မျက်စိသည် ကိုယ်ခန္ဓာ၏ မီးအိမ်ဖြစ်၏။ ထို့ကြောင့် သင်၏ မျက်စိ ကောင်းမွန်လျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး လင်းလိမ့်မည်။
ဧဖက် 6:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ဖြစ်သူတို့… သင်တို့သည် ခရစ်တော်ကို နာခံသကဲ့သို့ သင်တို့၏ လောကီသခင်တို့ကို ကြောက်ရွံ့ရိုသေလျက် ရိုးသားသောစိတ်နှင့် နာခံကြလော့။ Common Language Bible ကျွန်ဖြစ်သူတို့၊ သင်တို့သည်ခရစ်တော်၏အစေ ကိုခံသကဲ့သို့ ကြောက်လန့်တုန်လှုပ်လျက်ရိုး သားသောစိတ်နှင့်သခင်တို့၏စကားကို နားထောင်ကြလော့။- Garrad Bible ကျွန် ဖြစ် သူ တို့၊ လူ စိတ် နှင့် တွေ့ လို သူ တို့ နည်း တူ မျက် မှောက်၌ သာ မ ဟုတ်။ စိတ် ပါ ကိုယ် ရောက် ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် သော ခ ရစ် တော်၏ ကျွန် များ အ ဖြစ် အ မိန့် တော် ကို နား ထောင် သ ကဲ့ သို့ ရုပ် ခ န္ဓာ အ လျောက် အ ရှင် ဖြစ် သူ တို့ အ မိန့် ကို ကြောက် ရွံ့ တုန် လှုပ် စွာ ရိုး ဖြောင့် သော စိတ် နှ လုံး နှင့် နား ထောင် ကြ လော့။ Judson Bible အစေခံကျွန်တို့၊ ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက်၊ စိတ်နှစ်ခွမရှိဘဲ လောကီသခင်၏စကားကို နားထောင်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကိုနာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ရိုးသားသောစိတ်နှလုံးဖြင့် သင်တို့၏လောကီသခင်များကို နာခံကြလော့။ |
မျက်စိသည် ကိုယ်ခန္ဓာ၏ မီးအိမ်ဖြစ်၏။ ထို့ကြောင့် သင်၏ မျက်စိ ကောင်းမွန်လျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး လင်းလိမ့်မည်။
မည်သူမျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေအား တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ။
ဤသို့ဆိုရခြင်းမှာ အကျွန်ုပ်သည် အမိန့်အာဏာအောက်တွင် ရှိသူဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင်လည်း စစ်သားများရှိသောကြောင့် ဖြစ်၏။ အကျွန်ုပ်သည် တစ်ဦးကို ‘သွားလော့’ ဟု ပြောလျှင် သူသည်သွားရ၏။ အခြားတစ်ဦးကို ‘လာလော့’ ဟု ပြောလျှင် သူသည်လာရ၏။ အကျွန်ုပ်၏အစေခံကို ‘ဤအရာကို လုပ်ဆောင်လော့’ ဟု ပြောလျှင် သူသည် လုပ်ဆောင်ရပါ၏” ဟု လျှောက်လေ၏။
ထိုသူတို့သည် နေ့စဉ် ဗိမာန်တော်၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ၌ မုန့်ကိုဖဲ့ခြင်း၊ ဝမ်းမြောက်သောစိတ်နှင့် ရက်ရောသောစိတ်တို့ဖြင့် မိမိတို့၏အစာကို စားသုံးကြခြင်း စသည်တို့ကိုပြုလုပ်ကြ၏။
လူ့အသွေးသားအရ ကျွန်ုပ်၏ အမျိုးသားချင်းဖြစ်သော ဂျူးညီအစ်ကိုမောင်နှမများ၏ အကျိုးအတွက် ကျွန်ုပ်ကိုယ်တိုင် ခရစ်တော်နှင့် ကင်းကွာလျက် ကျိန်ဆိုခြင်းကိုပင် ခံရန် အလိုရှိ၏။
ကျွန်ုပ်သည် သင်တို့ထံသို့ ရောက်လာချိန်က အားနည်း၍ ကြောက်ရွံ့လျက်၊ တုန်လှုပ်လျက် ရှိ၏။
ကျွန်ဖြစ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခုသင်သည် သခင်ဘုရား၏ လွတ်လပ်သူဖြစ်၏။ လွတ်လပ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခု သင်သည် ခရစ်တော်၏ ကျွန်ဖြစ်၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
သင်တို့အားလုံးက နာခံ၍ ကြောက်ရွံ့တုန်လှုပ်လျက် သူ့အား လက်ခံခဲ့ကြောင်းကို တိတုသည် သတိရသဖြင့် သင်တို့ကို ပို၍ ချစ်ခင်မြတ်နိုးလာ၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို မပျက်ပြယ်သော ချစ်ခြင်းဖြင့် ချစ်သောသူအပေါင်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရပါစေသော။ ဧဖက်ဩဝါဒစာ ပြီးပါပြီ။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။
သို့သော် ကျွန်ကဲ့သို့ မဟုတ်တော့ဘဲ ကျွန်ထက် ပိုမြတ်သည့် ချစ်ရသောညီအစ်ကိုကဲ့သို့ရှိနေရန် ဆိုလို၏။ သူသည် အထူးသဖြင့် ကျွန်ုပ်အတွက်လည်း ချစ်ခင်ရသောညီအစ်ကိုကဲ့သို့ ဖြစ်၏။ သင့်အတွက်မှာမူ ကျွန်ကဲ့သို့လည်းကောင်း၊ သခင်ဘုရားကို ယုံကြည်ကြသောညီအစ်ကိုကဲ့သို့လည်းကောင်း ပို၍ ချစ်ခင်ရသောသူဖြစ်၏။