ညီတော်များနှင့်အတူ တစ်စိတ်တစ်သဘောတည်းဖြင့် ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုနေကြ၏။ |
ထိုသို့ လူထုအား ဟောပြောနေစဉ် မယ်တော်နှင့် ညီတော်တို့သည် ယေရှုကို စကားပြောလို၍ အပြင်တွင် ရပ်စောင့်လျက်နေကြ၏။
သင်တို့သည် မည်သည့်အရာကိုမဆို ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုကို အလုပ်အကျွေးပြုရန် ဂါလိလဲပြည်မှ အတူပါလာကြသည့် အမျိုးသမီးများစွာတို့သည်လည်း အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။
အမျိုးသမီးတချို့သည် အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်အငယ်နှင့် ယောသေတို့၏ မိခင်ဖြစ်သော မာရိနှင့် ရှာလုံတို့ ပါကြ၏။
ဥပုသ်နေ့လွန်သောအခါ မာဂဒလမာရိ၊ ရှာလုံနှင့် ယာကုပ်မိခင်မာရိတို့သည် ယေရှု၏ အလောင်းတော်ကို လိမ်းရန် အမွှေးနံ့သာများကို ဝယ်ယူကြ၏။
သင်တို့သည် ဆိုးသောသူဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍ ပေးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုသည် တပည့်တော်တို့အား အားမလျှော့ဘဲ အစဉ်အမြဲ ဆုတောင်းသင့်ကြောင်းကို ပုံဥပမာတစ်ခုဖြင့် မိန့်တော်မူ၏။
ဂါလိလဲပြည်မှ နောက်တော်သို့ လိုက်ခဲ့ကြသောအမျိုးသမီးများမှစ၍ ယေရှု၏အသိမိတ်ဆွေအပေါင်းတို့သည် ဤအရာများကို အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။
ဂါလိလဲပြည်မှ ယေရှုနှင့်အတူ ရောက်လာကြသောအမျိုးသမီးများက ယောသပ်နောက်သို့လိုက်သဖြင့် သင်္ချိုင်းဂူနှင့် အလောင်းတော်အား မည်ကဲ့သို့ထားသည်ကို တွေ့မြင်ကြရ၏။
ဤအကြောင်းအရာများကို တမန်တော်တို့အား ပြောပြကြသောသူများမှာ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင်ဖြစ်သော မာရိနှင့် အခြားသောအမျိုးသမီးများ ဖြစ်ကြ၏။
သူတို့သည် ချက်ချင်းထ၍ ဂျေရုဆလင်မြို့သို့ ပြန်ကြလေ၏။ ထိုအခါ တပည့်တော်ဆယ့်တစ်ပါးနှင့် သူတို့၏အပေါင်းအပါများ စုရုံးလျက်ရှိနေသည်ကို တွေ့ကြ၏။
ထို့နောက် ဗိမာန်တော်ထဲတွင် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်နေကြ၏။ ရှင်လုကာခရစ်ဝင်ကျမ်း ပြီးပါပြီ။
လူတစ်ဦးက ကိုယ်တော်အား “သခင်၏မယ်တော်နှင့် ညီတော်တို့သည် သခင့်အား တွေ့မြင်လို၍ အပြင်တွင် ရပ်နေကြ၏” ဟု လျှောက်လေ၏။
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ယုံကြည်သူအပေါင်းတို့သည် တစ်နေရာတည်းတွင် အတူတကွ စုဝေးနေကြ၏။
ထိုယုံကြည်သူများသည် တမန်တော်တို့၏ သွန်သင်မှုကိုခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အမြဲဆောင်ရွက်ကြ၏။
ထိုသူတို့သည် နေ့စဉ် ဗိမာန်တော်၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ၌ မုန့်ကိုဖဲ့ခြင်း၊ ဝမ်းမြောက်သောစိတ်နှင့် ရက်ရောသောစိတ်တို့ဖြင့် မိမိတို့၏အစာကို စားသုံးကြခြင်း စသည်တို့ကိုပြုလုပ်ကြ၏။
ကျွန်ုပ်တို့သည် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တရားတော်ဟောပြောခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြမည်” ဟု ပြောလေ၏။
မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ၌ သည်းခံ၍ မပျက်မကွက်ဆုတောင်းကြလော့။
ထို့ကြောင့် အခြားဘာသာစကားကို ပြောဆိုသောသူသည် မိမိပြောသောစကားတို့ကို အနက်ပြန်နိုင်ရန်အတွက်လည်း ဆုတောင်းသင့်၏။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။