Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 25:11 - Common Language Bible

11 အ​ကယ်​၍​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး​ဖောက်​ကာ သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​မိ လျှင် အ​ကျွန်ုပ်​အား​အ​သက်​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​မည်​မ​ဟုတ်​ပါ။ သို့​သော်​ထို​သူ တို့​စွပ်​စွဲ​ချက်​များ​သည်​အ​ခြေ​အ​မြစ်​မ​ရှိ ပါ​လျှင် မည်​သူ​မျှ​အ​ကျွန်ုပ်​အား​သူ​တို့​၏ လက်​သို့​ပေး​အပ်​နိုင်​မည်​မ​ဟုတ်​ပါ။ အ​ကျွန်ုပ် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ပါ​၏'' ဟု လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 သေ ဒဏ် ခံ ထိုက် သော၊ ပြစ် မှု ပြု ကျင့် ခဲ့ သော မ တ ရား သူ ဖြစ် လျှင်၊ အ သက် ချမ်း သာ ခွင့် တောင်း မည် မ ဟုတ် ပါ။ ဤ သူ တို့ စွဲ ဆို ချက် တစ် စုံ တစ် ရာ မ မှန် လျှင် မူ ကား သူ တို့ လက် သို့ မည် သူ မျှ လွှဲ အပ် ခွင့် မ ရှိ ပါ။ ကဲ သာ မင်း ထံ အ ယူ တော် ခံ ပါ မည် ဟု လျှောက် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အ​ကျွန်ုပ်​ပြစ်​မှား၍ သေ​ထိုက်​သော​အ​ပြစ်​ကို ပြု​မိ​သည်​မှန်​လျှင်၊ သေ​ဘေး​ကို အ​ကျွန်ုပ်​မ​ရှောင်​ပါ။ ထို​သူ​တို့​တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ မ​မှန်​လျှင်၊ သူ​တို့​လက်​သို့ အ​ကျွန်ုပ်​ကို အ​ဘယ်​သူ​မျှ မ​စွန့်​မ​အပ်​ရ​ပါ။ ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ကို​ခံ​ပါ​မည်​ဟု လျှောက်​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကယ်၍ အကျွန်ုပ်​သည်​ပြစ်မှား​ပြီး သေဒဏ်​ခံထိုက်​သော​အပြစ်​တစ်စုံတစ်ခု​ကို ပြု​မိ​ခဲ့​ပါက သေ​ရ​မည်​ကို အကျွန်ုပ်​မ​ငြင်း​ပါ။ သို့သော် အကျွန်ုပ်​ကို ဤ​သူ​တို့​စွပ်စွဲ​နေ​သော​အရာ​များ​သည် တစ်စုံတစ်ခု​မျှ မ​ဟုတ်​မ​မှန်​လျှင် မည်သူမျှ အကျွန်ုပ်​ကို သူ​တို့​လက်​သို့ မ​အပ်​နိုင်​ပါ။ အကျွန်ုပ်​သည် ဆီဇာ​ဧကရာဇ်​ထံ အယူခံဝင်​ပါ​မည်”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 အကယ်​၍ အကျွန်ုပ်​သည် ပြစ်မှား​ပြီး သေဒဏ်​ခံထိုက်သော​ပြစ်မှု​တစ်စုံတစ်ခု​ကျူးလွန်ခဲ့​ပါက သေဒဏ်ပေးခံရမည်​ကို မငြင်းဆိုပါ။ သို့ရာတွင် အကျွန်ုပ်​အပေါ် ဤ​သူတို့​စွပ်စွဲသော​အရာများ တစ်စုံတစ်ခု​မျှ မဟုတ်မှန်​လျှင် မည်သူ​မျှ​အကျွန်ုပ်​အား သူတို့​လက်​သို့ အပ်ခွင့်မရှိပါ။ ဆီဇာဘုရင်​ထံ​၌ အကျွန်ုပ်​အယူခံဝင်ပါ၏” ဟု ဖြေကြား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 25:11
17 ပူးပေါင်းရင်းမြစ်များ  

ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည် မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊


ထို​နောက်​ငါ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် အ​ရှင့်​မှူး​မတ်​များ​သို့​မ​ဟုတ်​ဤ​ပြည်​သူ တို့​ကို​အ​ဘယ်​သို့​ပြစ်​မှား​မိ​သ​ဖြင့် အ​ရှင် သည်​အ​ကျွန်ုပ်​အား​အ​ကျဉ်း​ချ​၍​ထား တော်​မူ​ပါ​သ​နည်း။-


သို့​ရာ​တွင်​ပေါ​လု​က ``ရော​မ​နိုင်​ငံ​သား​များ ဖြစ်​သော​ငါ​တို့​အား​စစ်​ကြော​စီ​ရင်​ခြင်း​မ ပြု​ဘဲ ငါ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​တွင်​ရိုက်​နှက် ၍​အ​ကျဉ်း​ချ​ထား​ခဲ့​ကြ​၏။ ယ​ခု​ငါ​တို့​ကို တိတ်​တ​ဆိတ်​လွှတ်​လို​ကြ​ပါ​သ​လော။ ထို​သို့ မ​ပြု​သင့်။ သူ​တို့​ကိုယ်​တိုင်​လာ​၍​ငါ​တို့​ကို ထောင်​မှ​ထုတ်​ကြ​ပါ​စေ'' ဟု​ရဲ​အ​ရာ​ရှိ တို့​အား​ပြော​၏။


ပေါ​လု​သည်​ချေ​ပ​ပြော​ဆို​မည်​အ​ပြု​တွင် ဂါ​လျုန်​က ``ယု​ဒ​အ​မျိုး​သား​တို့၊ ဤ​အ​မှု သည်​ဆိုး​ယုတ်​သော​ပြစ်​မှု​သို့​မ​ဟုတ်​လိမ်​လည် မှု​ဖြစ်​ပါ​မူ ငါ​သည်​သင်​တို့​၏​စွပ်​စွဲ​ချက်​ကို စိတ်​ရှည်​လက်​ရှည်​နား​ထောင်​နိုင်​ပေ​မည်။-


သူ့​ကို​ကြိမ်​ဒဏ်​ခတ်​ရန်​ချည်​နှောင်​ကြ​သော အ​ခါ ပေါ​လု​က​အ​နီး​တွင်​ရပ်​လျက်​နေ​သည့် တပ်​ခွဲ​မှူး​အား``ရော​မ​နိုင်​ငံ​သား​တစ်​ယောက် ကို​စစ်​ဆေး​စီ​ရင်​ခြင်း​မ​ပြု​ဘဲ​ကြိမ်​ဒဏ် ခတ်​ခြင်း​မှာ​တ​ရား​ဥ​ပ​ဒေ​နှင့်​ကိုက်​ညီ​ပါ သ​လော'' ဟု​မေး​၏။


ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယ​ခု​ဧ​က​ရာဇ် ဘု​ရင်​တ​ရား​ခွင်​တွင် အ​စစ်​အ​ဆေး​ခံ​နိုင် ခွင့်​ကို​တောင်း​ဆို​ပါ​၏။ အ​ရှင်​အ​မှန်​သိ​တော် မူ​သည်​အ​တိုင်း​အ​ကျွန်ုပ်​သည် ယု​ဒ​အ​မျိုး သား​တို့​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား​ခဲ့ ပါ။-


ထို​အ​ခါ​ဖေတ္တု​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​များ​နှင့်​တိုင်​ပင်​ပြီး​နောက် ``သင် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​သ​ဖြင့် ဧ​က​ရာဇ်​ဘု​ရင်​ထံ​သို့​သွား​ရ​မည်'' ဟု ဆို​၏။


သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​က​ရာဇ်​ဘု​ရင်​မင်း​၏ အ​ဆုံး​အ​ဖြတ်​ကို​သာ​ခံ​ယူ​လို​ကြောင်း​ပြော ပြ​ပါ​သည်။ သူ​သည်​မိ​မိ​အား​အ​ချုပ်​နှင့်​ပင် ထား​ရှိ​၍ ဧ​က​ရာဇ်​မင်း​၏​အ​ဆုံး​အ​ဖြတ်​ကို ခံ​လို​ကြောင်း​ပန်​ကြား​သ​ဖြင့် သူ့​ကို​ဧ​က​ရာဇ် မင်း​ထံ​ပို့​အပ်​ချိန်​အ​ထိ​ချုပ်​ထား​ရန်​အ​မိန့် ပေး​ခဲ့​ပါ​သည်'' ဟု​ဆို​၏။


သူ​သည်​သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ကူး​လွန်​ကြောင်း​ကို ကျွန်ုပ် အ​နေ​ဖြင့်​သိ​ပါ​၏။ သို့​ရာ​တွင်​သူ​ကိုယ်​တိုင် က​ဘု​ရင်​ဧ​က​ရာဇ်​မင်း​ထံ​တွင်​အ​ယူ​ခံ ပါ​မည်​ဟု​ဆို​သ​ဖြင့် သူ့​ကို​ဘု​ရင်​မင်း​မြတ် ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ကျွန်ုပ်​ဆုံး​ဖြတ် ခဲ့​ပါ​၏။-


အ​ဂြိပ္ပ​မင်း​က ``အ​ကယ်​၍​ဤ​သူ​သည်​ကဲ​သာ ဘု​ရင်​ထံ​သို့​အ​ယူ​ခံ​ဝင်​ရန်​မ​လျှောက်​ထား ခဲ့​ပါ​မူ​သူ့​ကို​လွှတ်​ပစ်​နိုင်​၏'' ဟု​ဖေတ္တု အား​ပြော​၏။


သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​က​ကန့်​ကွက် ကြ​သော​ကြောင့် ငါ​သည်​မ​လွဲ​မ​ရှောင်​သာ​တော့ ဘဲ​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ရ​၏။ သို့​ပြု ရ​ခြင်း​မှာ​မိ​မိ​၏​အ​မျိုး​သား​တို့​အား​စွပ် စွဲ​ပြော​ဆို​ရန်​အ​ကြောင်း​ရှိ​၍​မ​ဟုတ်။-


ယု​ဒ​အ​မျိုး​သား​တို့​သည်​သ​ခင်​ယေ​ရှု​နှင့် ပ​ရော​ဖက်​တို့​ကို​သတ်​ဖြတ်​၍​ငါ​တို့​ကို​ညှဉ်း ဆဲ​သူ​များ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ သော​သူ​များ၊ လူ​အ​ပေါင်း​တို့​၏​ရန်​သူ​များ ဖြစ်​ကြ​၏။-


``တန်​ခိုး​ကြီး​သော​အ​ရှင်​သည်​ဘု​ရား​ဖြစ် တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ တန်​ခိုး​ကြီး​သော​အ​ရှင်​သည် ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​၏​ယဇ်​ပလ္လင်​ကို အ​ဘယ်​ကြောင့်​တည်​ရ​ကြောင်း​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ သင်​တို့​အား​လည်း​သိ​စေ​လို ပါ​သည်။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​၍ သစ္စာ​တော်​ကို​မ​စောင့်​ထိန်း​လျှင် အ​သက်​ချမ်း​သာ​ခွင့်​မ​ပေး​ပါ​နှင့်။-


``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ