မိက္ခာ 5:7 - Common Language Bible7 အသက်မသေဘဲကျန်ရစ်သောဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကျစေ တော်မူသောနှင်းကဲ့သို့နိုင်ငံများစွာအား လန်းဆန်းစေလိမ့်မည်။ အပင်များပေါ်သို့ ရွာသွန်းသောမိုးကဲ့သို့ဖြစ်လိမ့်မည်။ ယင်း တို့သည်လူတို့၏အမိန့်ကိုမနာခံ၊ ဘုရားသခင်၏အမိန့်ကိုသာနာခံကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 ယာ ကုပ် အ ကြွင်း အ ကျန် တို့ သည်၊ လူ တို့ အ မိန့် ကို မ ဆိုင်း၊ လူ့ သား တို့ အ မိန့် ကို မ လင့် ဘဲ၊ ထာ ဝ ရ ဘု ရား ထံ မှ ကျ သော နှင်း၊ မြက် ပင် ပေါ်၌ ရွာ သော မိုး သ ဖွယ်၊ လူ မျိုး ခြား အ မြောက် အ မြား တို့ ဘောင် တွင် ဖြစ် နေ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible7 ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တစ်ပါးအမျိုးသား အများတို့တွင်နေ၍၊ ထာဝရဘုရား ပေးတော်မူသော နှင်းကဲ့သို့လည်းကောင်း၊ လူကိုမငံ့လင့်၊ လူသားတို့၏ အလိုသို့မလိုက်သော မိုးရေကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့် ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။
ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌ အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။ နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည် အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။
ယုဒအမျိုးသားတို့အပြစ်ကူးမှုသည်ကမ္ဘာ အား ကြွယ်ဝစွာကောင်းချီးခံစားစေသည်။ သူ တို့၏ဆုံးရှုံးမှုသည်လူမျိုးခြားတို့အားကောင်း ချီးများစွာခံစားစေပါလျှင် ယုဒအမျိုးသား တစ်ရပ်လုံးကခရစ်တော်ကိုယုံကြည်လက်ခံ လာကြသောအခါပို၍ပင်ကောင်းချီးခံစား ရကြလိမ့်မည်။
ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
သို့ရာတွင်ထာဝရဘုရားထံကူမတော် မူရန် လျှောက်ထားကြသူလူအပေါင်းတို့မူကား၊ ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း `ယေရုရှလင်မြို့သူ၊ မြို့သား အချို့တို့သည်အသက်ဘေးနှင့် ကင်းလွတ်ကြလိမ့်မည်။ ငါရွေးချယ်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်' ဟုမိန့်တော်မူ၏။''
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
အသက်မသေဘဲကျန်ရှိနေသည့်ဣသ ရေလပြည်သားတို့သည်အဘယ်သူကို မျှပြစ်မှားကြလိမ့်မည်မဟုတ်။ မုသား စကားပြောဆိုမှုကိုသော်လည်းကောင်း၊ လိမ်လည်လှည့်စားရန်ကြိုးစားမှုကိုသော် လည်းကောင်းပြုကြလိမ့်မည်မဟုတ်။ သူ တို့သည်ကောင်းစားကြလိမ့်မည်။ အဘယ် သူကိုမျှမကြောက်မလန့်ရဘဲ ဘေးမဲ့ လုံခြုံစွာနေရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
တောသားရဲများထဲသို့ရောက်ရှိနေသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်ထဲသို့ရောက် ရှိနေသောခြင်္သေ့ပျိုကဲ့သို့လည်းကောင်း အသက် မသေဘဲကျန်ရစ်ခဲ့သောဣသရေလအမျိုး သားတို့သည်အခြားလူမျိုးများထဲတွင် ရောက်ရှိနေလိမ့်မည်။ ခြင်္သေ့သည်သိုးအုပ်ထဲ သို့ဝင်၍ သိုးများကိုအုပ်ဖမ်းလျက်အပိုင်း ပိုင်းကိုက်ဖြတ်မည်ဖြစ်ရာ၊ မည်သူကမျှ ကယ်နိုင်မည်မဟုတ်။-
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
ထာဝရဘုရားက``ယေရုရှလင်မြို့သားတို့၊ ရန်သူများကိုချေမှုန်းရန်ချီတက်ကြလော့၊ ငါသည်သင်တို့အားသံဦးချိုနှင့်ကြေးဝါ ခွာများရှိသော နွားသိုးကဲ့သို့ခွန်အားပြည့် စေမည်။ သင်တို့သည်နိုင်ငံများစွာကိုချေမှုန်း နိုင်သဖြင့်အဋ္ဌမ္မနည်းဖြင့် သူတို့ရရှိထား သောဥစ္စာဘဏ္ဍာများကိုသိမ်းယူ၍ ကမ္ဘာကို အစိုးရသောငါထာဝရဘုရားအား ဆက်သလော့'' ဟုမိန့်တော်မူ၏။