ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်တရားကို ဖျက်ဆီးရန် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူခြင်းဖြစ်၏။ ယခု အသက်ရှင်တော်မူသည်မှာ ဘုရားသခင်အတွက် အသက်ရှင်တော်မူခြင်းဖြစ်၏။
ဟေဗြဲ 7:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားယဇ်ပုရောဟိတ်မင်းများသည် မိမိတို့အပြစ်အတွက် သော်လည်းကောင်း၊ လူတို့၏ အပြစ်အတွက်သော်လည်းကောင်း နေ့တိုင်းယဇ်ပူဇော်ရသော်လည်း ကိုယ်တော်သည် ထိုသို့ပူဇော်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူတို့၏ အပြစ်အတွက် မိမိအသက်ကို ပူဇော်စဉ်က တစ်ကြိမ်တည်းနှင့် အပြီး ပူဇော်သောကြောင့်ဖြစ်၏။ Common Language Bible ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။- Garrad Bible ထို အ ရှင် သည် ဆို ခဲ့ သော ပ ရော ဟိတ် မင်း တို့ ကဲ့ သို့ ဦး စွာ ကိုယ့် အ ပြစ်၊ နောက် လူ ပ ရိ သတ် အ ပြစ် များ အ တွက် ပူ ဇော် သ က္ကာ များ ကို နေ့ စဉ် ဆက် ကပ် မှု ပြု ရန် မ လို။ ကိုယ် ကို ဆက် ကပ် တော် မူ သည် ဖြစ်၍ ထို အ မှု ကို အ ပြီး သတ် တော် မူ၏။ Judson Bible အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်လည်းကောင်း၊ လူများအပြစ်ကြောင့်လည်းကောင်း၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်း မရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကို တစ်ခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးစေတော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။ |
ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်တရားကို ဖျက်ဆီးရန် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူခြင်းဖြစ်၏။ ယခု အသက်ရှင်တော်မူသည်မှာ ဘုရားသခင်အတွက် အသက်ရှင်တော်မူခြင်းဖြစ်၏။
သင်တို့သည်လည်း ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာနေရာအဖြစ် အခြားသူတို့နှင့်အတူ တည်ဆောက်ခံရလျက် ရှိကြ၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
လူတို့ထဲမှ ဘုရားသခင်ရွေးချယ်တော်မူသော ယဇ်ပုရောဟိတ်မင်းဟူသည်မှာ ပူဇော်စရာများနှင့် အပြစ်ဖြေရာယဇ်ကို လူတို့ကိုယ်စား ဘုရားသခင်အား ပူဇော်ရန် ခန့်အပ်ခံရသူဖြစ်၏။
ဘုရားသခင်အား ပညတ်တရားအရ ပူဇော်စရာများပူဇော်ရသော ယဇ်ပုရောဟိတ်များသည် ကမ္ဘာလောကတွင် ရှိနေပြီဖြစ်သောကြောင့် ကိုယ်တော်သည် ကမ္ဘာလောကတွင်ရှိခဲ့လျှင် ယဇ်ပုရောဟိတ်ဖြစ်မည်မဟုတ်။
ထိုအသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရာတွင် ကိုယ်တော်သည် ဆိတ်နှင့် နွားသငယ်တို့၏ အသွေးဖြင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အသွေးတော်ဖြင့် တစ်ကြိမ်တည်းနှင့် အပြီးပူဇော်၍ ကျွန်ုပ်တို့အား ထာဝရရွေးနုတ်ခြင်းအကျိုးကို ခံစားစေခဲ့၏။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
သို့သော် ယဇ်ပုရောဟိတ်မင်းသည် မိမိ၏သွေးမဟုတ်ဘဲ တိရစ္ဆာန်၏ သွေးကို ယူ၍ အသန့်ရှင်းဆုံးဌာနတော်သို့ နှစ်စဉ် ဝင်ရသကဲ့သို့ ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ဝင်ရောက်၍ မိမိကိုယ်ကိုယ် အကြိမ်ကြိမ် ပူဇော်ရန် မလိုအပ်ပေ။
ထိုသို့ပူဇော်ရန် လိုအပ်လျှင် ကိုယ်တော်သည် ကမ္ဘာတည်ချိန်ကတည်းက အကြိမ်ကြိမ် ဒုက္ခခံရလိမ့်မည်။ ယခုတွင်မူ ကိုယ်တော်သည် မိမိကိုယ်မိမိ ယဇ်ပူဇော်၍ အပြစ်များကို ပယ်ရှင်းရန် ကမ္ဘာကုန်ဆုံးချိန်၌ တစ်ကြိမ်တည်းနှင့်အပြီး ပေါ်ထွန်းတော်မူ၏။
ခရစ်တော်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန် မိမိကိုယ်ကိုယ် တစ်ကြိမ်တည်းသာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များကို ဖယ်ရှားရန် မဟုတ်ဘဲ ကိုယ်တော်ကို စောင့်မျှော်နေသူတို့အား ကယ်တင်ရန် ဒုတိယအကြိမ်ပေါ်ထွန်းတော်မူလိမ့်မည်။
ဒုတိယအခန်းထဲသို့မူ ယဇ်ပုရောဟိတ်မင်းကြီး တစ်ပါးတည်းကသာ တစ်နှစ်လျှင် တစ်ကြိမ်တည်းဝင်ရ၏။ ထိုသို့ဝင်သောအခါ မိမိ၏အပြစ်များနှင့် လူတို့၏ မသိနားမလည်ဘဲကျူးလွန်မိသောအပြစ်များအတွက် သွေးကို ယူဆောင်၍ ပူဇော်ရ၏။