ထိုအခါ ခင်ပွန်းလောင်းဖြစ်သူ ယောသပ်သည် သူတော်ကောင်းဖြစ်၍ မာရိကို အသရေမပျက်စေလိုသောကြောင့် စေ့စပ်ကြောင်းလမ်းခြင်းကို တိတ်တဆိတ်ဖျက်သိမ်းရန် ဆုံးဖြတ်၏။
၂ ကော 1:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ သင်တို့သိကြလိမ့်မည်ဟု စိတ်ချယုံကြည်သောကြောင့် ကျွန်ုပ်သည် သင်တို့ထံသို့ နှစ်ကြိမ် လည်ပတ်၍ နှစ်ဆသောကောင်းချီးကို ပေးလို၏။ Common Language Bible ထိုသို့စိတ်ချခြင်းရှိသဖြင့် ငါသည်သင် တို့နှစ်ထပ်ကွမ်းကောင်းချီးမင်္ဂလာခံစား ရကြစေရန်၊- Garrad Bible ထို သို့ စိတ် ချ ခြင်း ရှိ သ ဖြင့် သင် တို့၌ ရွှင် လန်း ခွင့် နှစ် ထပ် ရှိ စေ ခြင်း ငှာ သင် တို့ ထံ ငါ တစ် ကြိမ် လာ ပြီး လျှင် Judson Bible အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည်တစ်ဖန် ဆုကျေးဇူးတော်ကို ခံရစေခြင်းငှာ ငါသည် သင်တို့ဆီသို့ အရင်လာမည်ဟု အကြံရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤသို့ယုံကြည်စိတ်ချသဖြင့် သင်တို့သည် ကျေးဇူးတော်ကို နှစ်ကြိမ်ခံစားရမည့်အကြောင်း သင်တို့ထံသို့ ဦးစွာလာ၍ |
ထိုအခါ ခင်ပွန်းလောင်းဖြစ်သူ ယောသပ်သည် သူတော်ကောင်းဖြစ်၍ မာရိကို အသရေမပျက်စေလိုသောကြောင့် စေ့စပ်ကြောင်းလမ်းခြင်းကို တိတ်တဆိတ်ဖျက်သိမ်းရန် ဆုံးဖြတ်၏။
ကျွန်ုပ်သည် သင်တို့ကိုအလွန်တွေ့မြင်လိုသည်မှာ ဝိညာဉ်ဆုကျေးဇူးတချို့ကို သင်တို့အား ဝေမျှပေး၍ သင်တို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေရန်ဖြစ်၏။
ကျွန်ုပ်သည် သင်တို့ထံသို့ လာသောအခါ ခရစ်တော်၏ ကောင်းချီးမင်္ဂလာ အပြည့်နှင့် ရောက်လာမည်ကို ကျွန်ုပ်သိ၏။
တစ်စုံတစ်ယောက်သည် ဆာလောင်ပါက အိမ်၌ စားခဲ့လော့။ သို့မှသာ သင်တို့စုဝေးကြသောအခါ ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များကို ကျွန်ုပ်ရောက်လာသောအခါ ညွှန်ကြားမည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့ထံ ယခု ခရီးကြုံ၍ လည်ပတ်ရုံသာ မပြုလိုပါ။ သခင်ဘုရား ခွင့်ပြုတော်မူလျှင် သင်တို့နှင့်အတူ ကာလအတန်ကြာ နေနိုင်ရန် ကျွန်ုပ်မျှော်လင့်ထား၏။
သို့သော် သခင်ဘုရား အလိုတော်ရှိလျှင် မကြာမီ ကျွန်ုပ်လာခဲ့ပါမည်။ ထိုအခါ ထိုမာနထောင်လွှားသောသူတို့၏စကားထက် သူတို့၌ ဘုရားသခင်၏ တန်ခိုးတော်ရှိမရှိကိုသာ ကျွန်ုပ်သိမှတ်မည်။
ယခု ကျွန်ုပ်သည် သင်တို့ထံသို့ တတိယအကြိမ် လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့၏ ငွေကြေးဥစ္စာကို အလိုရှိ၍မဟုတ်ဘဲ သင်တို့ကိုသာ အလိုရှိသောကြောင့်ဖြစ်၏။ သားသမီးတို့သည် မိဘအတွက် ငွေကြေးဥစ္စာကို စုဆောင်းရသည်မဟုတ်။ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။