ဝတ်ပြု 4:31 - Common Language Bible31 ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible31 မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ အ နက် ဆီ ဥ ကို ခွါ သ ကဲ့ သို့ ဆီ ဥ ရှိ သ မျှ ကို ခွါ ပြီး လျှင် ပ လ္လင် တော် ပေါ် မှာ မီး နှင့် ပူ ဇော် ခြင်း ပြု လျက် ထို သူ့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible31 မိတ်သဟာယယဇ်ကောင်ဆီဥကို ယူသကဲ့သို့၊ ဆီဥရှိသမျှကိုယူ၍ ထာဝရဘုရားအားမွှေးကြိုင်စရာဖို့ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဖို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်မှအဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် သူ့အတွက်အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
အာရုန်၏သားများဖြစ်သောယဇ်ပုရောဟိတ် တို့ထံသို့ယူဆောင်ခဲ့ရမည်။ တာဝန်ကျသော ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆုပ်၊ ဆီ နှင့်အမွှေးနံ့သာရှိသမျှကိုယူ၍ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသို့ပူဇော် ခြင်းသည်ထာဝရဘုရားအား ဘောဇဉ်အကုန် အစင်ပူဇော်ရာရောက်၏။ ဤပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။-
ယဇ်ပုရောဟိတ်သည်ဣသရေလအမျိုး သားအပေါင်းအတွက် သန့်စင်ခြင်းဝတ် ကိုပြုရမည်။ ထိုအခါသူတို့သည်အပြစ် လွတ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်အမှတ်မထင်မှားယွင်းမိ၍ ပူဇော် သကာအဖြစ်အပြစ်ဖြေရာယဇ်ကို ထာဝရဘုရားထံတော်သို့ယူဆောင် ခဲ့သောကြောင့်ဖြစ်သည်။-