ငါ ဆို သည် ကား ရန် သူ တို့ ကို ချစ် ကြ လော့။ ညှဉ်း ပန်း သူ တို့ အ ဖို့ မေ တ္တာ ပို့ ကြ လော့။
ကြား နာ သော သင် တို့ အား၊ ငါ ဆို ပြန် သည် ကား ရန် သူ တို့ ကို ချစ် ခြင်း၊ မုန်း ထား သူ တို့ ကို အ ကောင်း ဆပ် ခြင်း၊ ကျိန် ဆဲ သူ တို့ ကို ကောင်း ကြီး ပေး ခြင်း၊
ရန် ညှိုး ဖွဲ့ သူ တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း များ ကို ပြု ကြ လော့။
သင်၏ ရန် သူ သည် ဆာ မွတ် လျှင် ကျွေး မွေး လော့။ ငတ် လျှင် လည်း တိုက် လော့။ ထို သို့ ပြု ခြင်း အား ဖြင့် သူ့ ဦး ခေါင်း ပေါ် မှာ မီး ကျီး ပုံ သ ကဲ့ သို့ ဖြစ် စေ လိမ့် မည်။
သင် တို့ သည် သူ တစ် ထူး တို့ လွန် ကျူး မှု များ ကို ဖြေ လွှတ် ကြ လျှင် ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ လည်း သင် တို့ အ ပေါ် တွင် ဖြေ လွှတ် တော် မူ လိမ့် မည်။
သူ တစ် ထူး တို့ ကျူး လွန် မှု များ ကို မ ဖြေ လွှတ် ကြ လျှင် မူ ကား၊ သင် တို့ ကျူး လွန် မှု များ ကို သင် တို့ အ ဘ ဖြေ လွှတ် တော် မူ မည် မ ဟုတ်။
တစ် ဦး ကို တစ် ဦး ထောက် ထား ညှာ တာ လျက် သင် တို့ ကို ခ ရစ် တော်၌ ဘု ရား သ ခင် ချမ်း သာ ပေး တော် မူ သည့် နည်း တူ အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။
မည် သူ့ အ ပေါ် တွင် မ ဆို အ ပြစ် တင် ရန် ရှိ လျှင် သင် တို့ ကို အ ရှင် ဘု ရား ချမ်း သာ ပေး တော် မူ သည့် နည်း တူ တစ် ဦး ကို တစ် ဦး သည်း ခံ လျက် အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။
ယေ ရှု က အို အ ဘ၊ သူ တို့ ကို ချမ်း သာ ပေး တော် မူ ပါ။ ကိုယ် ပြု သော အ မှု ကို မ သိ ကြ ပါ ဟု မြွက် ဆို တော် မူ၏။ အ ဝတ် တော် များ ကို လည်း မဲ ချ၍ ခွဲ ဝေ ကောက် ယူ ကြ သ တည်း။
ထို အ ခါ ပေ တ ရု သည် ချဉ်း ကပ် လျက် အ ရှင် ဘု ရား ညီ အစ် ကို ချင်း သည် တ ပည့် တော် ကို ပြစ် မှား၍ တ ပည့် တော် ဖြေ လွတ် ရ မည် မှာ ဘယ် နှစ် ကြိမ် ပါ နည်း။ ခု နစ် ကြိမ် တိုင် လော ဟု မေး လျှောက် သော်၊
ယေ ရှု က ခု နစ် ကြိမ် တိုင် မ ဟုတ်၊ အ ကြိမ် ခု နစ် ဆယ် ခု နစ် လီ တိုင် ဖြေ လွတ် ရ မည် ဟု ငါ ဆို၏။
အ ဆိုး အ တွက် အ ဆိုး ကို မ တုံ့ မ ပြန် ဘဲ လူ ခပ် သိမ်း တို့ ရှေ့ သင့် လျော် စွာ ပြု မူ ကြံ စည် ကြ လော့။
ကိုယ့် တာ ဝန် အ တိုင်း လူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ကြ လော့။
တုံ့ ပြန်၍ အ ဆိုး မ ပြု မ ကဲ့ ရဲ့ ဘဲ ကောင်း ကြီး မင်္ဂ လာ ကို အ မွေ ခံ စေ ရန် ခေါ် ထား တော် မူ သူ များ ဖြစ် သော ကြောင့် ကောင်း ကြီး ပေး ကြ လော့။
သင်၏ ရန် သူ လဲ သော အ ခါ၊ မ ရွှင် လန်း နှင့်။ လိမ့် ကျ သော အ ခါ လည်း၊ စိတ် မ သာ ယာ နှင့်။
သင်၏ ရန် သူ သည် ဆာ မွတ် လျှင်၊ ကျွေး မွေး လော့။ ငတ် လျှင် လည်း၊ တိုက် လော့။
ထို သို့ ပြု ခြင်း အား ဖြင့်၊ သူ့ ဦး ခေါင်း ပေါ် မှာ မီး ကျီး ပုံ သ ကဲ့ သို့ ဖြစ် စေ သည့် ပြင်၊ ထာ ဝ ရ ဘု ရား သည်၊ သင့် အား ဆပ် ပေး တော် မူ လိမ့် မည်။
ကြီး မြတ် သော အ ကျိုး ဆက် ခံ ရ ကြ လ တ္တံ့။ သင် တို့ အ ဘ သည် က ရု ဏာ သက် တော် မူ သည့် နည်း တူ သင် တို့ လည်း သက် ကြ လော့။
ဖျန် ဖြေ တတ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဘု ရား သ ခင်၏ သား များ ဟု အ ခေါ် ခံ ရ ကြ လ တ္တံ့။
ခ ရစ် တော် မူ ကား အ ပြစ် သား ဖြစ် လျက် နေ သေး သော ငါ တို့ အ ဖို့ အ သေ ခံ တော် မူ ရာ၌ ငါ တို့ အ ပေါ် တွင် မေ တ္တာ တော် ရှိ ကြောင်း ဘု ရား သ ခင် ထင် ရှား စေ တော် မူ သ တည်း။
ဘု ရား သ ခင် ကို ချစ် သည် ဟု ဆို လျက် ညီ အစ် ကို ချင်း မုန်း သူ သည် မု သာ သုံး သူ ဖြစ်၏။ မြင် ဘူး သော ညီ အစ် ကို ချင်း မ ချစ် သူ သည် မ မြင် ဘူး သော ဘု ရား သ ခင် ကို မ ချစ် နိုင်။
ကိုယ် တော့် ထံ မှ ငါ တို့ ရ ရှိ သော ပ ညတ် တော် မှာ ဘု ရား သ ခင် ကို ချစ် သူ သည် ညီ အစ် ကို ချင်း ကို လည်း ချစ် ရ မည် ဟူ၍ တည်း။
သင် တို့ မူ ကား၊ ရန် သူ တို့ ကို ချစ် ခင် ပြု စု လျက်၊ ပြန် ရ မည် ကို မ မျှော် လင့် ဘဲ ချေး ငှါး ကြ လော့။ ထို သို့ ပြု လျှင် သင် တို့ သည် ကျေး ဇူး ကန်း သူ၊ ဆိုး သွမ်း သူ တို့ အ ပေါ်၌ သ နား တော် မူ သည့် မြင့် မြတ် သော အ ရှင်၏ သား များ မှန် လျက်၊
အချင်းချင်းချစ်ကြလော့ ဟူသောပညတ်တော်သစ်ကို သင်တို့အားငါပေး၏။ ငါသည် သင်တို့ကိုချစ်သည့်နည်းတူပင် သင်တို့လည်းအချင်းချင်းချစ်ကြလော့။
အချင်းချင်းချစ်ကြလျှင် သင်တို့သည်ငါ့တပည့်များဖြစ်ကြောင်း လူခပ်သိမ်းတို့သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
မေတ္တာ သည် စိတ် ရှည် လျက် ကျေး ဇူး ပြု တတ်၏။ မေ တ္တာ သည် ငြူ စူ ခြင်း၊ ထောင် လွှား ခြင်း၊ ဝင့် ဝါ ခြင်း၊
မ သင့် မ လျော် ပြု ကျင့် ခြင်း၊ ကိုယ့် အ ကျိုး ကို ရှာ ခြင်း၊ စိတ် တို ခြင်း၊ နစ် နာ မှု ကို အ ရေး ယူ ခြင်း များ နှင့် ကင်း သည့် ပြင်၊
အ ဓ မ္မ ကြောင့် မ ရွှင် လန်း ဘဲ သ မ္မာ ဓ မ္မ ကြောင့် ရွှင် လန်း၍ အ ရာ ရာ ကို ရပ် ခံ လျက်၊
အ ရာ ရာ ကို ယုံ ကြည် လျက်၊ အ ရာ ရာ ကို မြော် လင့် လျက်၊ အ ရာ ရာ ကို သည်း ခံ လျက် နေ၏။
ထို ကြောင့် ချစ် တော် မူ သော သား သ မီး များ အ ဖြစ် ဘု ရား သ ခင့် ပုံ စံ တော် ကို လိုက် လျက်၊
မည် သည့် အ ရာ ကို အ ရှင် ဘု ရား နှစ် သက် တော် မူ ကြောင်း စံ ချ လျက်၊
အ ကျိုး မဲ့ သော မှောင် မိုက် အ ကျင့် များ နှင့် မ ဆက် ဆံ သည် သာ မ က ၎င်း အ ပြစ် ကို ဖော် ပြ ကြ လော့။
ထို သူ တို့ သည် လျှို့ တ ဝှက် ပြု ကျင့် တတ် သော အ မှု များ ကို ပြော ရုံ မျှ ပင် ရှက် ဖွယ် ဖြစ်၏။
သို့ ရာ တွင် မည် သည့် အ မှု မ ဆို အ ပြစ် ပေါ် သည့် ကာ လ အ လင်း အား ဖြင့် ထင် ရှား၏။ ထင် ရှား စေ သော အ ရာ ခပ် သိမ်း သည် အလင်း ဖြစ်၏။
သို့ နှင့် အ ညီ အိပ် နေ သူ နိုး၍ သူ သေ တို့ အ ထဲ မှ ထ မြောက် လော့။ ခ ရစ် တော် သည် သင့် အ ပေါ် တွင် ထွန်း လင်း တော် မူ လိမ့် မည် ဟု အ ဆို ရှိ၏။
သို့ ဖြစ်၍ မည် သို့ ကျင့် ကြံ ပြု မူ သည် ကို ပ ညာ မဲ့ သူ ကဲ့ သို့ မ ဟုတ်၊ ပ ညာ ရှိ သူ ကဲ့ သို့ သ တိ နှင့် ကြည့် ရှု လျက်၊
ယ ခု ခေတ် ကာ လ ဆိုး သွမ်း သော ကြောင့် အ ခါ အ ခွင့် ကို ဝယ် ယူ ကြ လော့။
ဉာဏ် မ မဲ့ ဘဲ အ ရှင် ဘု ရား၏ အ လို တော် မည် သို့ ဖြစ် ကြောင်း နား လည် ကြ လော့။
ပျော် ကြူး မှု ဖြစ် စေ တတ် သော စ ပျစ် ရည် နှင့် မူး ယစ် ခြင်း မ ရှိ ဘဲ ဝိ ညာဉ် တော် နှင့် ပြည့် ဝ လျက်၊
ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး ရွတ် ခြင်း၊ အ ရှင် ဘု ရား အား စိတ် မ နော တွင် ကျူး ဧ သီ ဆို ခြင်း၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် ကို အ မှီ ပြု၍ အ ဘ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ ရာ ခပ် သိမ်း အ တွက် အ စဉ် ချီး မွမ်း ခြင်း များ ကို ပြု သည့် ပြင်၊
သင် တို့ ကို ချစ်၍ ဘု ရား သ ခင့် စိတ် တော် ပြေ ဖွယ် ရ နံ့၊ ပူ ဇော် ရာ အ လှူ ဝ တ္ထု အ ဖြစ် ငါ တို့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ခ ရစ် တော့် နည်း တူ မေ တ္တာ တ ရား၌ ကျင့် ကြံ ကြ လော့။
လက် စား ချေ ခြင်း သည် ငါ ပိုင် ဖြစ် သည့် အ လျောက် ငါ ဆပ် ပေး မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကျမ်း ချက် ရှိ သ ဖြင့် အို ချစ် သူ တို့၊ ကိုယ် တိုင် လက် စား မ ချေ ဘဲ အ မျက် တော် ဒဏ် ကို ခွင့် ပြု ကြ လော့။
အ နောက် နှင့် အ ရှေ့ ဝေး သည် နှင့် အ မျှ၊ ကျူး လွန် မှု များ ကို ငါ တို့ နှင့် ဝေး စေ တော် မူ ပြီ။
အ ထူး ဆို သော် မေ တ္တာ သည် များ ပြား သော အ ပြစ် ကို ဖုံး အုပ် သည် ဖြစ်၍ အ ချင်း ချင်း မေ တ္တာ သ ဘော ကို တောင့် တ ကြ လော့။
မုန်း ထား ခြင်း သည်၊ ရန် ဖြစ် စေ ရန် မွှေ နှောက် တတ်၏။ ချစ် ခြင်း မေ တ္တာ မူ ကား၊ လွန် ကျူး မှု ရှိ သ မျှ ကို ဖုံး အုပ် တတ်၏။
နစ် နာ စေ ခြင်း၊ စိတ် ဆိုး ခြင်း၊ အ မျက် ထွက် ခြင်း၊ ကျိန် ဆဲ ခြင်း၊ ကုန်း ချော ခြင်း အ မျိုး မျိုး နှင့် ခပ် သိမ်း သော ရန် ညှိုး ဖွဲ့ ခြင်း ကို စွန့် ပယ် ကြ လော့။
တစ် ဦး ကို တစ် ဦး ထောက် ထား ညှာ တာ လျက် သင် တို့ ကို ခ ရစ် တော်၌ ဘု ရား သ ခင် ချမ်း သာ ပေး တော် မူ သည့် နည်း တူ အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။
မျက် စိ အ စား မျက် စိ၊ သွား အ စား သွား ဟူ သော ဆင့် ဆို ချက် ကို သင် တို့ ကြား ကြ ပြီ။
ငါ ဆို သည် ကား လူ ဆိုး ကို မ ခု ခံ နှင့်။ မည် သူ မ ဆို သင်၏ လကျ်ာ ပါး ကို ရိုက် လျှင် လက် ၀ဲ ပါး ကို ခံ ဦး လော့။
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
အ ပြစ် မြီ စား တို့ အ ပေါ် တွင် ကိုယ် တိုင် ဖြေ လွှတ် ကြ သ ကဲ့ သို့ အ ကျွန်ုပ် တို့၏ အ ပြစ် မြီ များ ကို ဖြေ လွှတ် တော် မူ ပါ။
သို့ နှင့် အ ညီ ရော ဂါ ကင်း ပျောက် ရန် တစ် ယောက် ကို တစ် ယောက် အ ပြစ် ဝန် ချ လျက် တစ် ယောက် အ ဖို့ တစ် ယောက် ပ ဌ နာ ပြု ကြ လော။ သူ တော် ကောင်း၏ အ သ နား တော် ခံ ချက် သည် ဒိ ဋ္ဌ ဓ မ္မ အ ကျိုး များ စွာ ဖြစ် ထွန်း စေ တတ်၏။
သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။
မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊
လွန် ကျူး မှု ကို ဝှက် ထား သော သူ သည်၊ မေ တ္တာ ကို ရှာ မှီး ရာ၊ အ ထပ် ထပ် မြွက် သူ ကား၊ မိတ် ဖျက် ရာ ရောက် ၏။
ကိုယ် ကို သ တိ မူ ကြ လော့။ ညီ အစ် ကို ချင်း သည် သင့် ကို ပြစ် မှား မိ လျှင် ဆုံး မ လော့။ နောင် တ ရ လျှင် ဖြေ လွှတ် လော့။
လူ့ သား ပေါ် တော် မူ သည့် နေ့ တွင် ဖြစ် လိမ့် မည်။
ထို နေ့၌ အိမ် မိုး ပေါ် တွင် ရှိ နေ သူ သည် အိမ် တွင်း ရှိ ပ စ္စည်း ကို ယူ ရန် ဆင်း သက် ခြင်း၊ လယ် တွင် ရှိ နေ သူ သည် ပြန် ခြင်း ကို မ ပြု စေ လင့်။
လော တ၏ မ ယား ကို သ တိ ရ ကြ လော့။
ကိုယ့် အ သက် ကို ရ ရန် ရှာ ကြံ သူ တိုင်း အ သက် ရှုံး လိမ့် မည်။ ရှုံး သူ တိုင်း ကား ရ လိမ့် မည်။
ထို ညဉ့်၌ အိပ် ရာ တစ် ခု တွင် လူ နှစ် ဦး ရှိ ရာ တစ် ဦး ကို သိမ်း ယူ၍ တစ် ဦး ကျန် ရစ် လ တ္တံ့။
ကြိတ် ဆုံ ကြိတ် လျက် မိန်း မ နှစ် ဦး ရှိ ရာ တစ် ဦး ကို သိမ်း ယူ၍ တစ် ဦး ကျန် ရစ် လ တ္တံ့ ငါ ဆို သည် ဟု မိန့် တော် မူ၏။
ထို အ ခါ တ ပည့် တော် တို့ က အ ရှင် ဘု ရား၊ မည် သည့် အ ရပ် တွင် ဖြစ် ပါ မည် နည်း ဟု မေး လျှောက် ကြ သော် အ သေ ကောင် ရှိ ရာ အ ရပ် တွင် ရွှေ လင်း တ တို့ စု ရုံး ကြ လိမ့် မည် ဟု မိန့် တော် မူ၏။
တစ် နေ့ အ တွင်း ခု နစ် ကြိမ် တိုင် ပြစ် မှား လျက် ကျွန်ုပ် နောင် တ ရ ပါ ပြီ ဟူ ၍ ခု နစ် ကြိမ် တိုင် ဝန် ချ လာ လျှင် ဖြေ လွှတ် ရ မည် ဟု မိန့် တော် မူ ၏။
သို့ ဖြစ်၍ ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ရန် ခ ရစ် တော် သည် သင် တို့ ကို လက် ခံ တော် မူ သည့် နည်း တူ အ ချင်း ချင်း လက် ခံ ကြ လော့။
သင် တို့ သည် ရပ် တန့် လျက် ပ ဌ နာ ပြု ကြ စဉ် သူ တ ထူး အ ပေါ်၌ ကျေ နပ် စေ ရန် အ ကြောင်း ရှိ လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် သင် တို့ ကျူး လွန် မှု များ ကို ဖြေ လွှတ် တော် မူ စေ ခြင်း ငှာ ထို အ ကြောင်း ကို ဖြေ လွှတ် လော့ ဟု မိန့် တော် မူ၏။
ထို့ ကြောင့် ဘု ရား သ ခင် ရွေး ကောက် မြတ် နိုး၍ သီး သန့် ထား တော် မူ သူ များ အ ဖြစ် ဖြင့် အ သည်း စွဲ သ နား ခြင်း၊ က ရု ဏာ ပြ ခြင်း၊ နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း များ ကို ဝတ် ဆင် ကြ လော့။
မည် သူ့ အ ပေါ် တွင် မ ဆို အ ပြစ် တင် ရန် ရှိ လျှင် သင် တို့ ကို အ ရှင် ဘု ရား ချမ်း သာ ပေး တော် မူ သည့် နည်း တူ တစ် ဦး ကို တစ် ဦး သည်း ခံ လျက် အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။
သ တိ ပ ညာ ရှိ သူ သည်၊ အ မျက် ထွက် ရန် နှောင့် နှေး တတ်၏။ လွန် ကျူး မှု ကို ဖြေ လွှတ် ခွင့် လည်း၊ သူ၏ ဂုဏ် ဖြစ်၏။
ညီ အစ် ကို ချင်း အ ဖြစ် သင်္ဂ ဟ ဝတ် အ တိုင်း တစ် ယောက် ကို တစ် ယောက် ချစ်၍ ကိုယ့် ထက် ဂုဏ် တင် လျက်၊
စီ ရင် ခြင်း ကို မ ခံ ရ စေ ခြင်း ငှာ မ စီ ရင် ကြ နှင့်။
ငါး တောင်း လျှင် မြွေ ပေး မည့် သူ ရှိ သ လော၊
သို့ နှင့် အ ညီ ဆိုး သွမ်း သော သင် တို့ ပင် သား သ မီး တို့ အား ကောင်း ရာ ကို ပေး တတ် လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် လျှောက် တောင်း သူ တို့ အား ကောင်း ရာ ကို သာ၍ သ နား တော် မူ မည် မ ဟုတ် လော။
ထို ကြောင့် ကိုယ် ကို ပြု စေ လို သ မျှ အ တိုင်း သူ တစ် ထူး တို့ အား ပြု ကြ လော့။ ဤ သည် ကား ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ အ လို တည်း။
ကျဉ်း မြောင်း သော တံ ခါး ဖြင့် ဝင် သွား ကြ လော့။ ပျက် စီး ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း သည် ကျယ် ဝန်း သ ဖြင့် ဝင် သွား သူ များ လှ၏။
အ သက် ရှင် ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း မူ ကား ကျဉ်း မြောင်း သော ကြောင့် တွေ့ မြင် သူ နည်း လှ၏။
လော ဘ ဇော ကြီး သော ဝံ ပု လွေ့ သ ဘော ရှိ သော် လည်း သိုး ရေ ဝတ် လျက် ပင် သင် တို့ ထံ လာ တတ် သော မိ စ္ဆာ ပ ရော ဖက် တို့ ကို ကြဉ် ရှောင် ကြ လော့။
ချင်း တို့ အ သီး အား ဖြင့် ချင်း တို့ ကို သိ ရ ကြ လိမ့် မည်။ ဆူး ပင် တွင် စ ပျစ် သီး၊ ပေါင်း ပင် တွင် သ ဖန်း သီး ကို ဆွတ် ရ ကြ သ လော။
ကောင်း သော အ ပင် တိုင်း ကောင်း သော အ သီး၊ မ ကောင်း သော အ ပင် တိုင်း မ ကောင်း သော အ သီး ကို သီး တတ်၏။
ကောင်း သော အ ပင် သည် မ ကောင်း သော အ သီး၊ မ ကောင်း သော အ ပင် သည် ကောင်း သော အ သီး ကို မ သီး နိုင်။
အ သီး ကောင်း မ သီး သော အ ပင် တိုင်း ကို ခုတ် လှဲ၍ မီး ထဲ သို့ ပစ် တတ် ကြ၏။
ကိုယ် စီ ရင် သည့် နည်း အ တိုင်း စီ ရင် ခြင်း ကို ခံ ရ လိမ့် မည်။ ကိုယ် ချိန် ပေး သည့် ပ မာ ဏ အ တိုင်း လည်း ဆပ် ခြင်း ကို ခံ ရ လိမ့် မည်။
အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် မွန် မြတ် လျက်၊ ချမ်း သာ ပေး လျက်၊ ကိုယ် တော့် ပ ဌ နာ ပြု သူ ရှိ သ မျှ တို့ အား၊ က ရု ဏာ တော် ကြွယ် ဝ ပါ ၏။
မည် သူ မျှ အ ဆိုး အ တွက် အ ဆိုး မ တုံ့ ပြန် ရန် သ တိ မူ၍ အ ချင်း ချင်း တို့ ကောင်း ကျိုး၊ လူ ခပ် သိမ်း တို့ ကောင်း ကျိုး ကို သာ ရှာ ကြ လော့။
ငါ တို့ အ တွက် အ သက် စွန့် တော် မူ သည် ကို ထောက်၍ မေ တ္တာ တ ရား ကို သိ ရ ကြ သည့် အ လျောက် ငါ တို့ လည်း ညီ အစ် ကို ချင်း တို့ အ တွက် ကိုယ့် အ သက် ကို စွန့် စား သင့် ကြ ၏။
မေ တ္တာ ရှိ လျှင် အ ပေါင်း အ ဖော် အား မည် သည့် မ ကောင်း ကို မျှ ပြု မည် မ ဟုတ်။ သို့ ဖြစ်၍ မေ တ္တာ ရှိ ခြင်း သည် ပ ညတ် တ ရား ကို အ ပြည့် အ စုံ စောင့် ရှောက် ရာ စောင့် ရှောက် ကြောင်း ဖြစ် ၏။
လူ့ အ လေ့ အ လာ များ ကို၊ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ လျှင်၊ ရန် သူ တို့ ကို ပင်၊ ထို သူ နှင့် သင့် တင့် စေ တော် မူ ၏။
ယ ခု မှာ ခ ရစ် တော် ယေ ရှု၌ တည် နေ သူ တို့ အ ပေါ် တွင် အ ပြစ် စီ ရင် ချက် သင့် ရောက် သည် မ ဟုတ်။
ငါ သည် သင့် ကို သ နား သည့် နည်း တူ၊ ကျွန် ချင်း ဖြစ် သူ့ ကို သင် သ နား သင့် သည် မ ဟုတ် လော ဟု မိန့် ဆို လျက်
ချို သာ စွာ တုံ့ ပြန် ချက် သည်၊ ဒေါ သ ကို လွှဲ ရှောင် တတ်၏။ ကြမ်း တမ်း သော စ ကား မူ ကား၊ အ မျက် ကို နှိုး ဆော် တတ် ၏။
အ မျက် မ ထွက် ဘဲ၊ ဒေါ သ မီး ကို ငြိမ်း စေ လော့။ အ ဆိုး ကို ဖြစ် ပွား စေ သော စိတ် မျက် ခြင်း မ ရှိ လင့်။
ကဲ့ ရဲ့ ခံ ရ သည့် ကာ လ တုံ့ ပြန် ၍ ကဲ့ ရဲ့ ခြင်း ဒု က္ခ ခံ ရ သည့် ကာ လ ကြိမ်း မောင်း ခြင်း မ ပြု ဘဲ ဖြောင့် မတ် စွာ စီ ရင် ဆုံး ဖြတ် တော် မူ သော အ ရှင့် ထံ ကိုယ် ကို အပ် နှင်း တော် မူ ၏။
ငါ တို့ တိုက် လှန် ရ သည် မှာ အ သွေး အ သား ဖြစ် သူ တို့ နှင့် မ ဟုတ်။ နတ် မင်း များ၊ အာ ဏာ ရှင် များ၊ ဤ မှောင် မိုက်၏ ဧ က ရာဇ် များ၊ ကောင်း ကင် နတ် ဆိုး များ နှင့် တိုက် လှန် ရ ကြ သည် ဖြစ်၍၊
အ ရာ ရာ ပြု ပြင် သော အ ရှင် ကား ခ ရစ် တော် အား ဖြင့် ငါ တို့ ကို မိတ် သ ဟာ ယ ဖွဲ့ စေ ပြီး လျှင် ထို မိတ် သ ဟာ ယ ဖွဲ့ ခြင်း ဆိုင် ရာ အ မှု ဆောင် ရွက် ခွင့် ကို ငါ တို့ အား သ နား တော် မူ သော ဘု ရား သ ခင် ပေ တည်း။
ဤ လော က သား တို့ ကျူး လွန် မှု များ ကို မှတ် တော် မ မူ ဘဲ ခ ရစ် တော်၌ မိတ် သ ဟာ ယ ဖွဲ့ စေ တော် မူ သော ဘု ရား သ ခင် သည် ထို သို့ မိတ် သ ဟာ ရ ဖွဲ့ ခြင်း ဆိုင် ရာ တ ရား တော် ကို ငါ တို့ အား လွှဲ အပ် တော် မူ ပြီ။
လွန် ကျူး မှု များ ကြောင့် သေ လျက် နေ ကြ စဉ် ပင် က ရု ဏာ တော် နှင့် ကြွယ် ဝ သော ဘု ရား သ ခင် သည် ငါ တို့ အား ထား တော် မူ သော မ ဟာ မေ တ္တာ အ တွက် ကြောင့် ခ ရစ် တော် နှင့် တ ကွ ရှင် ပြန် ထ မြောက် စေ လျက် ကောင်း ကင် တွင် အ တူ စံ နေ ခွင့် ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပေး တော် မူ ၏။
သူ တို့ အ ပြစ် ဒု စ ရိုက် များ ကို ငါ မှတ် ထား တော် မူ မည် မ ဟုတ် ဟု ဆင့် ဆို လျက် ငါ တို့ အား သက် သေ ခံ တော် မူ၏။
သင် တို့ ရှိ သ မျှ လည်း ညီ အစ် ကို ချင်း ကို စိတ် ပါ ကိုယ် ရောက် အ ပြစ် မ လွှတ် လျှင် ကောင်း ကင် ဘုံ ရှင် ငါ့ ခ မည်း တော် သည် ထို နည်း တူ စီ ရင် တော် မူ လိမ့် မည် ဟု မိန့် တော် မူ ၏။
အ ရှင် ဘု ရား၏ ကျွန် သည် ခိုက် ရန် မ ပြု ဘဲ၊ လူ ခပ် သိမ်း တို့ ရှေ့ သိမ့် မွေ့ သူ၊ သင် ကြား သူ၊ စိတ် ရှည် သူ၊ ငြင်း ဆန် သူ တို့ ကို နူး ညံ့ စွာ ဆုံး မ သူ ဖြစ် ရ မည်။
သို့ မှ ထို သူ တို့ သည် ဘု ရား သ ခင့် အ ခွင့် တော် နှင့် နောင် တ ရ၍ သ မ္မာ တ ရား တော် ကို ဝန် ခံ သ ဖြင့် မာရ် နတ် ကျော့ ကွင်း မှ လွတ် မြောက် လျက်၊ အ လို တော် အ တိုင်း ကောင်း သော သ တိ နှင့် လိုက် နာ ကောင်း လိုက် နာ ကြ လိမ့် မည်။
မ စီ ရင် ဘဲ နေ ကြ လော့။ သင် တို့ လည်း စီ ရင် မ ခံ ဘဲ နေ ရ ကြ လိမ့် မည်။ အ ပြစ် မ တင် ဘဲ နေ ကြ လော့။ သင် တို့ လည်း အ ပြစ် တင် မ ခံ ဘဲ နေ ရ ကြ လိမ့် မည်။ ချမ်း သာ ပေး ကြ လော့။ သင် တို့ လည်း ချမ်း သာ ရ ကြ လိမ့် မည်။
ရန် ဘက် ဖြစ် ကြ စဉ် သား တော် အ သေ ခံ တော် မူ ခြင်း ကြောင့် ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ခြင်း ရ ခဲ့ ကြ လျှင် ထို ဖွဲ့ ခြင်း ကို ရ ပြီး ဖြစ် လျက် အ သက် ရှင် တော် မူ ခြင်း အား ဖြင့် မု ချ လွတ် ကင်း ကြ လိမ့် မည်။
ထိုသူတို့သည် အထပ်ထပ်မေးကြသောအခါမော်ကြည့်လျက် သင်တို့တွင်အပြစ်ကင်းသူသည် ဦးစွာပစ်ခတ်စေဟု မိန့်တော်မူပြီးမှ၊
ဒု စ ရိုက် ကို ရှောင် ကြဉ်၍ သု စ ရိုက် ကို ယှဉ် လျက် ငြိမ် သက် ခြင်း ကို ရှာ ဖွေ လိုက် လံ စေ။
လူ မိုက်၏ အ မျက် ဒေါ သ သည်၊ ရုတ် တ ရက် ထင် ရှား၏။ လိ မ္မာ သော သူ မူ ကား၊ အ ရှက် ကို ဖုံး တတ် ၏။
ဖီ ဆန် ဝါ ကြွား လို သော သ ဘော နှင့် မည် သည် ကို မျှ မ ပြု ဘဲ တစ် ယောက် ကို တစ် ယောက် ကိုယ့် ထက် ကောင်း သည် ဟု စိတ် နှိမ့် ချ စွာ မှတ် ယူ လော့။
ကိုယ့် လက် ဖြင့် ပင် ပန်း စွာ လုပ် ကိုင် ရ ကြ ၏။ ကဲ့ ရဲ့ ခံ ရာ၌ မေ တ္တာ ပို့ ခြင်း၊ ညှဉ်း ပန်း ခံ ရာ၌ တည် တံ့ ခြင်း၊
ထာ ဝ ရ ဘု ရား ၌ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ တော် နှင့် ကြွယ် ဝ သော သ ဘော ရှိ တော် မူ ၏။
အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော အ ချက် သည် သ ဘော တူ သော ဒု တိ ယ ပညတ် ဖြစ် သည်။
တစ် ဦး ကား သင့် ညီ အစ် ကို ကို စီ ရင် ခြင်း၊ တစ် ဦး ကား သင့် ညီ အစ် ကို ကို မ ထီ လေး စား ခြင်း အ ဘယ် ကြောင့် ပြု သ နည်း။ လူ တိုင်း ငါ့ ရှေ့ တွင် ဒူး ထောက် ခြင်း၊ နှုတ် ဖြင့် ငါ ဘု ရား ကို ချီး မွမ်း ခြင်း ပြု ရ လိမ့် မည် ဟု အ သက် တော် ကို တိုင် တည်၍ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရှိ ကြောင်း ကျမ်း ချက် အ ရ ငါ တို့ ရှိ သ မျှ သည် ဘု ရား သ ခင်၏ တ ရား ပ လ္လင် တော် ရှေ့ ရပ် ရ ကြ လိမ့် မည်။
သူ တို့၏ ဒု စ ရိုက် ကို ငါ သ နား၍ အ ပြစ် ကို လည်း မှတ် ထား တော့ မည် မ ဟုတ် ဟု မိန့် တော် မူ၏။
ညီ အ ကို တို့ တ ဦး ဦး လွန် ကျူး စဉ် ပင် တွေ့ မိ လျင် ဝိ ညာဉ် သက် ဝင် သော သင် တို့ သည် စုံ စမ်း မ ခံ မိ စေ ရန် ကိုယ် ကို သ တိ မူ လျက် သိမ် မွေ့ သော စိတ် နှင့် ပဲ့ ပြင် က ရ လော့။
သို့ သော် လည်း ပူ ဇော် သ က္ကာ များ ထက် ကြည် ညို သော သ ဘော ကို ငါ နှစ် သက် သည် ဟူ သော ကျမ်း ချက် မှာ မည် သို့ အ ဓိ ပ္ပါယ် ရှိ သည် ကို သွား၍ သင် ကြား ကြ လော့။ ငါ ကား ဖြောင့် မတ် သူ တို့ ကို ခေါ် ရန် မ ဟုတ်။ အ ပြစ် သား တို့ ကို ခေါ် ရန် ရောက် လာ သည် ဟု မိန့် တော် မူ၏။
က ရု ဏာ ရှိ သော သူ သည်၊ ကိုယ် ကို ကျေး ဇူး ပြု ရာ၊ ရက် စက် သော သူ မူ ကား၊ ကိုယ် ကို နှောင့် ရှက် ရာ ရောက် တတ်၏။
မေ တ္တာ နှင့် သ မ္မာ တ ရား ကို စွဲ မြဲ လျက် ဦး ထိပ် တည်း ဟူ သော ခ ရစ် တော်၌ အ နည်း နည်း အား ဖြင့် ကြီး ပွား ရ ကြ ၏။
ကျင့် ကြံ ပြု မူ ခဲ့ ကြ သော် လည်း အ မျက် ထွက် ခြင်း၊ စိတ် ဆိုး ခြင်း၊ ရန် ညိုး ဖွဲ့ ခြင်း၊ ကုန်း ချော ခြင်း၊ နှုတ် မှ အ လ ဇ္ဇီ ထွက် ခြင်း အ မျိုး မျိုး ကို ယ ခု စွန့် ပယ် ကြ လော့။
စိတ် နှ လုံး ပြည့် လျှံ သည့် အ တိုင်း နှုတ် က မြွက် တတ် သည် ဖြစ်၍၊ ကောင်း သော သူ သည် ကောင်း သော ကိုယ့် စိတ် ဘ ဏ္ဍာ ထဲ မှ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။ မ ကောင်း သော သူ လည်း မ ကောင်း သော ကိုယ့် ဘ ဏ္ဍာ ထဲ က မ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။
ဖြောင့် မတ် ခြင်း တ ရား နှင့် က ရု ဏာ တ ရား ကို လိုက် ရှာ သော သူ သည်၊ အ သက် ရှင် ခြင်း၊ ဖြောင့် မတ် ခြင်း၊ အ သ ရေ ရှိ ခြင်း များ ကို တွေ့ တတ်၏။
ထာ ဝ ရ ဘု ရား သည် နှောင့် နှေး တော် မူ သည် ဟု အ ချို့ တို့ မှတ် ယူ ကြ သည့် အ တိုင်း က တိ တော် ကို ဖြည့် ရန် နှောင့် နှေး တော် မူ သည် မ ဟုတ်။ မည် သူ မျှ မ ပျက် စီး ဘဲ ရှိ သ မျှ တို့ နောင် တ ရ ခွင့် ရှိ စေ ရန် သင် တို့ အ ပေါ် တွင် စိတ် ရှည် တော် မူ ၏။
ထို ကြောင့် ငါ တို့ သည် ငြိမ် သက် ခြင်း၊ အ ချင်း ချင်း တည် ဆောက် ခြင်း အ မှု များ ကို ကြံ စည် ကြ၏။
ငါ ချစ် သော ညီ အစ် ကို တို့၊ သင် တို့ သည် ဤ အ ကြောင်း အ ရာ များ ကို သိ ကြ၏။ သို့ ရာ တွင် အ သီး အ သီး ကြား နာ ရန် လျင် မြန် ကြ စေ။ ပြော ဆို ရန် နှင့် အ မျက် ထွက် ရန် နှောင့် နှေး ကြ စေ။
ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း ကို စံ ချ သော အ ရာ ဖြင့် တည် ကြည် ခြင်း ဖြစ် ပွား ကြောင်း သိ မြင် လျက် အ ထပ် ထပ် စုံ စမ်း ရာ ကျ ရောက် သည့် ကာ လ ဝမ်း မြောက် ရန် သက် သက် ဟု မှတ် ယူ ကြ လော့။
လူ၏ အ မျက် သည် ဘု ရား သ ခင့် ဖြောင့် မတ် ခြင်း တ ရား ကို မ ဖြစ် ပွား စေ နိုင်။
သား တော်၏ အ သွေး တော် ကြောင့် ကြွယ် ဝ သော ကျေး ဇူး တော် အ လျောက် ငါ တို့ အား ရွေး နုတ် တော် မူ ခြင်း တည်း ဟူ သော ကျူး လွန် မှု များ ပြေ လွတ် ခွင့် ကို ပေးသ နားတော် မူ သည့် ပြင်၊
ခ ရစ် တော် သည် သင် တို့ အ ဖို့ ဒု က္ခ ခံ တော် မူ လျက် ခြေ ရာ တော် များ ၌ လျှောက် လိုက် ကြ စေ ရန် ပုံ စံ ထား တော် မူ ခဲ့ သည့် အ လျောက် ထို သို့ ခံ ခြင်း ငှာ သင် တို့ ကို ခေါ် ထား တော် မူ ၏။
ထို အ ရှင် သည် အ ပြစ် ကို မ ပြု နှုတ် ထွက် တော် လည်း လှည့် စား ခြင်း မ တည်။
ကဲ့ ရဲ့ ခံ ရ သည့် ကာ လ တုံ့ ပြန် ၍ ကဲ့ ရဲ့ ခြင်း ဒု က္ခ ခံ ရ သည့် ကာ လ ကြိမ်း မောင်း ခြင်း မ ပြု ဘဲ ဖြောင့် မတ် စွာ စီ ရင် ဆုံး ဖြတ် တော် မူ သော အ ရှင့် ထံ ကိုယ် ကို အပ် နှင်း တော် မူ ၏။
ထို ကြောင့် သူ တစ် ထူး ကို စီ ရင် သော အ ချင်း လူ၊ သင်၌ ထု ချေ ရန် မ ရှိ။ စီ ရင် သော သင် သည်၊ ထို အ မှု အ တိုင်း ပင် ပြု ကျင့် တတ် သည် ဖြစ်၍ သူ တစ် ထူး ကို စီ ရင် ရာ တွင် ကိုယ် ကို အ ပြစ် စီ ရင် ရာ ရောက် သည် တ ကား။
ကြည့် လော့။ ဝံ ပု လွေ အုပ် ထဲ သို့ သိုး များ ကို လွှတ် သ ကဲ့ သို့ သင် တို့ ကို ငါ စေ လွှတ်၏။ သို့ ဖြစ်၍ မြွေ ကဲ့ သို့ လိ မ္မာ လျက် ချိုး ကဲ့ သို့ ရန် ကင်း စေ ကြ လော့။
ငါ တို့ သည် သင် တို့ အား မေ တ္တာ ပွား များ ကြွယ် ဝ သည့် နည်း တူ သင် တို့ လည်း အ ချင်း ချင်း တို့ အား လည်း ကောင်း၊ လူ ခပ် သိမ်း တို့ အား လည်း ကောင်း၊ ပွား များ ကြွယ် ဝ ကြ စေ ခြင်း ငှာ အ ရှင် ဘု ရား ပြု ပြင် တော် မူ ပါ စေ သော။
သို့ မှ အ ရှင် ယေ ရှု သည် သီး သန့် ထား တော် မူ သူ ရှိ သ မျှ နှင့် တ ကွ ကြွ လာ တော် မူ သည့် ကာ လ ငါ တို့ အ ဘ ဘု ရား သ ခင့် ရှေ့ တော် တွင် သင် တို့ စိတ် နှ လုံး များ ကို အ ပြစ် မဲ့ လျက် သန့် ရှင်း စွာ တည် ကြည် စေ တော် မူ လိမ့် မည်။
ထို ကြောင့် ငါ ဦး စွာ နှိုး ဆော် သည် မှာ ငါ တို့ သည် ဘု ရား တ ရား ကို လုံး လုံး ကြည် ညို လျက် ငြိမ် ဝပ် ချမ်း သာ စွာ နေ ခွင့် ရ စေ ရန် ဘု ရင် မင်း များ၊ အ စိုး ရ မင်း များ မှ စ ၍ ခပ် သိမ်း တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း၊ တောင်း လျှောက် ခြင်း၊ အ သ နား တော် ခံ ခြင်း၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
ဘု ရား ကြည် ညို သည် ဟု ဝန် ခံ သော မိန်း မ တို့ ဆင် သင့် သည့် ကောင်း မှု များ ကို ဆင် ယင် ကြ စေ ရန် ငါ အ လို ရှိ၏။
မိန်း မ သည် အ နော် အ တာ ကို အ စုံ အ လင် ခံ လျက် ငြိမ် ဝပ် စွာ အ သင် အ ကြား ခံ နေ စေ။
သင် ကြား ခြင်း ငှါ သော်လည်း ကောင်း၊ ယောက်ျား ကို အ စိုး တ ရ ပြု ခြင်း ငှါ သော် လည်း ကောင်း၊ ငါ အ ခွင့် မ ပြု။ ငြိမ် ဝပ် စွာ နေ စေ။
ဖန် ဆင်း တော် မူ ခြင်း ကို ဦး စွာ အာ ဒံ၊ နောက် ဧ ဝ ခံ ရ ၏။
၎င်း ပြင် အာ ဒံ သည် လှည့် စား ခြင်း ကို ခံ ရ သည် မ ဟုတ်။ မိန်း မ ခံ ရ သ ဖြင့် လွန် ကျူး ရာ ရောက် ၏။
သို့ ရာ တွင် ယုံ ကြည် ခြင်း၊ ချစ် ခြင်း၊ သန့် ရှင်း ခြင်း၊ ဣ န္ဒြေ စောင့် ခြင်း များ၌ တည် နေ ကြ လျှင်၊ သား ဖွား မှု ဖြင့် ကယ် တင် ရာ ရောက် လိမ့် မည်။
ထို အ တိုင်း အ သက် ကို နှစ် သက်၍ ကောင်း စား သော နေ့ ရက် များ ကို တွေ့ မြင် လို သူ သည် ကိုယ့် လျှာ ကို မ ကောင်း သော အ ရာ မှ လည်း ကောင်း၊ ကိုယ် နှုတ် ကို ပ ရိ ယာယ် ပြော ဆို ခြင်း မှ လည်း ကောင်း၊ စောင့် ရှောက် စေ။
ဒု စ ရိုက် ကို ရှောင် ကြဉ်၍ သု စ ရိုက် ကို ယှဉ် လျက် ငြိမ် သက် ခြင်း ကို ရှာ ဖွေ လိုက် လံ စေ။
တစ် စုံ တစ် ယောက် ကို သင် တို့ ချမ်း သာ ပေး လျှင် ငါ လည်း ပေး မည်။ ငါ သည် ချမ်း သာ ပေး ရန် ရှိ ခဲ့ လျှင် ငါ တို့ အ ပေါ် တွင် စာ တန် တင် စား ခွင့် မ ရ စေ ခြင်း ငှာ ခ ရစ် တော့် ရှေ့ တွင် သင် တို့ အ တွက် ငါ ပေး ပြီ။ စာ တန် ၏ အ ကြံ အ စည် များ ကို ငါ တို့ သိ ကြ၏။
ထို နည်း တူ နောင် တ ရ ရန် မ လို သော သူ တော် ကောင်း ကိုး ဆယ် ကိုး ယောက် အ တွက် ထက် နောင် တ ရ သူ အ ပြစ် သား တစ် ယောက် အ တွက် ကောင်း ကင် ဘုံ တွင် ဝမ်း မြောက် ခြင်း ရှိ လိမ့် မည် ငါ ဆို၏။
ဘု ရင် မင်း က ဤ ညီ တော် တို့ အ နက် သိမ် ငယ် သူ တစ် ယောက် ယောက် ကို သင် တို့ ပြု သ မျှ ပင် ငါ့ ကို ပြု ကြောင်း ငါ အ မှန် ဆို သည် ဟု အ မိန့် ရှိ တော် မူ လိမ့် မည်။
စိတ် သန် သော ငါ တို့ သည် စိတ် နုန့် သူ တို့၏ အား နည်း ခြင်း ဝန် များ ကို ထမ်း သင့်၏။ ကိုယ့် စိတ် တွေ့ တိုင်း မ ပြု ဘဲ အ သီး အ သီး တို့ သည်၊
အို လူ မျိုး ခြား တို့၊ လူ မျိုး တော် နှင့် အ တူ ရွှင် လန်း ကြ လော့ ဟူ၍ လည်း ကောင်း။
လူ မျိုး ခြား ရှိ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ လော့။ လူ အ မျိုး မျိုး တို့ ချီး မြှောက် ကြ စေ ဟူ၍ လည်း ကောင်း ဗျာ ဒိတ် တော် ရှိ သည် ပြင်။
ယေ ရှဲ၏ အ မြစ် အ ညွန့် ထွက် မည့် အ လျောက် လူ မျိုး ခြား တို့ သည် ကိုယ့် အ ပေါ် တွင် အုပ် စိုး ရန် ပေါ် ထွန်း သော ထို အ ရှင် ကို အား ကိုး မျှော် လင့် ကြ လိမ့် မည် ဟု ဟေ ရှာ ယ ဆင့် ဆို သ တည်း။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
ညီ အစ် ကို တို့၊ သင် တို့ သည် ပါ ရ မီ နှင့် လည်း ကောင်း၊ အ သိ ပ ညာ နှင့် လည်း ကောင်း စုံ လင် ပြည့် လျှံ သည် ဖြစ်၍ အ ချင်း ချင်း ပဲ့ ပြင် နိုင် ကြောင်း ငါ စိတ် ချ လျက် ရှိ သော် လည်း၊
သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် သန့် ရှင်း၍ နှစ် သက် တော် မူ ဖွယ် ပူ ဇော် သ က္ကာ အ ဖြစ် လူ မျိုး ခြား တို့ ကို ဆက် ကပ် ရ အံ့ သော ငှါ ဘု ရား သ ခင့် သ တင်း တော် ဝတ် ကို ပူ ဇော် လျက် လူ မျိုး ခြား တို့ တွင် ခ ရစ် တော် ယေ ရှု၏ အ မှု တော် ဆောင် အ ဖြစ် ဘု ရား သ ခင် ကျေး ဇူး တော် ကို ခံ စား ရ သည့် အ လျောက် ငါ့ ကိုယ် တိုင် သ တိ ပေး၍ ရဲ ရင့် စွာ ရေး လိုက်၏။
ထို အ ဖြစ် နှင့် ငါ သည် ဘု ရား သ ခင် အား ဝတ် ပြု ခွင့် ကို ထောက်၍ ခ ရစ် တော် ယေ ရှု၌ ဂုဏ် ရောက်၏။
နိ မိတ် လ ဏ္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ၏ တန် ခိုး နှင့် လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး နှင့် လည်း ကောင်း၊ ငါ့ အ ပြော အ ဆို အ ပြု အ မူ များ အား ဖြင့် လူ မျိုး ခြား တို့ လိုက် နာ စေ အံ့ သော ငှါ ခ ရစ် တော် ပြု တော် မူ သော အ ရာ များ ကို သာ ငါ ပြော ဝံ့ သည့် အ တိုင်း ငါ သည် ယေ ရု ရှ လင် မြို့ က ဣ လု ရိ ပြည် တိုင် အောင် ဒေ သ စာ ရီ လှည့် လည် လျက် ခ ရစ် တော်၏ သ တင်း တော် မြတ် ကို အ ကုန် အ စင် ကြား ပြော ခဲ့ ပြီ။
အ ပေါင်း အ ဖော်၌ ဆောက် တည် ခြင်း ကောင်း ကျိုး ရှိ စေ ရန် သူ့ စိတ် တွေ့ တိုင်း ပြု ကြ ကုန် အံ့။
အ ဆုံး စ ကား မှာ ညီ အ ကို တို့ မှန် ကန် သော အ ရာ၊ ကြည် ညို ဖွယ် သော အ ရာ၊ သင့် လျော် သော အ ရာ၊ စင် ကြယ် သော အ ရာ၊ နှစ် သက် ဖွယ် သော အ ရာ၊ အ သ ရေ ရှိ သော အ ရာ များ ကို၄င်း၊ ပါ ရ မီ အ ပါး ပါး ဂုဏ် အ ပါး ပါး ကို၄င်း၊
ထို သူ က သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး၊ အ သက် ဝိ ညာဉ်၊ အ စွမ်း သ တ္တိ၊ ဉာဏ် သ တ္တိ အ ကြွင်း မဲ့ ချစ် လော့ ဟူ၍ လည်း ကောင်း၊ အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ၍ လည်း ကောင်း ရေး ထား ပါ သည် ဟု ပြန် ဆို သော်၊
အရှင်ဘုရားနှင့် ဆရာတော်ဖြစ်သောငါသည် သင်တို့ခြေများကိုဆေးလျှင် သင်တို့၌ ငါပြုသည့်နည်းတူပြုကြစေရန် ငါပုံစံပြထားသည့်အလျောက် သင်တို့လည်းအချင်းချင်းတို့ခြေကိုဆေးထိုက်၏။
ထို နည်း တူ သင် တို့၏ ကောင်း မှု များ ကို မြင်၍ ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ၏ ဘုန်း တော် ကို ချီး မြှောက် ကြ စေ ရန် ကိုယ့် အ လင်း ကို လူ တို့ ရှေ့ လင်း စေ ကြ လော့။
ထို နည်း တူ လူ ငယ် တို့၊ လူ ကြီး ဖြစ် သူ တို့ အ နော် အ တာ ကို ခံ လျက် နေ ကြ လော့။ ဘု ရား သ ခင် သည် မာ န ကြီး သူ တို့ ကို ခု ခံ၍ စိတ် နှိမ့် ချ သူ တို့ အား ကျေး ဇူး သ နား တော် မူ သော ကြောင့် စိတ် နှိမ့် ချ ခြင်း တန် ဆာ ကို အ ချင်း ချင်း တို့ ရှေ့ ရှိ သ မျှ တို့ ဆင် ကြ လော့။
သို့ နှင့် အ ညီ အ ချိန် တန် သော် ဘု ရား သ ခင် သည် သင် တို့ ကို ချီး မြှောက် တော် မူ စေ ရန် တန် ခိုး ကြီး သော လက် တော့် အောက် ကိုယ် ကို နှိမ့် ချ လျက်၊
သင်္ဂ ဟ ဝတ် ကို ပြု မြဲ ပြု ကြ လော့။ ဧည့် ဝတ် အား ဖြင့် အ ချို့ တို့ သည် စေ တ မန် တော် များ ကို မ မှတ် ဘဲ ဧည့် ခံ ကြ ပြီး ဖြစ်၍ ထို ဝတ် ကို မ လစ် လပ် ကြ နှင့်။
တဲ တော် ဝတ် ကို ဆောင် ရွက် သူ တို့ မ စား ထိုက် သော ပူ ဇော် ရာ ပ လ္လင် တော် သည် ငါ တို့၌ ရှိ၏။
အ ပြစ် အ ဖို့ ဖြေ ရာ အ သွေး ကို သန့် ရှင်း ရာ ဌာ န တွင်း သို့ ပ ရော ဟိတ် မင်း ဆောင် သွင်း ပြီး လျှင် ဆိုင် ရာ အ ကောင် များ ကို တပ် စား ခန်း ပြင် မှာ ကျွမ်း လောင် စေ ကြ သည့် နည်း တူ၊
ယေ ရှု လည်း အ သွေး တော် အား ဖြင့် လူ မျိုး တော် ကို သန့် ရှင်း စေ ခြင်း ငှာ မြို့ တံ ခါး ပြင် မှာ အ သေ ခံ တော် မူ ၏။
သို့ ဖြစ်၍ ငါ တို့ သည် ကိုယ် တော် အ တွက် ကဲ့ ရဲ့ ခံ လျက် တပ် စား ခန်း ပြင် ကိုယ် တော် ရှိ ရာ သို့ ထွက် သွား ကြ ကုန် အံ့။
ငါ တို့ သည် ဤ လော က တွင် တည် မြဲ ရာ မြို့ မ ရှိ။ နောင် ဘ ဝ မြို့ တော် ကို တောင့် တ လျက် နေ ကြ၏။
သို့ ဖြစ်၍ နာ မ တော် ကို ဝန် ခံ ရာ နှုတ် ခမ်း အ သီး တည်း ဟူ သော ချီး မွမ်း ခြင်း ကို ဘု ရား သ ခင့် ထံ ထို အ ရှင် အား ဖြင့် အ စဉ် မ ပြတ် ပူ ဇော် ဆက် ကပ် ကြ ကုန် အံ့။
ကျေး ဇူး ပြု ခြင်း၊ ပေး ကမ်း ခြင်း ဝတ် ကို မ လစ် လပ် ကြ နှင့်။ ထို သို့ သော ပူ ဇော် သ က္ကာ များ ကို ဘု ရား သ ခင် နှစ် သက် တော် မူ၏။
အ ကြောင်း ပြ ရ မည့် သူ များ အ ဖြစ် သင် တို့ ဝိ ညာဉ် အ တွက် စောင့် ရှောက် သော အ ကြီး အ မှူး တို့၏ စ ကား ကို နား ထောင် ဝန် ခံ လျက် နေ ကြ လော့။ သို့ မှ သူ တို့ သည် သင် တို့ အ ကျိုး ယုတ် စေ မည့် ညည်း တွား ခြင်း ဖြင့် မ ဟုတ်၊ အား ရ ဝမ်း မြောက် စွာ ဆောင် ရွက် ခွင့် ရ ကြ လိမ့် မည်။
အ နည်း နည်း တွင် ရိုး ဖြောင့် စွာ ငါ တို့ ကျင့် ကြံ ပြု မူ လို သည့် အ လျောက် ကြည် လင် သော သြ တ္တ ပ္ပ စိတ် ရှိ ကြောင်း စိတ် ချ သော ငါ တို့ အ ဖို့ ပ ဌ နာ ပြု ကြ လော့။
ငါ သည် သင် တို့ ထံ လျင် မြန် စွာ ပြန် ရောက် ခွင့် ရ ခြင်း ငှာ ထို သို့ ပြု စေ ရန် အ ထူး နှိုး ဆော် လိုက်၏။
အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော ကျမ်း တစ် ချက်၌ ပ ညတ် တ ရား အ လုံး စုံ ချုပ် ခြာ လျက် ရှိ၏။
ချစ် သူ တို့၊ ငါ တို့ သည် အ ချင်း ချင်း ချစ် ကြ ကုန် အံ့။ ချစ် ခြင်း မေ တ္တာ သည် ဘု ရား သ ခင် မှ ဖြစ် လျက် မေ တ္တာ ရှိ သူ တိုင်း ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ ဖြစ်၏။
အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ ကျန်း မာ ကြ စေ သော ပဲ့ ပြင် ခြင်း၊ နှိုး ဆော် ခြင်း ခံ ကြ လော့။ သ ဘော တစ် မျိုး တည်း နှင့် ငြိမ် သက် စွာ နေ ကြ လော့။ သို့ ပြု လျှင် ချစ် ခြင်း၊ ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ နှင့် အ တူ တည် နေ တော် မူ လိမ့် မည်။
ခ ရစ် တော်၏ မေ တ္တာ တော် နှင့် ငါ တို့ ကို မည် သူ ကွာ စေ အံ့ နည်း။ ကိုယ် တော့် အ တွက် ကြောင့် အ ကျွန်ုပ် တို့ သည်၊ တစ် နေ့ လုံး ကွပ် မျက် ခံ လျက် နေ ရ ကြ ပါ၏။ သတ် ရန် ထား သော သိုး များ ကဲ့ သို့ အ မှတ် ခံ ရ ကြ ပါ သည် ဟု ကျမ်း ဆို ရှိ သည့် အ တိုင်း ဒု က္ခ ရောက် ခြင်း၊ ကျဉ်း ကျပ် ခြင်း၊ ညှဉ်း ပန်း ခြင်း၊ ငတ် မွတ် ခြင်း၊ အ ဝတ် မဲ့ ခြင်း၊ အ န္တ ရာယ် တွေ့ ခြင်း၊ ဓား ဘေး သင့် ခြင်း များ ကွာ စေ မည် လော။
ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။
အ ဆိုး အ တွက် လက် စား ချေ မည် ဟု မ ဆို နှင့်။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လော့။ ကယ် တင် တော် မူ လိမ့် မည်။
ငါ့ သူ ငယ် တို့၊ သင် တို့ မ ပြစ် မှား ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို သင် တို့ ထံ ငါ ရေး လိုက်၏။ မည် သူ မ ဆို ပြစ် မှား မိ လျှင် ငါ တို့ အ ပြစ် များ မ က တစ် လော က လုံး၏ အ ပြစ် ပြေ ရာ ပြေ ကြောင်း ဖြစ် သည့် ဖြောင့် မတ် တော် မူ သော ယေ ရှု ခ ရစ် သည် ခ မည်း တော့် အ ပါး တွင် ငါ တို့ အ မှု ဆောင် အ ဖြစ် တည် တော် မူ၏။
၎င်း ပြင် သင် တို့၏ ကိုယ် ခ န္ဓာ သည် ဘု ရား သ ခင် သ နား တော် မူ၍ သင် တို့ အ တွင်း၌ စံ နေ သည့် သန့် ရှင်း သော ဝိ ညာဉ် တော်၏ ဗိ မာန် ဖြစ် ကြောင်း မ သိ ကြ လော။
၎င်း ပြင် တ ပည့် တော် တို့ သည် ဤ လော က ကို တ ရား စီ ရင် ရ မည့် အ ကြောင်း မ သိ ကြ လော။ သင် တို့ သည် ဤ လော က ကို တ ရား စီ ရင် သည် မှန် လျင် အ မှု အ သေး အ ဖွဲ ကို မျှ စီ ရင် ရန် မ ထိုက် တန် ကြ လော။
သင် တို့ ကို အ ဖိုး နှင့် ဝယ် ယူ တော် မူ၍ ကိုယ် ကို သင် တို့ မ ပိုင် သော ကြောင့် ဘု ရား သ ခင်၏ ဘုန်း တော် ကို သင် တို့ ကိုယ် ခ န္ဓာ၌ ထင် ရှား စေ ကြ လော့။
ညီ အစ် ကို တို့၊ ငါ ကိုင် မိ ပြီ ဟု မ မှတ် သော် လည်း နောက် လွန် ခဲ့ ရာ များ ကို မ လှည့် ဘဲ ရှေ့ အ ရာ များ ကို လှမ်း လျက် ခ ရစ် တော် ယေ ရှု အား ဖြင့် ဘု ရား သ ခင် ပေး တော် မူ ရာ အ ထက် အ ဖြစ် အ နေ ဆု တော် ကို ခံ ရ ခြင်း ငှာ ပန်း တုံး တိုင် ရောက် ပြေး လိုက် ခြင်း တစ် ခု သာ ငါ ပြု ၏။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
မ သ နား ခဲ့ သူ့ ကို စီ ရင် ဆုံး ဖြတ် ခြင်း သည် သ နား ခြင်း ကင်း လိမ့် မည်။ သ နား လျှင် မူ ကား စီ ရင် ဆုံး ဖြတ် ခြင်း ကို အောင် မြင် လိမ့် သ တည်း။
အို အ ဘ အ လို တော် ရှိ လျှင် ဤ ခွက် ကို အ ကျွန်ုပ် မှ ရုပ် သိမ်း တော် မူ ပါ။ သို့ သော် လည်း အ ကျွန်ုပ် အ လို အ တိုင်း မ ဟုတ်။ အ လို တော် အ တိုင်း ဖြစ် စေ တော် မူ ပါ ဟု တောင်း လျှောက် တော် မူ စဉ်၊
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။
ဆို ခဲ့ သော အ ဖ တို့ သည် သင့် လျော် သည် ဟု ထင် မြင် တိုင်း နေ့ ရက် အ နည်း ငယ် ပဲ့ ပြင် ခဲ့ ကြ၏။ ကိုယ် တော် မူ ကား သန့် ရှင်း စေ တော် မူ ခြင်း ကို ဆက် ဆံ ခွင့် ရ ကြ စေ ရန် ငါ တို့ အ ကျိုး ငှာ ပဲ့ ပြင် တော် မူ၏။
ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။
သို့ ဖြစ်၍ အား လျော့ သော လက် နှင့် နုန့် နဲ သော ဒူး ဆစ် များ ကို တည့် မတ် စေ ကြ လော့။
ခြေ ဆွံ့ သူ တို့ သည် အ ဆစ် မ လွဲ ဘဲ သန် စွမ်း ခွင့် ရ ကြ စေ ရန် သင် တို့ ခြေ ကြွ ရာ လမ်း ကို လည်း ညီ ညွတ် စေ ကြ လော့။
သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။
မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊
မ တ ရား သော မေ ထုန် ပြု သူ သြ ရ သ ရိုက် ရာ ကို တစ် နပ် စာ နှင့် ရောင်း ချ သော ဧ သော ကဲ့ သို့ တ ရား လွတ် သူ မ ရှိ စေ ခြင်း ငှာ လည်း ကောင်း သ တိ မူ ကြ လော့။
ဧ သော သည် နောက် မှ ကောင်း ကြီး မင်္ဂ လာ အ မွေ ကို ခံ လို၍ မျက် ရည် ကျ လျက် တောင်း လျှောက် သော် လည်း နောင် တ ရ ခွင့် မ ရှိ ဘဲ ငြင်း ပယ် ခံ ရ သည် ကို သင် တို့ သိ ကြ၏။
သင် တို့ သည် စမ်း သပ် နိုင် သော တောင်၊ မီး တောက် ခြင်း၊ မှောင် ခြင်း၊ မိုက် ခြင်း၊ မုန် တိုင်း ကျ ခြင်း၊ တံ ပိုး မှုတ် ခြင်း တောင်၊
ဗျာ ဒိတ် တော် သံ ကြား သူ တို့ သည် တိ ရ စ္ဆာန် ပင် တောင် ကို ထိ မိ လျှင် ခဲ ပစ် သတ် ဒဏ် ခံ စေ ဟူ သော အ မိန့် တော် ကို မ နာ ခံ ဝံ ကြ သော ကြောင့် ထပ် မံ မိန့် တော် မ မူ စေ ရန် တောင်း ပန် ကြ ရာ ဗျာ ဒိတ် တော့် တောင်၊
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
သို့ ဖြစ် လျှင် မည် သို့ ဆို ရ အံ့ နည်း။ ငါ တို့ သည် ကျေး ဇူး တ ရား ဖောင်း ပွ စေ ရန် အ ပြစ် တ ရား၌ တည် နေ ရ ဦး မည် လော။
ကိုယ် တော် အ သေ ခံ တော် မူ သည် မှာ အ ပြစ် တ ရား အ ရာ၌ တစ် ကြိမ် သာ ခံ တော် မူ၏။ အ သက် ရှင် တော် မူ သည် မှာ ဘု ရား သ ခင့် အ ဖို့ ရှင် တော် မူ၏။
ထို နည်း တူ ပင် သင် တို့ သည် အ ပြစ် တ ရား အ ရာ၌ အ သေ ဖြစ် လျက် ဘု ရား သ ခင့် အ ဖို့ မူ ကား ခ ရစ် တော် ယေ ရှု၌ ရှင် နေ သည် ဟု မှတ် ယူ ကြ လော့။
ထို ကြောင့် ကိုယ် ခ န္ဓာ၏ တပ် မက် ခြင်း ကို လိုက် နာ စေ ရန် သင် တို့၏ အ နိ စ္စ ခ န္ဓာ၌ အ ပြစ် တ ရား မင်း မ မူ စေ လင့်။
ကိုယ် အင်္ဂါ များ ကို လည်း ဒု စ ရိုက် လက် နက် အ ဖြစ် အ ပြစ် တ ရား အား ဆက် သ လျက် မ နေ ကြ လင့်။ သင် တို့ ကိုယ် ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် သူ့ အ ဖြစ် ဖြင့် လည်း ကောင်း၊ ကိုယ် အင်္ဂါ များ ကို သု စ ရိုက် လက် နက် အ ဖြစ် ဖြင့် လည်း ကောင်း၊ ဘု ရား သ ခင် အား ဆက် သ ကြ လော့။
သင် တို့ သည် ပ ညတ် တ ရား အောက်၌ မ ဟုတ်။ ကျေး ဇူး တ ရား အောက်၌ ရှိ နေ ကြ သည့် အ လျောက် ကိုယ့် အ ပေါ် တွင် အ ပြစ် တ ရား မ အုပ် စိုး ရ။
သို့ ဖြစ် လျှင် မည် သို့ နည်း။ ပ ညတ် တ ရား အောက်၌ မ ဟုတ်။ ကျေး ဇူး တ ရား အောက်၌ ရှိ သော ကြောင့် ငါ တို့ ပြစ် မှား လျက် နေ ရ ကြ မည် လော။
ထို သို့ မ ဖြစ် စေ ရာ။ အ ကြင် တ ရား ထံ လိုက် နာ ရန် ကျွန် အ ဖြစ် ကိုယ် ကို ဆက် သ လျှင် သေ စေ တတ် သော ပြစ် မှား ခြင်း တ ရား ဖြစ် စေ၊ ဖြောင့် မတ် စေ တတ် သော နာ ခံ ခြင်း တ ရား ဖြစ် စေ၊ လိုက် နာ ကြ သော ထို တ ရား၏ ကျွန် ဖြစ် သည် ကို သင် တို့ မ သိ ကြ လော။
သင် တို့ သည် အ ပြစ် တ ရား၏ ကျွန် များ ဖြစ် ခဲ့ သော် လည်း။ သင် ကြား ရ သော ဒေ သ နာ နည်း ကို စိတ် စေ တ နာ နှင့် လိုက် နာ လျက်၊ အ ပြစ် တ ရား မှ လွတ် သ ဖြင့်၊ ဖြောင့် မတ် ခြင်း တ ရား၏ ကျွန် များ ဖြစ် ကြ သော ကြောင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး လှ ပေ၏။
ဇာ တိ သ ဘော အ လိုက် သင် တို့ အား နည်း သော ကြောင့် လူ့ စ ရိုက် အ တိုင်း ငါ ဆို ရ လျှင် သင် တို့ သည် ကိုယ် အင်္ဂါ များ ကို ဒု စ ရိုက် အ လို့ ငှါ ညစ် ညှူး ခြင်း၊ မ တ ရား ခြင်း၏ ကျွန် အ ဖြစ် ဆက် သ ဖူး ကြ သ ကဲ့ သို့ ပင် ယ ခု မှာ၊ သန့် ရှင်း ခြင်း အ လို့ ငှါ ဖြောင့် မတ် ခြင်း၏ ကျွန် အ ဖြစ် ဆက် သ ကြ လော့။
ထို သို့ မ ဖြစ် စေ ရာ။ အ ပြစ် တ ရား အ ရာ၌ သေ ခဲ့ သော ငါ တို့ သည် ထို တ ရား၌ မည် သို့ ဆက် လက် နေ ထိုင် ရ ဦး မည် နည်း။
ကိုယ် တော် သည် ဘုန်း တော် ကြွယ် ဝ သည့် အ တိုင်း ဝိ ညာဉ် တော် အား ဖြင့် သင် တို့ အ ဇ္ဈ တ္တ လူ ကို ခွန် အား နှင့် သန် စွမ်း စေ တော် မူ ပါ မည့် အ ကြောင်း၊
ယုံ ကြည် ခြင်း အား ဖြင့် သင် တို့ စိတ် နှ လုံး၌ ခ ရစ် တော် စံ နေ တော် မူ ပါ မည့် အ ကြောင်း မေ တ္တာ တ ရား၌ အ မြစ် စွဲ ခြင်း၊ တိုက် မြစ် ချ ခြင်း ခံ ရ သော သင် တို့ သည်၊
ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ စုံ လင် တော် မူ သည့်နည်း တူ သင် တို့ လည်း စုံ လင် ခြင်း ရှိ ကြ ရ မည်။
ထို သုံး ဦး အ နက် ဓားပြ လက် တွင်း သို့ ရောက် သူ နှင့် အ ပေါင်း အ ဖော် မည် သူ မှန် သည် ထင် သ နည်း ဟု မေး တော် မူ သော် ကြင်နာ သူ တည်း ဟု ဖြေ ဆို ရာ
ယေ ရှု က ထို နည်း တူ သင် သွား၍ ပြု လော့ ဟု မိန့် တော် မူ ၏။
ဘု ရား သ ခင် သည် ငါ တို့ ကို ခ ရစ် တော် ကြောင့် ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း ဖြစ် စေ ရန် အ ပြစ် ကင်း သော ထို အ ရှင် ကို ငါ တို့ အ တွက် အ ပြစ် ဖြစ် စေ တော် မူ ပြီ တ ကား။
သင် တို့ သည် ဤ မြေ ကြီး၏ ဆား ဖြစ် ၏။ ဆား သည် အ ငံ ကုန် လျှင် အ ဘယ် အ ရာ ဖြင့် ငံ စေ ကြ မည် နည်း။ လူ တို့ ပစ် လိုက် ကျော် နင်း ခံ ရန် မှ တစ် ပါး မည် သည့် အ သုံး မျှ ဝင် ဦး မည် မ ဟုတ်။
သင် တို့ သည် ဤ လော က ၏ အ လင်း ဖြစ်၏။ တောင် ထိပ် ပေါ် မှာ တည် ရှိ သော မြို့ သည် ပုန်း ကွယ် လျက် မ နေ နိုင်၊
ပညတ်တရားတော်ကိုမောရှေအားဖြင့်ရသည်မှန်၏။ ယေရှုခရစ်အားဖြင့်မူကား ကျေးဇူးတော်နှင့် သစ္စာတော်သက်ရောက်သည်ဖြစ်၍ ငါတို့ရှိသမျှသည် ကိုယ်တော်၏အပြည့်အစုံမှ ကျေးဇူးတော်ကိုအထပ်ထပ်ခံရကြလေပြီ။
ပြေး ပွဲ မြတ်၌ ငါ့ လုံ့ လ ထုတ် ပြီ။ တာ အ ဆုံး တိုင် ရောက် ပြီ။ ယုံ ကြည် ခြင်း တ ရား ကို စောင့် ထိန်း ခဲ့ ပြီ။
ယ ခု မှ စ၍ ငါ့ အ ဖို့ ဖြောင့် မတ် ခြင်း ဆိုင် ရာ သ ရ ဖူ ရန် ထား လျက် ရှိ သ ဖြင့် ဖြောင့် မတ် သော တ ရား မင်း တည်း ဟူ သော အ ရှင် ဘု ရား သည် ထို သ ရ ဖူ ကို ငါ့ အား သာ မ ဟုတ်၊ ထင် ရှား တော် မူ ခြင်း ကို နှစ် သက် သူ ရှိ သ မျှ တို့ အား လည်း နေ့ တော် ကြီး၌ သ နား တော် မူ လိမ့် မည်။
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။
ငါ တို့ တောင်း လျှောက် သ မျှ နား ညောင်း တော် မူ သည် ဟု သိ ရ သည် မှာ တောင်း လျှောက် သည့် ဆု များ ကို ရ ရှိ ပြီ ဟု သိ ရ ကြ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ ပေါ် တွင် အ ထိန်း အ ကျောင်း ဖြစ် တော် မူ ၍၊ ငါ၌ လို လေ သေး မ ရှိ ရ။
စိမ်း လန်း သော စား ကျက် များ၌ ငါ့ ကို ဝပ် နေ စေ၍၊ ငြိမ် သက် ရာ မြစ် ရေ ချောင်း ရေ များ အ နီး ဆောင် သွား တော် မူ၏။
ငါ့ အ သက် ဝိ ညာဉ် ကို အား ဖြည့် လျက်၊ နာ မ တော် အ တွက် လမ်း ဖြောင့် များ၌ ဆောင် ယူ တော် မူ၏။
သင် တို့ သည် သင်္ဂ ဟ ဝတ် ကို အ ယောင် မ ဆောင် မေ တ္တာ ရှိ ကြ စေ ရန် သ မ္မာ တ ရား အ တိုင်း လိုက် နာ ခြင်း အား ဖြင့် စိတ် သန့် ရှင်း စေ ပြီး ဖြစ် သော ကြောင့် ပျက် စီး တတ် သော မျိုး အား ဖြင့် မ ဟုတ် ရှင် လျက် တည် မြဲ သော ဘု ရား သ ခင့် တ ရား တော် မ ပျက် စီး တတ် သော မျိုး တော် အား ဖြင့် အ သစ် ဖွား ကြ သည့် အ လျောက် တစ် ဦး ကို တစ် ဦး စိတ် ပါ ကိုယ် ရောက် ချစ် ကြ လော့။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။
သ ဘော ပေါက်၍ ဆောင် ရွက် ကြ စေ ခြင်း ငှါ သင် တို့ စိတ် ထဲ၌ စေ တ နာ တော် အ လျောက် ပြု ပြင် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။
ခ ရစ် တော် ကို အ ရှင် အ ဖြစ် သင် တို့ စိတ် နှ လုံး တွင် သီး သန့် ကြ လော့။ သင် တို့၌ တည် ရှိ သော မျှော် လင့် ခြင်း အ ကြောင်း မေး မြန်း သူ တိုင်း အား ဖြေ ဆို ရန် အ ခါ ခပ် သိမ်း အ သင့် ရှိ နေ ရ သည် မှာ
ထမ်း စင် ထက် တင် လျက် အ ထံ တော် သို့ ဆောင် ခဲ့ ကြ၏။ ထို သူ တို့၏ ယုံ ကြည် ခြင်း ကို မြင် တော် မူ သော် ယေ ရှု က ငါ့ သား အား ယူ လော့၊ သင့် အ ပြစ် ပြေ လွတ် ပြီ ဟု သူ နာ အား မိန့် တော် မူ လျှင်၊
ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူသည့်အတိုင်း၊ ကိုးကွယ်သူတို့လည်း စိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏။
ဘု ရား သ ခင် နှင့် ကျွမ်း ဝင် ခွင့် ကြောင့် တိုး ပွား လျက် ကောင်း မှု အ သီး အ မျိုး မျိုး ကို သိ သည့် အ လျောက် အ ရှင် ဘု ရား နှင့် ထိုက် လျော် စွာ ကျင့် ကြံ သ ဖြင့်၊
သို့ နှင့် အ ညီ ယုံ ကြည် ခွင့် သည် ကြား နာ ခြင်း ကြောင့်၊ ကြား နာ ခွင့် လည်း ခ ရစ် တော် သ တင်း ကြောင့် သာ ဖြစ် ၏။
ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ မည် သူ မ ဆို မ ပြစ် မှား ဘဲ ဘု ရား သ ခင် ဖြစ် ပွား စေ တော် မူ သော အ ရှင် စောင့် ထိန်း တော် မူ သ ဖြင့် မာရ် နတ် ထိ ခိုက် ခွင့် မ ရ ကြောင်း ငါ တို့ သိ ကြ၏။
သင် တို့ သည် မှောင် မိုက် ဖြစ် ဖူး သော် လည်း ယ ခု မှာ အ ရှင် ဘု ရား အား ဖြင့် အ လင်း ရောက် သော ကြောင့် အ လင်း ရ သူ များ အ ဖြစ် ကျင့် ကြံ ပြု မူ ကြ လော့။
အ လင်း၏ အ ကျိုး ကား ကျေး ဇူး ပြု ခြင်း၊ ဖြောင့် မတ် ခြင်း၊ မှန် ကန် ခြင်း အ မျိုး မျိုး တည်း။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။
ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
ခြား နား ခြင်း မ ရှိ။ လူ အ ပေါင်း တို့ သည် ဘု ရား သ ခင်၏ ဘုန်း တော် ကို မ မီ ဘဲ ပြစ် မှား သည့် အ လျောက်၊
အို ညီ အစ် ကို တို့၊ သင် တို့ ရှိ သ မျှ သည် ကွဲ ပြား ခြင်း မ ရှိ ဘဲ တစ် သံ တည်း ပြော ဆို လျက် သ ဘော ထား တစ် မျိုး၊ ဆုံး ဖြတ် ပုံ တစ် မျိုး တည်း အား ဖြင့် စေ့ စပ် စုံ လင် ကြ မည့် အ ကြောင်း ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် နှင့် ငါ နှိုး ဆော် ပါ ၏။