Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 8:22 - Common Language Bible

22 ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ ကို​သိက္ခာ​တင်​ရာ​၌​ပူ​ဇော်​ရန် ဒု​တိ​ယ​သိုး ထီး​ကို​ယူ​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား တို့​က​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ခန့် ထား ခြင်း ဆိုင် ရာ အ ခြား သိုး ကို လည်း တင် သွင်း၍ သိုး ခေါင်း ပေါ် တွင် အာ ရုန် နှင့် သား တို့ လက် တင် ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ခြား​သော​သိုး၊ အ​ရာ၌​ခန့်​ထား​ရာ​သိုး​ကို ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် မိ​မိ​တို့​လက်​ကို​သိုး​ခေါင်း​ပေါ်​မှာ တင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း နောက်​သိုးထီး​တစ်​ကောင်​ဖြစ်​သည့် အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​ကို ယူဆောင်​လာ​ပြီး အာရုန်​နှင့်​သူ​၏​သား​တို့​သည် မိမိ​တို့​လက်​ကို သိုးထီး​၏​ခေါင်း​ပေါ်၌ တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 8:22
10 ပူးပေါင်းရင်းမြစ်များ  

ဤ​ကား​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ၊ သိက္ခာ​တင်​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။-


``အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို​ငါ​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊ သိက္ခာ​တင်​ဆီ၊ အ​ပြစ်​ဖြေ ရာ​ယဇ်​အ​တွက်​နွား​ပျို​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ​ခဲ့​လော့။-


ထို့​နောက်​မော​ရှေ​သည်​သိုး​၏​ရင်​ပုံ​သား​ကို အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​လေ​သည်။ ထို​ရင်​ပုံ​သား​မှာ သိက္ခာ​တင်​ရာ​ယဇ်​ကောင်​မှ​မော​ရှေ​ပိုင်​ဝေ​စု ဖြစ်​သည်။ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ သည်။


သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။''


ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။-


ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။


လင်​ဖြစ်​သူ​တို့၊ ခ​ရစ်​တော်​သည်​အ​သင်း​တော်​ကို ချစ်​တော်​မူ​၍ အ​သင်း​တော်​အ​တွက်​မိ​မိ​အ​သက် ကို​စွန့်​တော်​မူ​သည့်​နည်း​တူ သင်​တို့​၏​မ​ယား​များ ကို​ချစ်​ကြ​လော့။-


အ​သင်း​တော်​ကို​မိ​မိ​အား​ဆက်​သ​တော်​မူ​ရာ ၌​အ​ညစ်​အ​ကြေး​အ​စွန်း​အ​ကွက်​မ​ရှိ၊ သန့်​ရှင်း ဖြူ​စင်​အ​ပြစ်​ကင်း​လျက်​လှ​ပ​တင့်​တယ်​သော အ​သ​ရေ​နှင့်​ပြည့်​စုံ​နိုင်​စေ​ရန်​ပင်​ဖြစ်​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ