ဟေဗြဲ 7:27 - Common Language Bible27 ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။- အခန်းကိုကြည့်ပါ။Garrad Bible27 ထို အ ရှင် သည် ဆို ခဲ့ သော ပ ရော ဟိတ် မင်း တို့ ကဲ့ သို့ ဦး စွာ ကိုယ့် အ ပြစ်၊ နောက် လူ ပ ရိ သတ် အ ပြစ် များ အ တွက် ပူ ဇော် သ က္ကာ များ ကို နေ့ စဉ် ဆက် ကပ် မှု ပြု ရန် မ လို။ ကိုယ် ကို ဆက် ကပ် တော် မူ သည် ဖြစ်၍ ထို အ မှု ကို အ ပြီး သတ် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible27 အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်လည်းကောင်း၊ လူများအပြစ်ကြောင့်လည်းကောင်း၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်း မရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကို တစ်ခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးစေတော်မူပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း27 အခြားယဇ်ပုရောဟိတ်မင်းများသည် မိမိတို့အပြစ်အတွက် သော်လည်းကောင်း၊ လူတို့၏ အပြစ်အတွက်သော်လည်းကောင်း နေ့တိုင်းယဇ်ပူဇော်ရသော်လည်း ကိုယ်တော်သည် ထိုသို့ပူဇော်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူတို့၏ အပြစ်အတွက် မိမိအသက်ကို ပူဇော်စဉ်က တစ်ကြိမ်တည်းနှင့် အပြီး ပူဇော်သောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။
အကယ်၍ဝင်တော်မူသည်ဆိုပါမူကမ္ဘာ လောကကိုဖန်ဆင်းတော်မူချိန်မှအစပြု၍ အဖန်တလဲလဲအသေခံတော်မူရမည်သာ ဖြစ်ပေသည်။ ယခုမူကားကပ်ကမ္ဘာကုန်ဆုံး ခါနီးအချိန်၌အပြီးအပိုင်တစ်ကြိမ်တည်း ကြွလာ၍ မိမိအသက်ကိုပူဇော်ကာအပြစ် ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းတော်မူ၏။-
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။
သို့ရာတွင်ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်း သာလျှင် အတွင်းတဲတော်သို့ဝင်ရပေသည်။ သူ သည်ယင်းသို့ဝင်ရသည်မှာလည်းတစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီးမိမိ၏အတွက်သော် လည်းကောင်း၊ လူတို့မသိဘဲကူးလွန်မိသည့် အပြစ်များအတွက်သော်လည်းကောင်း ပူဇော် ရန်သွေးကိုယူဆောင်၍ဝင်ရလေသည်။-