မိမိထံသို့ နာသနေလချဉ်းကပ်လာသည်ကို မြင်တော်မူသောအခါ ယေရှုက “ရိုးသားလှသော အစ္စရေးအမျိုးသားစစ်စစ်ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
ဂလာတိ 6:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအခြေခံသဘောတရားကို လက်ခံကျင့်သုံးသောသူတို့အပေါ်သို့ ဘုရားသခင်ထံတော်မှလာသော ငြိမ်းချမ်းခြင်းနှင့် ကရုဏာတော် သက်ရောက်ပါစေသော။ ထိုသူတို့မှာ ဘုရားသခင်၏ လူမျိုးတော်အစ္စရေးလူမျိုးများ ဖြစ်ကြ၏။ Common Language Bible ဤသဘောတရားကိုလိုက်နာသူအပေါင်းတို့ အပေါ်သို့လည်းကောင်း၊ ဘုရားသခင်၏လူစု တော်အပေါင်းတို့အပေါ်သို့လည်းကောင်း ငြိမ် သက်ခြင်းနှင့်ကရုဏာတော်သက်ရောက်ပါ စေသော။ Garrad Bible ဘု ရား သ ခင်၌ ဣ သ ရေ လ လူ မျိုး ဖြစ် သူ ဤ နည်း လမ်း အ တိုင်း လျောက် လိုက် သ မျှ သော သူ တို့ အ ပေါ်၌ ငြိမ် သက် ခြင်း နှင့် က ရု ဏာ တော် သည် တည် ရှိ ပါ စေ သော်။ Judson Bible ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့ အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏ ဣသရေလအမျိုး အပေါ်၌လည်းကောင်း၊ ငြိမ်သက်ခြင်းနှင့် သနားတော်မူခြင်း သက်ရောက်ပါစေသော။- မြန်မာ့စံမီသမ္မာကျမ်း ဤနည်းဥပဒေသအတိုင်း လိုက်လျှောက်သူရှိသမျှတို့အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏အစ္စရေးအမျိုးတို့အပေါ်၌လည်းကောင်း ငြိမ်သက်ခြင်းနှင့်ကရုဏာတော် သက်ရောက်ပါစေသော။ |
မိမိထံသို့ နာသနေလချဉ်းကပ်လာသည်ကို မြင်တော်မူသောအခါ ယေရှုက “ရိုးသားလှသော အစ္စရေးအမျိုးသားစစ်စစ်ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ထို့ပြင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတို့အတွက်လည်း အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။ သို့သော် အာဗြဟံအရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီက ရှိခဲ့သောယုံကြည်ခြင်းမျိုးသည် ထိုသူတို့၌ ရှိရမည်ဖြစ်၏။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
သင်တို့သည် ခရစ်တော်နှင့် သက်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ဘုရားသခင်ကတိပြုတော်မူသည့်အတိုင်း အမွေခံများဖြစ်ကြ၏။
ဝိညာဉ်တော်လမ်းညွှန်မှုအတိုင်း ပြုမူနေထိုင်ကြရန် သင်တို့အား ကျွန်ုပ်ပြောလို၏။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့သည် လူ့ဗီဇစိတ်အလိုကို မလိုက်ဘဲ နေကြလိမ့်မည်။
ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို အသက်ရှင်စေသည်ဖြစ်လျှင် ဝိညာဉ်တော်လမ်းညွှန်မှုအတိုင်း အသက်ရှင်ကြစို့။
ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့သည် ညီအစ်ကိုမောင်နှမတို့အပေါ် သက်ရောက်ပါစေသော။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် မိမိတို့ ရောက်ရှိနေသည့်အခြေအနေနှင့်အညီ သင့်လျော်စွာ နေထိုင်ကြပါစို့။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
ထိုသို့ပြုလျှင် လူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်သော ဘုရားသခင်၏ ငြိမ်းချမ်းခြင်းက သင်တို့သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် သင်တို့၏ စိတ်နှလုံးနှင့် အကြံအစည်တို့ကို ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။
ဘုရားသခင်၏ ကရုဏာတော်၊ ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းမေတ္တာကို သင်တို့အပေါ် ကြွယ်ဝစွာ သက်ရောက်ပါစေသော။