ဣသရေလအမျိုးသားတို့သည်ငါထာဝရ ဘုရားအား ပူဇော်သကာဆက်သရာ၌မှား ယွင်းချွတ်ချော်မှုရှိသော်လည်း၊ ထိုပူဇော် သကာကိုငါလက်ခံနိုင်ရန်အာရုန်သည်ရွှေ ပြားကိုနဖူးပေါ်တွင်တပ်ဆင်ထားရမည်။
ဝတ်ပြု 1:4 - Common Language Bible သူသည်နွား၏ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်သဖြင့် နွားကိုသူ၏အပြစ်ဖြေရာယဇ် အဖြစ်ထာဝရဘုရားလက်ခံတော်မူမည်။- Garrad Bible မီး ရှို့ ရန် နွား ဦး ခေါင်း ပေါ် တွင် လက် တင် သ ဖြင့် အ ပြစ် ဖြေ ခြင်း အ ဖြစ် လက် ခံ တော် မူ လိမ့် မည်။ Judson Bible ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း သူ့လက်ကို မီးရှို့ရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်သောအခါ ထိုယဇ်ကို သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းယဇ်အဖြစ် လက်ခံတော်မူမည်။ |
ဣသရေလအမျိုးသားတို့သည်ငါထာဝရ ဘုရားအား ပူဇော်သကာဆက်သရာ၌မှား ယွင်းချွတ်ချော်မှုရှိသော်လည်း၊ ထိုပူဇော် သကာကိုငါလက်ခံနိုင်ရန်အာရုန်သည်ရွှေ ပြားကိုနဖူးပေါ်တွင်တပ်ဆင်ထားရမည်။
``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။-
``အာရုန်နှင့်သူ၏သားတို့သည် သိုးထီးတစ် ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရမည်။-
``ထိုနောက်အာရုန်နှင့်သူ၏သားတို့အား ဒုတိယသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်စေရမည်။ ထိုသိုးသည်ယဇ်ပုရောဟိတ် အဖြစ်ခံယူရာ၌ပူဇော်သောသိုးဖြစ်၏။-
သူတို့သည်ယဇ်ပုရောဟိတ်အရာခံယူရာ၌ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်သောအစား အစာများကိုစားရမည်။ ထိုအစားအစာ တို့သည်သန့်ရှင်းသောကြောင့်ယဇ်ပုရောဟိတ် များကသာစားရကြမည်။-
``ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် တောင်သို့သင်တို့အားပို့ဆောင်မည်။ ငါ့အား ဆုတောင်းပတ္ထနာပြုရာအိမ်တော်တွင် သင် တို့သည်ဝမ်းမြောက်ခွင့်ကိုရရှိကြလိမ့်မည်။ ငါ၏ယဇ်ပလ္လင်တွင်သင်တို့တင်လှူပူဇော် သည့်မီးရှို့ရာယဇ်တို့ကို ငါလက်ခံမည်။ ငါ ၏ဗိမာန်တော်ကိုလူမျိုးတကာတို့ ဆုတောင်း ပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်သမုတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
သူသည်ဆိတ်၏ဦးခေါင်းပေါ်တွင်လက် နှစ်ဘက်ကိုတင်လျက် ဣသရေလအမျိုး သားတို့၏ဒုစရိုက်အပြစ်နှင့်ပုန်ကန်မှု ရှိသမျှကိုဝန်ချသောအားဖြင့် ထိုဒုစရိုက် အပြစ်များကိုဆိတ်၏ဦးခေါင်းပေါ်သို့ ကျရောက်စေသည်။ ထိုနောက်တာဝန်ကျ သောသူသည် ဆိတ်ကိုတောကန္တာရထဲ သို့မောင်းနှင်ရမည်။-
သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
တစ်စုံတစ်ယောက်သည်ငါ့အားမိတ်သဟာယ ယဇ်ပူဇော်သည့်အခါ ကတိသစ္စာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ စေတနာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ ငါလက်ခံနိုင်ရန် ယဇ်ကောင်တွင်အနာအဆာကင်းရမည်။-
တဲတော်ရှေ့တွင်ဆိတ်၏ဦးခေါင်းပေါ်၌ လက် ကိုတင်၍ဆိတ်ကိုသတ်ရမည်။ ယဇ်ပုရော ဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရမည်။-
ထိုသူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝ၌ နွား၏ဦးခေါင်းပေါ်တွင်လက် ကိုတင်၍နွားကိုသတ်ရမည်။ အာရုန်၏သား များဖြစ်ကြသောယဇ်ပုရောဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုပလ္လင်၏ဘေးလေးဘက် စလုံးပေါ်သို့ပက်ဖျန်းရမည်။-
တဲတော်ရှေ့တွင်သိုး၏ဦးခေါင်းပေါ်၌လက် ကိုတင်၍သိုးကိုသတ်ရမည်။ ယဇ်ပုရောဟိတ် တို့သည် ယဇ်ကောင်၏သွေးကိုယဇ်ပလ္လင်လေး ဘက်စလုံးပေါ်သို့ပက်ဖျန်းရမည်။-
ထိုနောက်အမျိုးသားခေါင်းဆောင်တို့သည် နွား၏ဦးခေါင်းပေါ်တွင်လက်များကိုတင် ၍နွားကိုသတ်ရမည်။-
သူသည်အပြစ်ဖြေရာယဇ်ကောင်နွားကို ပူဇော်သည့်နည်းစံနစ်အတိုင်း ယဇ်ကောင်ကို ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရော ဟိတ်သည် လူတို့၏အပြစ်အတွက်ယဇ်ကောင် ကိုပူဇော်သဖြင့် လူတို့သည်အပြစ်လွတ်ကြ လိမ့်မည်။-
ထိုသူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ ရာယဇ်ကောင်များကိုသတ်သည့်နေရာ၌ ဆိတ် ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ဆိတ်ကို သတ်ရမည်။ ဤယဇ်ပူဇော်ခြင်းသည်အပြစ် ပြေစေရန်အတွက်ဖြစ်၏။-
ထိုနောက်မိတ်သဟာယယဇ်ကောင်များ၏ အဆီကိုမီးရှို့ပူဇော်သကဲ့သို့ ဆိတ်အဆီ ရှိသမျှကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည် အုပ်ချုပ်သောမင်း၏အပြစ်အတွက်ပူဇော် သဖြင့်ထိုမင်းအပြစ်လွတ်လိမ့်မည်။
သူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာ ယဇ်ကောင်များသတ်သည့်နေရာ၌ ဆိတ်၏ဦး ခေါင်းပေါ်တွင်လက်ကိုတင်၍ဆိတ်ကိုသတ် ရမည်။-
ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
သူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာ ယဇ်ကောင်များသတ်သည့်နေရာ၌ သိုး၏ဦး ခေါင်းပေါ်တွင်လက်ကိုတင်၍သိုးကိုသတ် ရမည်။-
ထို့နောက်မိတ်သဟာယယဇ်ကောင်သိုးမှ အဆီကိုထုတ်ယူသကဲ့သို့ သိုးမမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ပူဇော်သကာ နှင့်တကွ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်လူ တစ်ဦး၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့် ထိုအပြစ်လွတ်လိမ့်မည်။
သူသည်နွားကိုတဲတော်တံခါးဝထာဝ ဘုရားရှေ့တော်သို့ယူဆောင်ခဲ့ပြီးလျှင် နွား ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ ထာဝရ ဘုရားရှေ့တော်တွင် ထိုနေရာ၌နွားကိုသတ် ရမည်။-
အပြစ်ဒဏ်အတွက်သူသည် ထာဝရဘုရား ထံတော်သို့သိုးမသို့မဟုတ်ဆိတ်မကိုယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် ထိုသူ၏အပြစ်အတွက်ယဇ်ကောင်ကို ပူဇော်ရမည်။
ထိုနောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည် အပြစ်လွတ်လိမ့်မည်။
ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ် ပူဇော်ရန်နွားပျိုကိုထုတ်ဆောင်ခဲ့၍ အာရုန် နှင့်သူ၏သားတို့အားနွား၏ဦးခေါင်းပေါ် တွင်လက်ကိုတင်စေသည်။-
ထို့နောက်မောရှေသည်မီးရှို့ရာယဇ်ကိုပူဇော် ရန်သိုးထီးကိုထုတ်ဆောင်ခဲ့၍ အာရုန်နှင့်သူ ၏သားတို့အားသိုး၏ဦးခေါင်းပေါ်တွင် လက်ကိုတင်စေ၏။-
ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်များ ကိုသိက္ခာတင်ရာ၌ပူဇော်ရန် ဒုတိယသိုး ထီးကိုယူဆောင်ခဲ့၍ အာရုန်နှင့်သူ၏သား တို့ကသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်ကြသည်။-
ထို့နောက်သူသည်အာရုန်အား``သင်၏အပြစ် နှင့်ဣသရေလအမျိုးသားတို့၏အပြစ် ပြေရန်အတွက် ယဇ်ပလ္လင်သို့သွား၍အပြစ် ဖြေရာယဇ်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ကို လည်းကောင်းပူဇော်လော့။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အတွက်အပြစ်ဖြေရာယဇ်ကို ပူဇော်လော့'' ဟုဆိုလေ၏။
ယဇ်ပုရောဟိတ်သည်ဣသရေလအမျိုး သားအပေါင်းအတွက် သန့်စင်ခြင်းဝတ် ကိုပြုရမည်။ ထိုအခါသူတို့သည်အပြစ် လွတ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်အမှတ်မထင်မှားယွင်းမိ၍ ပူဇော် သကာအဖြစ်အပြစ်ဖြေရာယဇ်ကို ထာဝရဘုရားထံတော်သို့ယူဆောင် ခဲ့သောကြောင့်ဖြစ်သည်။-
ယဇ်ပုရောဟိတ်သည်ထိုသူအတွက်အပြစ် ဖြေရာယဇ်ကိုပူဇော်သောအားဖြင့် အပြစ် မှလွတ်လိမ့်မည်။-
သူသည်ငါမှတစ်ပါးအခြားသောဘုရားကို လက်မခံသဖြင့် ဣသရေလအမျိုးသားတို့ ၏အပြစ်ပြေရာပြေကြောင်းကိုဆောင်ရွက်ခဲ့ သောကြောင့် သူမှစ၍သူ၏အဆက်အနွယ် တို့သည်ယဇ်ပုရောဟိတ်အရာကိုအမြဲ ဆက်ခံစေရမည်'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့၏ဦးခေါင်းများ ပေါ်တွင်လက်ကိုတင်ရမည်။-
ထိုနောက်လေဝိအနွယ်ဝင်တို့သည်နွားထီး နှစ်ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရ ကြမည်။ လေဝိအနွယ်ဝင်တို့အားဘာသာ တရားကျင့်ထုံးအရ သန့်စင်စေရန်အတွက် အပြစ်ဖြေရာယဇ်အဖြစ်နွားထီးတစ်ကောင် ကိုလည်းကောင်း၊ မီးရှို့ရာယဇ်အဖြစ်အခြား နွားထီးတစ်ကောင်ကိုလည်းကောင်းပူဇော် ရမည်။
သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် လူတို့သည်အပြစ်များမှပြေလွတ်နိုင်ကြ စေရန် ဘုရားသခင်သည်ထိုအရှင်ကိုပူဇော် သကာအဖြစ်သတ်မှတ်တော်မူ၏။ လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်အပြစ်များ မှပြေလွတ်ခြင်းကိုခံစားရကြ၏။ ဘုရား သခင်သည်ခရစ်တော်ကိုပူဇော်သကာ အဖြစ်သတ်မှတ်တော်မူရခြင်းမှာ ကိုယ် တော်သည်ဖြောင့်မတ်တော်မူသောအရှင်ဖြစ် ကြောင်းကိုပြသရန်ဖြစ်၏။ ယခုခေတ် ကာလအထိဘုရားသခင်သည်စိတ်ရှည် သည်းခံတော်မူပြီးလျှင် လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုအရေးယူတော်မမူ။ သို့ရာတွင်ယခုခေတ်ကာလ၌ကိုယ်တော် သည် မိမိ၏ဖြောင့်မတ်ခြင်းကိုပြသရန် လူတို့၏အပြစ်များကိုအရေးယူတော် မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် မိမိကိုယ်တိုင်ပင်ဖြောင့်မတ်တော်မူသော အရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ သခင်ယေရှုအားယုံကြည်သူအပေါင်းတို့ ကို မိမိနှင့်မှန်ကန်စွာဆက်ဆံစေတော်မူ ကြောင်းကိုလည်းကောင်းဖော်ပြတော်မူ၏။
ဤမျှသာမက၊ ဘုရားသခင်သည်ငါတို့အား ကိုယ်တော်၏မိတ်ဆွေဖြစ်စေတော်မူသော ငါတို့ သခင်ယေရှုခရစ်အားဖြင့်ပြုတော်မူသော အမှုကြောင့်ငါတို့ရွှင်လန်းဝမ်းမြောက်ကြ၏။
သင်တို့ပေးပို့လိုက်သောအလှူပစ္စည်းအား လုံးကိုရရှိကြောင်း ဤတွင်ဖော်ပြပါသည်။ ထိုအလှူပစ္စည်းများကိုဧပဖြောဒိတ်ယူ လာပေးသဖြင့် ငါလိုသမျှရရှိပေပြီ။ ထို အရာတို့သည်မွှေးကြိုင်သောပူဇော်သကာ၊ ဘုရားသခင်လက်ခံနှစ်သက်တော်မူ သောယဇ်ကဲ့သို့ဖြစ်ပါ၏။-
ကိုယ်တော်သည်ငါတို့၏အပြစ်များသာမက ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၏အြုပစ်ပြေ ရာပြေကြောင်းပူဇော်ဆက်ကပ်တော်မူသော အရှင်ဖြစ်တော်မူ၏။