ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
ဧဖက် 4:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ နှုတ်မှ ဆိုးညစ်သောစကား တစ်ခွန်းကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့အတွက် အကျိုးရှိစေရန် အချိန်အခါကို ကြည့်၍ ကောင်းသောစကားကို အပြုသဘောနှင့် ပြောကြလော့။ Common Language Bible ညစ်ညမ်းသည့်စကားတစ်ခွန်းကိုမျှသင်တို့နှုတ်မှ မထွက်စေနှင့်။ သူတစ်ပါးတို့အားအကျိုးရှိစေမည့် စကား၊ အပြုသဘောပါသည့်စကားကိုသာ ပြောကြားကြလော့။ သို့မှသာလျှင်သင်တို့၏စကား ကိုကြားကြသူတို့သည်အကျိုးကျေးဇူးခံစား ရလိမ့်မည်။- Garrad Bible သင် တို့ နှုတ် မှ အ လ ဇ္ဇီ စ ကား မ ထွက် စေ ဘဲ၊ ကြား နာ သူ တို့၌ အ ကျိုး ကျေး ဇူး ဖြစ် စေ ရန်၊ ဆောက် တည် ဖွယ် ကောင်း သော စ ကား ကို သာ ထွက် စေ ကြ လော့။ Judson Bible ညစ်ညူးသော စကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏နှုတ်ထဲမှ မကောင်းသောစကားတစ်ခွန်းကိုမျှ မထွက်စေနှင့်။ ကြားရသောသူတို့ကို ကျေးဇူးပြုနိုင်ရန် လိုအပ်ချက်နှင့်အညီ တည်ဆောက်စရာဖြစ်စေသည့် ကောင်းသောစကားတို့ကိုသာ ပြောဆိုကြလော့။ |
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
လူအပေါင်းတို့သည် ယေရှုကို ချီးကျူး၍ ချိုသာသောစကားတော်တို့ကို အံ့ဩလျက် “ဤသူသည် ယောသပ်၏သား မဟုတ်လော” ဟူ၍ မေးကြ၏။
ယောဟန်၏ တပည့်နှစ်ဦးတို့သည် ထိုစကားကို ကြားသော် ယေရှုနောက်တော်သို့ လိုက်ကြ၏။
သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။
ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်နှင့်သက်ဆိုင်သောသူကို တည်ဆောက်ပျိုးထောင်ရာတွင် သူ၏အကျိုးကို ထောက်၍ သူ့ကို စိတ်ကျေနပ်စေရမည်။
သို့ဖြစ်စေကာမူ အသင်းတော်တွင် အခြားဘာသာစကားဖြင့် အခွန်းတစ်သောင်းကို ပြောဆိုသည်ထက် တစ်ပါးသူကို သွန်သင်ရန် နားလည်နိုင်သောစကားငါးခွန်းကိုသာ ကျွန်ုပ်ပြောဆိုမည်။
သူတို့၏တာဝန်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်ကို တည်ဆောက်နိုင်ရန်အတွက် ယုံကြည်သူတို့ကို အမှုတော်လုပ်ငန်းအတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။
ဦးခေါင်း ဖြစ်သော ကိုယ်တော်သည် ကိုယ်ခန္ဓာတစ်ခုလုံးကို အပိုအလိုမရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာအစိတ်အပိုင်းတစ်ခုစီတို့သည် ကိုယ်ပိုင် တာဝန်အသီးသီးကို လုပ်ဆောင်သည်နှင့်အမျှ ကိုယ်ခန္ဓာသည် ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်၍ ကြီးပွားတတ်၏။
လူတိုင်းကို မှန်ကန်သင့်လျော်စွာ တုံ့ပြန်ပြောဆိုနိုင်ရန် သင်တို့ပြောသောစကားသည် နားဝင်ချိုပြီး နှစ်လိုဖွယ်ဖြစ်ပါစေ။
ထို့ကြောင့် ယခု သင်တို့လုပ်ဆောင်နေသည့်အတိုင်း အချင်းချင်းအားပေးလျက် တည်ဆောက်ပေးကြလော့။
ဘုရားသခင်ကို မကိုးကွယ်သောသူများအလယ်တွင် ကောင်းမွန်စွာပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထိုသူတို့သည် သင်တို့ကို မကောင်းမှုပြုသူများဟု အသရေဖျက်ကြသော်လည်း သင်တို့၏ ကောင်းသောအကျင့်ကို ထောက်၍ ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့၌ ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
ထိုနည်းတူ ဇနီးသည်တို့… သင်တို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့ခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကို မယုံကြည်သော်လည်း သင်တို့၏ ဘုရားတရားရိုသေကိုင်းရှိုင်း၍ သန့်ရှင်းစင်ကြယ်သောပြုမူနေထိုင်ပုံကို မြင်သဖြင့် စကားတစ်ခွန်းမျှပင် မလိုဘဲ ယုံကြည်လာလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။