ဟေဗြဲ 9:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့သည် တစ်ကြိမ်တည်းသာ သေရပြီးနောက် တရားစီရင်တော်မူခြင်းကို ရင်ဆိုင်ရသကဲ့သို့ Common Language Bible လူသည်တစ်ကြိမ်တည်းသာသေရ၍ထို့နောက် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံရ၏။- Garrad Bible လူ တို့ သည် တစ် ကြိမ် တည်း သေ ပြီး နောက် စီ ရင် ဆုံး ဖြတ် ခံ ရ သည့် နည်း တူ၊ Judson Bible လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့၊- မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် တစ်ကြိမ်တည်းသေ၍ သေပြီးသည့်နောက် တရားစီရင်ခြင်းကိုခံရသကဲ့သို့ |
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိခန့်အပ်သော အရှင်အားဖြင့် လောကကို မှန်ကန်စွာ တရားစီရင်ရန် နေ့တစ်နေ့ကို သတ်မှတ်ထားတော်မူသောကြောင့်ဖြစ်၏။ ထိုအရှင်ကိုလည်း သေရာမှ ထမြောက်စေတော်မူခြင်းဖြင့် ထိုသို့ဖြစ်မည့်အကြောင်းကို ကျွန်ုပ်တို့အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။
ထိုသို့ သင်သည် ခေါင်းမာ၍ နောင်တရသောစိတ်မရှိ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်အချိန်ဖြစ်သည့် အမျက်တော်နေ့တွင် ပို၍ကြီးလေးသောပြစ်ဒဏ်ကို သင်ခံရလိမ့်မည်။
အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ခန္ဓာ၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသောအမှုအတွက်ဖြစ်စေ၊ မကောင်းသောအမှုအတွက်ဖြစ်စေ ထိုက်သင့်ရာအကျိုးအပြစ် အသီးသီးကို ခံစားရန် ခရစ်တော်၏ တရားပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာကြရမည်ဖြစ်သောကြောင့်ဖြစ်၏။
နိုင်ငံတော်တည်ထောင်ရန် ကြွလာပြီး အသက်ရှင်သောသူနှင့် သေသောသူတို့ကို တရားစီရင်မည့်ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း၊ ဘုရားသခင်ရှေ့တော်၌လည်းကောင်း သင့်အား ကျွန်ုပ်အလေးအနက်တိုက်တွန်းလိုက်ပါ၏။
ဘုရားသခင်၏ တရားစီရင်ခြင်းကိုလည်းကောင်း၊ ရန်သူများကို လောင်စေမည့်ပြင်းထန်သောမီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေရုံမျှသာ ရှိတော့မည်။
နှစ်ခြင်းမင်္ဂလာ၊ လက်တင်မင်္ဂလာပေးခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း၊ ထာဝရတရားစီရင်ခြင်း စသည့် အခြေခံသွန်သင်ချက်တို့၌ ထပ်မံအခြေမပြုဘဲနေကြစို့။
ကျွန်ုပ်တို့သည် ဤလောကတွင် ကိုယ်တော်ကဲ့သို့ ဖြစ်ကြ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံနေသောကြောင့် တရားစီရင်တော်မူရာနေ့၌ စိတ်ချယုံကြည်မှု ရှိကြလိမ့်မည်။
လူအပေါင်းတို့ကို တရားစီရင်တော်မူလိမ့်မည်။ ဘုရားတရားမဲ့သောသူတို့၏ ဘုရားတရားမဲ့သောအပြုအမူတိုင်းအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ကြမ်းတမ်းစွာ ပြောဆိုခြင်းအတွက်လည်းကောင်း ပြစ်ဒဏ်စီရင်တော်မူရန်ဖြစ်သည်” ဟူ၍ ပရောဖက်ပြုဟောပြောခဲ့၏။
ထိုအခါ ရာဇပလ္လင်ဖြူကြီးနှင့် ထိုပလ္လင်ပေါ်တွင် ထိုင်တော်မူသောအရှင်ကို ကျွန်ုပ်မြင်ရ၏။ မြေကြီးနှင့် ကောင်းကင်သည် ထိုအရှင်ရှေ့မှ ပျောက်ကွယ်သွား၍ ၎င်းတို့အတွက် နေရာမရှိတော့ပေ။