Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 16:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သင်တို့​ထံ ယခု ခရီးကြုံ​၍ လည်ပတ်​ရုံသာ မပြုလိုပါ။ သခင်ဘုရား ခွင့်ပြုတော်မူ​လျှင် သင်တို့​နှင့်အတူ ကာလ​အတန်ကြာ နေ​နိုင်ရန် ကျွန်ုပ်​မျှော်လင့်ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ငါ​သည်​သင်​တို့​ထံ​တွင်​ခေတ္တ​တည်း​ခို​ရုံ​မျှ​သာ မ​လာ​လို​ပါ။ သ​ခင်​ဘု​ရား​ခွင့်​ပြု​တော်​မူ​ပါ လျှင်​အ​တန်​ကြာ​သင်​တို့​နှင့်​နေ​လို​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ငါ သည် ယ ခု သင် တို့ ကို ခ ရီး လမ်း ကြုံ တွေ့ ရုံ မျှ မ လို၊ အ ရှင် ဘု ရား အ ခွင့် တော် ရှိ လျှင် သင် တို့ နှင့် ကာ လ အ တန် ကြာ တည်း နေ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ယ​ခု​သွား​စဉ်​တွင် သင်​တို့​ကို တွေ့​မြင်​ခြင်း​ငှာ​သာ အ​လို​မ​ရှိ၊ နောက်​မှ သ​ခင်​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မူ​လျှင်၊ သင်​တို့​နှင့်​အ​တူ ကြာ​မြင့်​စွာ​နေ​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ငါ​သည် ယခု သင်​တို့​ကို ခရီးကြုံ​၍ ဝင်​တွေ့​ရုံမျှ​သာ​မ​ပြု​လို​ပေ။ အကြောင်းမူကား သခင်​ဘုရား​ခွင့်ပြု​တော်မူ​လျှင် သင်​တို့​နှင့်အတူ ကာလ​အတန်ကြာ​နေ​ရန် ငါ​မျှော်လင့်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 16:7
8 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ဘုရားသခင်​အလိုတော်​ရှိသော အရာ​အားလုံး​ကို လုပ်ဆောင်ကြရမည်​ဖြစ်​သောကြောင့် ယခု ငါ့​ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်​သည် ယေရှု​အား နှစ်ခြင်းမင်္ဂလာ​ပေး​ရန် သဘောတူလေ၏။


“ဘုရားသခင်​၏​အလိုတော်​ရှိ​လျှင် သင်တို့​ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့​အား နှုတ်ဆက်​ပြီးလျှင် ပြစ်ကိလ​နှင့် အာကုလ​တို့​ကို ဧဖက်မြို့​၌ ထားခဲ့​၍ ရွက်လွှင့်လေ၏။


ကျွန်ုပ် အစဉ်အမြဲ တောင်းသည့်​ဆု​တစ်ဆု​မှာ ဘုရားသခင်​အလိုတော်​ရှိ​လျှင် သင်တို့​ဆီသို့ လာနိုင်ခွင့်​ရရန်​ဖြစ်၏။


သို့သော် သခင်ဘုရား အလိုတော်​ရှိ​လျှင် မကြာမီ ကျွန်ုပ်​လာခဲ့ပါမည်။ ထိုအခါ ထို​မာနထောင်လွှားသော​သူတို့​၏​စကား​ထက် သူတို့​၌ ဘုရားသခင်​၏ တန်ခိုးတော်​ရှိမရှိ​ကိုသာ ကျွန်ုပ်​သိမှတ်မည်။


ထိုသို့ သင်တို့​သိကြ​လိမ့်မည်​ဟု စိတ်ချယုံကြည်​သောကြောင့် ကျွန်ုပ်​သည် သင်တို့​ထံသို့ နှစ်ကြိမ် လည်ပတ်​၍ နှစ်ဆသော​ကောင်းချီး​ကို ပေးလို၏။


သို့ဖြစ်၍ “ထာဝရဘုရား​အလိုတော်ရှိ​လျှင် ကျွန်ုပ်တို့​သည် အသက်​ဆက်ရှင်​၍ ဤ​အမှု၊ သို့မဟုတ် ထို​အမှု​ကို ပြုပါမည်” ဟုသာ သင်တို့​ပြော​သင့်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ