Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 8:14 - Common Language Bible

14 ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​နွား​ပျို​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန် နှင့်​သူ​၏​သား​တို့​အား​နွား​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​စေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ ပြစ် ဖြေ ရာ သ က္ကာ နွား ကို ဆောင် သွင်း ၍ နွား ခေါင်း ပေါ် တွင် အာ ရုန် နှင့် သား တို့ လက် တင် ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ နွား​ထီး​ကို​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​တစ်​ကောင်​ကို​ယူဆောင်​လာ​ပြီး အာရုန်​နှင့်​သူ​၏​သား​တို့​သည် မိမိ​တို့​လက်​ကို အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​၏​ခေါင်း​ပေါ်၌ တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 8:14
17 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​သည်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန် သိုး​ကို​ဆက်​သ​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​နွား​နှင့်​ဆိတ်​များ​ကို ယဇ်​ပူ​ဇော်​ပါ​မည်။ မီး​ရှို့​ရာ​ယဇ်​များ​မှ​မီး​ခိုး​သည်​ကောင်း​ကင်​သို့ တက်​ပါ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​က၊ ``ထို​သူ​သည်​ငါ​၏​အ​လို​တော်​အ​ရ​ဝေ​ဒ​နာ ခံ​ရ​ခြင်း​ဖြစ်​၏။ သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​မိ​မိ​ကိုယ် ကို တင်​လှူ​ပူ​ဇော်​သည်​ဖြစ်​၍ မိ​မိ​၏​သား​မြေး​အ​မြောက်​အ​မြား​ကို​တွေ့​မြင်​ခွင့် ရ​ရှိ​လိမ့်​မည်။ သူ​သည်​အ​သက်​ရှည်​လိမ့်​မည်။ ငါ​၏​အ​ကြံ​အ​စည်​တော်​အောင်​မြင်​မှု​ကို​လည်း အ​ထောက်​အ​ကူ​ပြု​လိမ့်​မည်။


ငါ​၏​ရှေ့​တော်​သို့​ဝင်​၍​အ​မှု​တော်​ဆောင်​သူ များ​မှာ​ဇာ​ဒုတ်​၏​သား​မြေး၊ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​အ​တွက်​နွား​ထီး​ပျို​တစ်​ကောင် ကို​သူ​တို့​အား​ပေး​ရ​မည်။-


သင်​သည်​ထို​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ ၍​ယဇ်​ပလ္လင်​ထိပ်​ထောင့်​ချွန်​များ၊ အ​လယ်​ဆင့် ထောင့်​များ​နှင့်​ယဇ်​ပလ္လင်​ပတ်​လည်​အ​နား​တို့ အ​ပေါ်​မှာ​တင်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင် သည်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​၍​ဆက်​ကပ် ရ​မည်။-


ထို​နောက်​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း သို့​ဝင်​၍​မိ​မိ​၏​သန့်​စင်​မှု​အ​တွက်​ယဇ်​ကို ပူ​ဇော်​ရ​မည်။ သို့​မှ​သာ​လျှင်​သူ​သည်​ဗိ​မာန် တော်​တွင်​ပြန်​၍​အ​မှု​တော်​ထမ်း​ဆောင်​နိုင် မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။


သူ​သည်​နွား​၏​ဦး​ခေါင်း​ပေါ်​တွင် မိ​မိ​လက်​ကို တင်​သ​ဖြင့် နွား​ကို​သူ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ​တော်​မူ​မည်။-


သူ​သည်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် နှစ်​ဘက်​ကို​တင်​လျက် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​နှင့်​ပုန်​ကန်​မှု ရှိ​သ​မျှ​ကို​ဝန်​ချ​သော​အား​ဖြင့် ထို​ဒု​စ​ရိုက် အ​ပြစ်​များ​ကို​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ရောက်​စေ​သည်။ ထို​နောက်​တာ​ဝန်​ကျ သော​သူ​သည် ဆိတ်​ကို​တော​ကန္တာ​ရ​ထဲ သို့​မောင်း​နှင်​ရ​မည်။-


သူ​သည်​မိ​မိ​အ​ပြစ်​များ​နှင့် မိ​မိ​၏ မိ​သား​စု​အ​ပြစ်​များ​ဖြေ​ရန် နွား​ထီး ကို​ပူ​ဇော်​ရ​မည်။-


ထို​နောက်​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​များ​ကို​တင် ၍​နွား​ကို​သတ်​ရ​မည်။-


``အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို​ငါ​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊ သိက္ခာ​တင်​ဆီ၊ အ​ပြစ်​ဖြေ ရာ​ယဇ်​အ​တွက်​နွား​ပျို​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ​ခဲ့​လော့။-


ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​နွား​ထီး နှစ်​ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ ကြ​မည်။ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဘာ​သာ တ​ရား​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး​တစ်​ကောင် ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​အ​ခြား နွား​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော် ရ​မည်။


လူ့​ဇာ​တိ​သ​ဘော​အား​နည်း​မှု​ကြောင့်​ပ​ညတ် တ​ရား​က မ​ဆောင်​ရွက်​ပေး​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​က​ဆောင်​ရွက်​ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​ဇာ​တိ​သ​ဘော​တွင်​သက် ရှင်​လှုပ်​ရှား​သည့်​အ​ပြစ်​တ​ရား​ကို​အ​ပြစ် ဒဏ်​စီ​ရင်​ရန် မိ​မိ​၏​သား​တော်​အား​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သား​တော်​သည်​အ​ပြစ် တ​ရား​ကို​ဖျက်​ဆီး​ပစ်​ရန်​လူ့​ဇာ​တိ​ကို ခံ​ယူ​တော်​မူ​သည်။-


ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။


အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​ကိုယ်​တိုင် ပင်​လျှင် ငါ​တို့​၏​အ​ပြစ်​များ​အ​တွက်​အ​ပြီး အ​ပိုင်​အ​သေ​ခံ​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တော်​စင်​ဖြစ်​တော်​မူ​၍​မ​သူ တော်​တို့​အ​တွက်​အ​သေ​ခံ​တော်​မူ​လေ​ပြီ။ ယင်း သို့​ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​အား​ဘု​ရား သ​ခင်​ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ပင်​ဖြစ်​၏။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​အ​သေ သတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း​ဝိ​ညာဉ်​အား ဖြင့်​အ​သက်​ပြန်​၍​ရှင်​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ