၁ ကော 11:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်ကြလော့။ မိန်းမသည် မိမိဦးခေါင်းကို မဖုံးဘဲ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် သင့်တော်သလော။ Common Language Bible အမျိုးသမီးသည်ဦးခေါင်းကိုမဖုံးမအုပ် ဘဲစုဝေးဝတ်ပြုခြင်းတွင် ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုရန်သင့်တော်သည်မသင့် တော်သည်ကိုသင်တို့ကိုယ်တိုင်စဉ်းစားဆင်ခြင် ကြလော့။- Garrad Bible မိန်း မ သည် ဦး ထိပ် မ ဖုံး အုပ် ဘဲ ဘု ရား သ ခင် အား ပ တ္ထ နာ ပြု သင့်၊ မ ပြု သင့် ကို သင် တို့ ကိုယ် တိုင် ဆင် ခြင် ပိုင်း ခြား ကြ လော့။ Judson Bible မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင်၊ လျောက်ပတ်သည် မလျောက်ပတ်သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း မိန်းမသည် ဦးခေါင်းမဖုံးဘဲ ဘုရားသခင်ထံဆုတောင်းခြင်းသည် သင့်လျော်မှုရှိ၊ မရှိ သင်တို့ကိုယ်တိုင်ဆင်ခြင်သုံးသပ်ကြလော့။ |
အပြင်ပန်းလက္ခဏာကို ကြည့်၍ မစီရင်ကြနှင့်။ တရားမျှတစွာ စီရင်ကြလော့” ဟု မိန့်တော်မူ၏။
သင်တို့သည် ဆင်ခြင်တုံတရားရှိသောသူများ ဖြစ်ကြ၏။ ကျွန်ုပ်ပြောဆိုသောအရာ မှားသည်မှန်သည်ကို သင်တို့ကိုယ်တိုင် သုံးသပ်ကြလော့။
ယောက်ျားသည် ဆံပင်ရှည်ထားလျှင် ထိုယောက်ျားအတွက် ရှက်စရာဖြစ်ကြောင်း သဘာဝတရားအတိုင်း သိသည်မဟုတ်လော။
အမျိုးသမီးများသည် အသင်းတော်တွင် တိတ်ဆိတ်စွာ နေကြရမည်။ သူတို့တွင် ပြောဆိုခွင့်မရှိ။ ပညတ်တရားတွင် ဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။