သို့သော်လည်း အာနနိက “သခင်ဘုရား… ထိုသူသည် ဂျေရုဆလင်မြို့တွင် ယုံကြည်သောသူတို့အား မည်မျှဆိုးရွားစွာပြုခဲ့ကြောင်းကို လူအများထံမှ အကျွန်ုပ်ကြားသိရပါပြီ။
ကောလောသဲ 1:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာလိုက်သော ကောလောသဲမြို့သား ယုံကြည်သူများထံသို့ ပို့လိုက်သောစာ ဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ Common Language Bible ကောလောသဲမြို့ရှိဘုရားသခင်၏လူစုတော် ဝင်များဖြစ်သူ၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ခရစ်တော်ကိုသစ္စာရှိသူညီ အစ်ကိုများထံသို့စာရေးလိုက်ပါသည်။ သင် တို့သည်ငါတို့အဖဘုရားသခင်ထံတော် မှကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ကြရပါစေသော။ Garrad Bible ကော လော သဲ မြို့ ရှိ သီး သန့် ထား တော် မူ သူ၊ ခ ရစ် တော်၌ သ စ္စာ ရှိ သော ညီ အစ် ကို တို့ ထံ ရေး လိုက် သည် မှာ ငါ တို့ အ ဘ ဘု ရား သ ခင့် အ ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။ Judson Bible ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း ကောလောသဲမြို့တွင်နေကြသည့် သန့်ရှင်းသူများတည်းဟူသော ခရစ်တော်၌ရှိသောသစ္စာရှိသည့်ညီအစ်ကိုများထံသို့ စာရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ |
သို့သော်လည်း အာနနိက “သခင်ဘုရား… ထိုသူသည် ဂျေရုဆလင်မြို့တွင် ယုံကြည်သောသူတို့အား မည်မျှဆိုးရွားစွာပြုခဲ့ကြောင်းကို လူအများထံမှ အကျွန်ုပ်ကြားသိရပါပြီ။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
ထိုအကြောင်းကြောင့် သခင်ဘုရားအပေါ် သစ္စာရှိသော ကျွန်ုပ်၏ချစ်သား တိမောသေကို သင်တို့ထံ စေလွှတ်ရခြင်းဖြစ်၏။ သူသည် ကျွန်ုပ် ရောက်ခဲ့သောအသင်းတော်တိုင်းတွင် သွန်သင်ခဲ့သည့်အတိုင်း ကျွန်ုပ်မည်သို့ ယေရှုခရစ်တော်နောက် လိုက်နေကြောင်းကို သင်တို့အား သတိရစေလိမ့်မည်။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
သို့ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသူတို့သည် ယုံကြည်သောအာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာကို ခံစားကြရ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော် ဖြစ်သော ကျွန်ုပ်ပေါလုသည် ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာ လိုက်သော ဧဖက်မြို့သား ယုံကြည်သူများထံသို့ စာရေးလိုက်ပါ၏။
သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သော အစေခံ ဖြစ်သူ၊ ကျွန်ုပ်၏ ချစ်ခင်ရသောညီ တုခိတ်က ကျွန်ုပ် မည်သို့ ဖြစ်ပြီး မည်သည့်အရာများ လုပ်ဆောင်နေသည်ကို သင်တို့ သိနိုင်ရန် သင်တို့ကို အရာအားလုံး ပြောပြလိမ့်မည်။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။
ဘုရားသခင်နှင့် ကျွန်ုပ်တို့၏သခင် ယေရှုကို သိကျွမ်းခြင်းအားဖြင့် ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် ကြွယ်ဝစွာ သက်ရောက်ပါစေသော။
ဘုရားသခင်၏ ကရုဏာတော်၊ ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းမေတ္တာကို သင်တို့အပေါ် ကြွယ်ဝစွာ သက်ရောက်ပါစေသော။
ကျွန်ုပ်ယောဟန်သည် အာရှပြည်၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် ဘုရားသခင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ရှိသောဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊