Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 4:24 - Common Language Bible

24 ထို​သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို​သတ်​သည့်​နေ​ရာ​၌ ဆိတ် ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို သတ်​ရ​မည်။ ဤ​ယဇ်​ပူ​ဇော်​ခြင်း​သည်​အ​ပြစ် ပြေ​စေ​ရန်​အ​တွက်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ဦး ခေါင်း ပေါ် တွင် လက် တင် ပြီး လျှင် အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား မျက် မှောက် မီး ရှို့ ရာ သ က္ကာ ကို စီ ရင် မြဲ နေ ရာ၌ စီ ရင် စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ဆိတ်​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်​တွင် သတ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 သူ​သည် မိမိ​လက်​ကို ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၊ ထာဝရဘုရား​ရှေ့​တော်​၌ ၎င်း​ကို​သတ်​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 4:24
17 ပူးပေါင်းရင်းမြစ်များ  

ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သကာ​နှင့်​အ​ပြစ်​ဖြေ ရာ​ပူ​ဇော်​သ​ကာ​တို့​မှ​ရ​ရှိ​သည့်​ငွေ​ကို​မူ အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​မ​ထည့်​ဘဲ​ယဇ်​ပု​ရော ဟိတ်​တို့​ယူ​ရ​ကြ​၏။


နောက်​ဆုံး​၌​သူ​တို့​သည်​ဆိတ်​များ​ကို​မင်း​ကြီး နှင့်​လူ​ပ​ရိ​သတ်​တို့​ထံ​သို့​ယူ​ဆောင်​ကာ ဆိတ် တို့​အ​ပေါ်​သို့​လက်​များ​ကို​တင်​စေ​ကြ​၏။-


``ယဇ်​ပလ္လင်​ပေါ်​တွင်​နေ့​စဉ်​မ​ပြတ်​တစ်​နှစ် သား​သိုး​က​လေး​နှစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-


ငါ​တို့​ရှိ​သ​မျှ​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ကာ မိ​မိ​တို့​သွား​လို​ရာ​လမ်း​သို့​လိုက်​လျက်​နေ​ကြ သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ခံ​ယူ​ထိုက်​သည့် အ​ပြစ်​ဒဏ်​ကို​ထို​သူ​၏​အ​ပါ်​သို့​တင်​တော်​မူ​၏။


သူ​သည်​ယဇ်​ကောင်​ကို​ယဇ်​ပလ္လင်​၏​မြောက်​ဘက် တွင်​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ယဇ် ကောင်​၏​သွေး​ကို ပလ္လင်​ဘေး​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-


သူ​သည်​နွား​၏​ဦး​ခေါင်း​ပေါ်​တွင် မိ​မိ​လက်​ကို တင်​သ​ဖြင့် နွား​ကို​သူ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ​တော်​မူ​မည်။-


သူ​သည်​ထို​နေ​ရာ​တွင်​နွား​ကို​သတ်​၍ အာ​ရုန် ၏​သား​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့ က​သွေး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ပြီး လျှင် တဲ​တော်​တံ​ခါး​ဝ​တွင်​ရှိ​သော​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ ကြ​မည်။-


သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နှင့်​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​သန့်​ရှင်း​ရာ ဌာ​န​တွင်​သိုး​ကို​သတ်​ရ​မည်။ အ​ပြစ်​ဒဏ်​ပြေ ရာ​ယဇ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။ ထို​ယဇ် သည်​အ​လွန်​သန့်​ရှင်း​သည်။-


ထို​နောက်​သူ​သည် လူ​တို့​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​ဖြစ်​သော​ဆိတ်​ကို​သတ်​၍ သွေး​ကို​အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ယူ​ခဲ့​ရ​မည်။ နွား ၏​သွေး​ကို​ဖျန်း​သည့်​နည်း​တူ​ဆိတ်​၏​သွေး​ကို ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​ပေါ်​တွင်​လည်း​ကောင်း၊ သေတ္တာ​အ​ရှေ့​တွင်​လည်း​ကောင်း​ဖျန်း​ရ မည်။-


တဲ​တော်​ရှေ့​တွင်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​၌ လက် ကို​တင်​၍​ဆိတ်​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-


ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​၌ နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ကို​တင်​၍​နွား​ကို​သတ်​ရ​မည်။ အာ​ရုန်​၏​သား များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ပလ္လင်​၏​ဘေး​လေး​ဘက် စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-


တဲ​တော်​ရှေ့​တွင်​သိုး​၏​ဦး​ခေါင်း​ပေါ်​၌​လက် ကို​တင်​၍​သိုး​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင်​လေး ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-


အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယောကျာ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ဘော​ဇဉ် သ​ကာ​မှ​ဝေ​စု​ကို​ထာ​ဝ​စဉ်​စား​သုံး​စေ​ရ မည်။ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​က ထို ဘော​ဇဉ်​သ​ကာ​ကို​ထိ​ကိုင်​မိ​လျှင် ထို​ဘော​ဇဉ် ၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့် မည်။


အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ယဇ်​ပု​ရော ဟိတ်​မင်း​အ​ဖြစ်​အ​မှု​တော်​ဆောင်​ရွက်​ရ​သူ တိုင်း​သည် ထို​ပူ​ဇော်​သ​ကာ​ကို​အ​စဉ်​ဆက်​သ ရ​မည်။ ဤ​ပြ​ဋ္ဌာန်း​ချက်​ကို​ထာ​ဝ​စဉ်​လိုက်​နာ ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ထို ဘော​ဇဉ်​သ​ကာ​ကို​အ​ကုန်​အ​စင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။-


ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင် များ​ကို​သတ်​သည့်​နေ​ရာ​တွင် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​အ​တွက်​ယဇ်​ကောင်​ကို​သတ် ရ​မည်။ သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ