ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
တမန်တော်ဝတ္ထု 27:24 - Common Language Bible `ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။- Garrad Bible အို ပေါ လု၊ မ ကြောက် နှင့်။ သင် သည် ကဲ သာ မင်း ရှေ့ ရပ် တန့် ရ မည့် ပြင် သင်္ဘော စီး ဖော် ရှိ သ မျှ ကို လည်း သင့် အား ဘု ရား သ ခင် သ နား တော် မူ ပြီ ဟု မြွက် ဆို၏။ Judson Bible ပေါလု၊ သင်သည် မစိုးရိမ်နှင့်။ ကဲသာဘုရင်ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော်မူပြီဟု ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ‘ပေါလု၊ မစိုးရိမ်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့သို့ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်နေသူအပေါင်းတို့ကိုလည်း သင့်အား ပေးအပ်တော်မူပြီ’ဟု မြွက်ဆိုခဲ့ပါသည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ပေါလု… မကြောက်နှင့်။ သင်သည်ဆီဇာဘုရင်ရှေ့မှောက်သို့ ဝင်ရမည်။ ထို့ပြင် ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်သောသူရှိသမျှတို့အား အသက်ဘေးမှ လွတ်ခွင့်ကိုလည်း ပေးတော်မူပြီ’ ဟု ဆို၏။ |
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ထာဝရဘုရားသည်လောတနေထိုင်ရာ ချိုင့်ဝှမ်းရှိမြို့များကိုဖျက်ဆီးသောအခါ၌ အာဗြဟံကိုသတိရတော်မူ၏။ လောတကိုလည်းပျက်စီးခြင်းဘေးမှလွတ်မြောက်စေတော်မူ၏။
ထိုအခါလာဗန်က``ငါလည်းပြောပါရစေ။ ထာဝရဘုရားသည်သင့်ကြောင့်ငါ့အား ကောင်းချီးပေးတော်မူကြောင်းကိုငါသိ မြင်လာရပြီ။-
ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ၍ သူတာဝန်ယူဆောင်ရွက်သမျှတို့၌အောင်မြင် စေတော်မူသောကြောင့် ထောင်မှူးသည်ယောသပ် အားတာဝန်များကိုစိတ်ချယုံကြည်စွာ လွှဲအပ်လေသည်။
ထိုအချိန်မှအစပြု၍ထာဝရဘုရားသည် ယောသပ်ကြောင့် ထိုအီဂျစ်အမျိုးသား၏အိမ် ထောင်ကိုလည်းကောင်း၊ သူ၏အိမ်စီးပွားနှင့်လယ် ယာစီးပွားတို့ကိုလည်းကောင်း၊ ကောင်းချီးပေး တော်မူ၏။-
ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
ဧလိယကလည်း``မစိုးရိမ်နှင့်။ သင်တို့စားရန် အစားအစာကိုသာသွား၍ပြင်ဆင်ပါလော့။ သို့ရာတွင်ဦးစွာပထမငါ၏အတွက်မုန့် ပြားတစ်ချပ်ကိုလုပ်၍ယူခဲ့လော့။ နောက်မှ ကျန်ရှိသောမုန့်ညက်ဖြင့်သင်တို့သားအမိ အတွက်မုန့်ကိုလုပ်ပါလော့။-
ဧလိရှဲက``မစိုးရိမ်နှင့်။ ငါတို့ဘက်၌ရှိနေ သူတို့သည် သူတို့ဘက်၌ရှိနေသူတို့ထက် ပိုမိုများပြား၏'' ဟုဆို၏။-
သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။
သို့ဖြစ်၍ဒံယေလသည် ဗာဗုလုန်မြို့က ပညာရှိတို့အား ကွပ်မျက်ရန်မင်းကြီးတာဝန် ပေးအပ်ထားသူအာရုတ်၏ထံသို့သွား၍``ထို သူတို့အားမကွပ်မျက်ပါနှင့်။ အကျွန်ုပ်အား ဘုရင်၏ထံတော်သို့ခေါ်ဆောင်သွားပါ။ အ ကျွန်ုပ်သည်မင်းကြီး၏အိပ်မက်ကိုအနက် ဖွင့်ပြပါမည်'' ဟုဆို၏။
အသက်မသေဘဲကျန်ရစ်သောဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကျစေ တော်မူသောနှင်းကဲ့သို့နိုင်ငံများစွာအား လန်းဆန်းစေလိမ့်မည်။ အပင်များပေါ်သို့ ရွာသွန်းသောမိုးကဲ့သို့ဖြစ်လိမ့်မည်။ ယင်း တို့သည်လူတို့၏အမိန့်ကိုမနာခံ၊ ဘုရားသခင်၏အမိန့်ကိုသာနာခံကြ၏။-
သင်တို့သည်ငါ့အတွက်ကြောင့်အာဏာပိုင်များ နှင့်ရှင်ဘုရင်များရှေ့မှောက်သို့ရောက်ရကြလိမ့် မည်။ သို့ဖြစ်၍ထိုသူတို့အားလည်းကောင်း၊ လူမျိုး တကာတို့အားလည်းကောင်းငါ၏အကြောင်း သတင်းကောင်းကိုကြေညာခွင့်ရလိမ့်မည်။-
ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
ကိုယ်တော်က ``တစ်နေ့တွင်တစ်ဆယ့်နှစ်နာရီရှိ သည်မဟုတ်လော။ နေ့အချိန်၌သွားလာသူ သည်နေ၏အလင်းရောင်ကိုမြင်ရသဖြင့် ခလုတ်မထိဘဲကောင်းစွာသွားလာနိုင်၏။-
ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။-
ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
အကယ်၍တရားဥပဒေကိုချိုးဖောက်ကာ သေဒဏ်ခံထိုက်သောအပြစ်ကိုကူးလွန်မိ လျှင် အကျွန်ုပ်အားအသက်ချမ်းသာခွင့်ပေး ရန်တောင်းခံမည်မဟုတ်ပါ။ သို့သော်ထိုသူ တို့စွပ်စွဲချက်များသည်အခြေအမြစ်မရှိ ပါလျှင် မည်သူမျှအကျွန်ုပ်အားသူတို့၏ လက်သို့ပေးအပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ် သည်ဧကရာဇ်ဘုရင်ထံအယူခံပါ၏'' ဟု လျှောက်၏။
ပေါလုသည်တပ်မှူးနှင့်စစ်သားများအား ``ဤ သင်္ဘောသားတို့သည်သင်္ဘောပေါ်တွင်မနေကြ လျှင် သင်တို့ကိုယ်တိုင်အသက်ချမ်းသာရန် မျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်'' ဟုပြော လေ၏။-
ထိုအခါစစ်သားများသည်အကျဉ်းသားတို့ ရေကူး၍ထွက်ပြေးမည်ကိုစိုးရိမ်သဖြင့် သူ တို့အားအသေသတ်ရန်ကြံစည်ကြ၏။-
ထို့နောက်ကျန်သောသူတို့အားပျဉ်ပြားများ ကိုသော်လည်းကောင်း၊ သင်္ဘောပျက်မှသင်္ဘောအပိုင်း အစများကိုသော်လည်းကောင်းစီး၍ကူးကြ ရန်အမိန့်ပေး၏။ ဤနည်းအားဖြင့်ကျွန်ုပ်တို့ အားလုံးပင်ဘေးလွတ်၍ကုန်းပေါ်သို့ရောက် ကြသတည်း။
သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။-
ထို့အပြင်ငါတည်းခိုရန်အခန်းတစ်ခုကို အသင့်ပြင်ထားပါလော့။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည်သင်တို့အပေါင်း၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ငါ့ အားသင်တို့ထံသို့ပြန်လည်ရောက်ရှိစေတော် မူလိမ့်မည်ဟုငါမျှော်လင့်သောကြောင့်ဖြစ်၏။
သို့ဖြစ်၍သင်တို့အချင်းချင်းမိမိတို့၏ အပြစ်များကိုဖော်ပြဝန်ခံ၍ အချင်းချင်း အတွက်ဆုတောင်းသဖြင့်သင်တို့၏ရောဂါ များပျောက်ကင်းလိမ့်မည်။ သူတော်ကောင်း၏ ဆုတောင်းပတ္ထနာသည်အလွန်တန်ခိုးပါ၏။-
ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။-