Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 19:29 - Common Language Bible

29 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လော​တ​နေ​ထိုင်​ရာ ချိုင့်​ဝှမ်း​ရှိ​မြို့​များ​ကို​ဖျက်​ဆီး​သော​အ​ခါ​၌ အာ​ဗြ​ဟံ​ကို​သ​တိ​ရ​တော်​မူ​၏။ လော​တ​ကို​လည်း​ပျက်​စီး​ခြင်း​ဘေး​မှ​လွတ်​မြောက်​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ထို သို့ ဘု ရား သ ခင် သည် မြစ် ကမ်း ပြင် ရှိ မြို့ များ ကို ဖျက် ဆီး သော အ ခါ၊ အာ ဗြ ဟံ ကို သ တိ ရ တော် မူ၍ လော တ နေ သော မြို့ များ ကို ဖြို လှဲ ဖျက် ဆီး စဥ် တွင်၊ ဖြို လှဲ ရာ မှ လော တ ကို လွှတ် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ထို​သို့​ဘု​ရား​သ​ခင်​သည် ချိုင့်​ထဲ​မှာ​ရှိ​သော​မြို့​တို့​ကို ဖျက်​ဆီး​သော​အ​ခါ၊ အာ​ဗြ​ဟံ​ကို အောက်​မေ့​တော်​မူ​၏။ လော​တ​နေ​သော​မြို့​တို့​ကို မှောက်​လှဲ​သော​အ​ခါ မှောက်​လှဲ​ရာ​ထဲ​က လော​တ​ကို လွှတ်​လိုက်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ထိုသို့ မြစ်ဝှမ်း​ရှိ​မြို့​များ​ကို ဘုရားသခင်​ဖျက်ဆီး​သောအခါ ဘုရားသခင်​သည် အာဗြဟံ​ကို​အောက်မေ့​တော်မူ​၏​။ သို့ဖြစ်၍ လောတ​နေ​သော​မြို့​များ​ကို ဖြိုလှဲ​သောအခါ လောတ​ကို​ထို​ဖြိုလှဲ​ခြင်း​ထဲ​မှ လွှတ်ပေး​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 19:29
21 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​ကောင်း​မှု​ကု​သိုလ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပြည်​ကို​သင်​တို့​အား​ပေး​တော် မူ​သည်​မ​ဟုတ်။ ထို​သူ​တို့​ဆိုး​ယုတ်​သော​ကြောင့် လည်း​ကောင်း၊ သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ထား ခဲ့​သော​က​တိ​တော်​ကို​တည်​စေ​ရန် အ​လို​တော် ရှိ​သော​ကြောင့်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား သည်​ထို​သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​မည်။-


ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​တ​ကွ​သင်္ဘော​ပေါ် တွင် ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​ကို​မေ့ တော်​မ​မူ။ သို့​ဖြစ်​၍​လေ​ကို​တိုက်​စေ​သ​ဖြင့် ရေ​သည်​စ​၍​ကျ​ဆင်း​လေ​၏။-


အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​က ကျွန်​တော်​မျိုး​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​နှင့် အ​မှား​အ​ယွင်း​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ခိုင်​မြဲ​သော​မေတ္တာ​ရှိ​တော်​မူ​၍ ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီ ကျွန်​တော်​မျိုး​အား​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။


သို့​ရာ​တွင်​ဆိုး​ယုတ်​သူ​တို့​၏​မ​သ​မာ​သော အ​ကျင့်​အ​ကြံ​များ​ကြောင့်​အ​လွန်​စိတ်​ပျက် လျက်​နေ​သူ သူ​တော်​ကောင်း​လော​တ​ကို​မူ ကား​ကိုယ်​တော်​သည်​မီး​ဘေး​မှ​ကယ်​ဆယ် တော်​မူ​၏။-


``အို ဣ​သ​ရေ​လ​ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ ပစ်​ပယ်​နိုင်​မည်​နည်း။ ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ စွန့်​ပစ်​နိုင်​မည်​နည်း။ ငါ​သည်​အာ​ဒ​မာ​မြို့​ကို​ဖျက်​ဆီး​သ​ကဲ့​သို့ လည်း​ကောင်း၊ ဇေ​ဘိုင်​မြို့​ကို​ပျက်​သုဉ်း​စေ​သ​ကဲ့​သို့​လည်း ကောင်း၊ သင့်​ကို​အ​ဘယ်​သို့​သုတ်​သင်​ဖျက်​ဆီး​နိုင်​မည် နည်း။ သင်​တို့​အ​ပေါ်​၌​ငါ့​မေတ္တာ​က​ရု​ဏာ​သည် ကြီး​မား​လှ​သော​ကြောင့်၊ ငါ​၏​စိတ်​နှ​လုံး​သည်​ထို​သို့​မ​ပြု​ရက်​နိုင်။


ကိုယ်​တော်​သည်​မိ​မိ​အား​ချစ်​သော​သူ​အ​ပေါင်း တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သူ​ယုတ်​မာ​အ​ပေါင်း​တို့​ကို​မူ​ကား သုတ်​သင်​တော်​မူ​လိမ့်​မည်။


ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ​ကိုယ်​တော်​သည် ငါ​တို့​အား​မေ့​လျော့​တော်​မ​မူ။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား ကူ​မ​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။ သူ​တို့​အား​ကယ်​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​ကို​လည်း​ကယ်​တော်​မူ​ပါ။


ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​အာ​ဗြ​ဟံ​အား ပေး​တော်​မူ​ခဲ့​သော​က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​၏။


ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ပြီး​လျှင်​မြို့​တံ​ခါး​များ​သို့​သွား​၍ စောင့်​ရန်​ငါ​အ​မိန့်​ပေး​၏။ အို ဘု​ရား​သ​ခင်​ဤ​အ​မှု​ကို​လည်း​ထောက်​၍ အ​ကျွန်ုပ်​ကို​သ​တိ​ရ​တော်​မူ​ပါ။ မေတ္တာ​တော် နှင့်​အ​ညီ​အ​ကျွန်ုပ်​အား​သ​နား​တော်​မူ​ပါ။


အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​ဗိ​မာန် တော်​အ​တွက်​နှင့်​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး ကွယ်​မှု​အ​တွက်​အ​ကျွန်ုပ်​ပြု​ခဲ့​သ​မျှ​သော အ​မှု​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။


ဘု​ရား​သ​ခင်​သည်​ရာ​ခေ​လ​ကို​သ​တိ​ရ​၍ သူ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သား​သ​မီး​ဖွား​ခွင့်​ကို​ပေး​တော်​မူ​၏။-


ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။


ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော်​ကို ထာ​ဝ​စဉ် ခိုင်​မြဲ​စေ​တော်​မူ​လိမ့်​မည်။ က​တိ​တော်​များ​ကို​လူ​မျိုး​ဆက်​တစ်​ထောင် တိုင်​အောင်​တည်​စေ​တော်​မူ​လိမ့်​မည်။


တေ​ရ​၏​သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​တို့​၏​ဖ​ခင် ဖြစ်​၏။ ခါ​ရန်​သည်​လော​တ​၏​ဖ​ခင်​ဖြစ်​၏။-


သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ချစ်​၍ သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ထား​သော က​တိ​တည်​စေ​လို​တော်​မူ​သော​ကြောင့် အီ​ဂျစ် ဘု​ရင်​ထံ​ကျွန်​ခံ​ရာ​မှ​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် သင်​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ သည်။-


ကိုယ်​တော်​၏​အ​စေ​ခံ​များ​ဖြစ်​သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော် မူ​၍ ဤ​လူ​မျိုး​တော်​၏​ခေါင်း​မာ​မှု၊ မိုက်​မဲ​မှု၊ အ​ပြစ်​ကူး​လွန်​မှု​တို့​ကို​သည်း​ခံ​တော်​မူ​ပါ။-


ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့် အ​ညီ ထို​သူ​သုံး​ဦး​သည်​ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​ကယ်​နိုင်​ကြ​လိမ့်​မည် မ​ဟုတ်။ မိ​မိ​တို့​အ​သက်​ကို​သာ​လျှင်​ကယ် နိုင်​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လည်း​လူ သူ​ကင်း​မဲ့​လိမ့်​မည်။''


သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ