မည်သည့်အရာကို စားရမည်နည်း မည်သည့်အရာကို သောက်ရမည်နည်းဟူ၍ မတွေးတောကြနှင့်။ ထိုအရာများအတွက် စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။
၁ ကော 7:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင် ရွေးကောက်တော်မူစဉ်က သင်သည် ကျွန်ဖြစ်နေပါကလည်း မပူပန်နှင့်။ သို့သော် ကျွန်အဖြစ်မှ လွတ်ခွင့်ရလျှင် ထိုအခွင့်အရေးကို ရယူလော့။ Common Language Bible ရွေးကောက်တော်မူခြင်းခံရချိန်တွင်သင်သည် ကျွန်ဖြစ်ပါလျှင်ကိစ္စမရှိ။ သို့သော်ကျွန်အဖြစ် မှလွတ်မြောက်ခွင့်ရမည်ဆိုပါကထိုအခွင့် ကိုယူလော့။- Garrad Bible ကျွန် အ ဖြစ်၌ ခေါ် ထား တော် မူ သ လော။ အ ရေး မ ယူ နှင့်။ လွတ် ခွင့် ရ ရှိ လျှင် သာ ခံ ယူ တော့။ Judson Bible အစေခံကျွန်ဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့်။ သို့သော်လည်း လွတ်ခြင်းသို့ ရောက်နိုင်လျှင် လွတ်ရသောအခွင့်ကို သာ၍ သုံးဆောင်လော့။- မြန်မာ့စံမီသမ္မာကျမ်း ခေါ်ယူတော်မူခြင်းခံရစဉ် ကျွန်ဖြစ်လျှင် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ သို့သော် လွတ်လပ်သူဖြစ်နိုင်လျှင် ထိုအခွင့်အရေးကိုအသုံးပြုလော့။ |
မည်သည့်အရာကို စားရမည်နည်း မည်သည့်အရာကို သောက်ရမည်နည်းဟူ၍ မတွေးတောကြနှင့်။ ထိုအရာများအတွက် စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။
အပျော်အပါးလိုက်စား၍ သောက်စားမူးယစ်ခြင်း၊ လောကီဘဝအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်းစေရန် သတိပြုကြလော့။ ထိုသို့မဟုတ်ပါက ထိုနေ့ရက်သည် ထောင်ချောက်ကဲ့သို့ သင်တို့အပေါ် ရုတ်တရက်ကျရောက်လာလိမ့်မည်။
ထိုကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ နှစ်ခြင်းမင်္ဂလာခံယူကြပြီး ကျွန်ုပ်တို့အားလုံးသည် ထိုဝိညာဉ်တော်တစ်ပါးတည်းကို သောက်သုံးကြ၏။
လူတစ်ဦးစီတိုင်းသည် ဘုရားသခင် ရွေးကောက်တော်မူစဉ်က ရှိသည့်အခြေအနေမျိုး၌ ဆက်၍ ရှိနေသင့်၏။
ကျွန်ဖြစ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခုသင်သည် သခင်ဘုရား၏ လွတ်လပ်သူဖြစ်၏။ လွတ်လပ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခု သင်သည် ခရစ်တော်၏ ကျွန်ဖြစ်၏။
ထိုသို့ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ ကျွန်နှင့် လွတ်လပ်သူ၊ ယောက်ျားနှင့် မိန်းမဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။
ကျွန်ုပ်သည် ဆင်းရဲနွမ်းပါးသောကြောင့် ဤသို့ပြောရသည် မဟုတ်။ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ တင်းတိမ်ရောင့်ရဲတတ်ရန် ကျွန်ုပ်သင်ယူခဲ့ပြီ ဖြစ်၏။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။
အသက်ရှင်နေထိုင်ရာတွင် ငွေမမက်ဘဲ ရှိသည့်အရာနှင့် ရောင့်ရဲလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က “ငါသည် သင်တို့ကို မည်သည့်အခါမျှ ထားခဲ့မည်မဟုတ်။ မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်” ဟု မိန့်တော်မူခဲ့သောကြောင့်ဖြစ်၏။
ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် သင်တို့၏ စိုးရိမ်မှုအပေါင်းတို့ကို ကိုယ်တော်ထံ အပ်နှံကြလော့။