အရေပြားလှီးခြင်းမင်္ဂလာကိုမခံယူသော လူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးပါက သူတို့၏ အရေပြားမလှီးခြင်းကို အရေပြားလှီးခြင်းအဖြစ် ဘုရားသခင်မှတ်ယူတော်မူမည်မဟုတ်လော။
ဂလာတိ 6:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ အသစ်ဖန်ဆင်းခံရခြင်း ဖြစ်၏။ Common Language Bible လူတစ်စုံတစ်ယောက်သည်အရေဖျားလှီးမင်္ဂ လာခံသည်မခံသည်မှာ အရေးမကြီးပေ။ သတ္တဝါ သစ်ဖြစ်ခြင်းသာလျှင်အရေးကြီး၏။- Garrad Bible လှီး ဖြတ် ခြင်း မင်္ဂ လာ ရှိ မ ရှိ ပ ဌာ န မ ဟုတ် လူ သစ် ဖြစ် ခြင် သာ ပ ဌာ န ဖြစ်၏။ Judson Bible အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ ပဓာနမဟုတ်။ အသစ်ဖန်ဆင်းခံရခြင်းသာ ပဓာနဖြစ်၏။ |
အရေပြားလှီးခြင်းမင်္ဂလာကိုမခံယူသော လူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးပါက သူတို့၏ အရေပြားမလှီးခြင်းကို အရေပြားလှီးခြင်းအဖြစ် ဘုရားသခင်မှတ်ယူတော်မူမည်မဟုတ်လော။
အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးမိဘများမှ မွေးဖွားရုံနှင့် ဂျူးလူမျိုးအစစ်ဖြစ်သည်မဟုတ်သောကြောင့်ပင်။ အပြင်ပန်းလက္ခဏာအားဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ကျင့်ထုံးနှင့်အညီ ခံယူထားရုံနှင့်လည်း အရေပြားလှီးခြင်း အစစ်ဖြစ်သည်မဟုတ်။
ထိုသို့ ကျွန်ုပ်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ခရစ်တော်နှင့်အတူ အသေခံ၍ သင်္ဂြိုဟ်ခံခဲ့ကြ၏။ ဤသို့ပြုရသည်မှာ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘဝသစ်၌ အသက်ရှင်နေထိုင်နိုင်ရန်ဖြစ်၏။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ မခံယူဘဲနေသည်ဖြစ်စေ ထိုအရာသည် အဓိကမကျ။ ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာဆောင်ရွက်ခြင်းသည်သာ အဓိကကျ၏။
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။
စည်းမျဉ်းဥပဒေများ ပါဝင်သည့် ဂျူးလူမျိုးတို့၏ ပညတ်တရားစနစ်တစ်ခုလုံးကို မိမိအသွေးအသားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသို့ပြုခြင်းမှာ ထိုလူမျိုးနှစ်မျိုးစလုံးကို မိမိနှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် လူမျိုးသစ် ဖန်ဆင်း၍ ငြိမ်းချမ်းစေရန် ဖြစ်၏။
ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည့်လူသစ်ကဲ့သို့ ဖြစ်၍ စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းတို့ဖြင့် နေထိုင်ကြလော့။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
ရာဇပလ္လင်တော်ပေါ်၌ ထိုင်တော်မူသောအရှင်က “ငါသည် အရာအားလုံးကို အသစ်ဖြစ်စေ၏” ဟု မိန့်တော်မူပြီးနောက် “ဤစကားတို့သည် သစ္စာစကား၊ မှန်သောစကားဖြစ်သောကြောင့် ရေးထားလော့” ဟူ၍လည်း မိန့်တော်မူ၏။