ထိုအခါ မာရ်နတ်သည် လာ၍ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
ဟေဗြဲ 4:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။ Common Language Bible သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။- Garrad Bible ဘု ရား သ ခင့် သား တော် ယေ ရှု တည်း ဟူ သော ကောင်း ကင် အ ထပ် ထပ် ကို ဖြတ် ကျော် ပြီး မ ဟာ ပ ရော ဟိတ် မင်း တစ် ပါး ကို ရ ရှိ သ ဖြင့် ငါ တို့ ဝန် ခံ ခြင်း တ ရား ကို စွဲ မြဲ ကြ ကုန် အံ့။ Judson Bible ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကောင်းကင်တို့ကိုဖြတ်၍ကြွတော်မူသည့် ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်းတည်းဟူသော ဘုရားသခင်၏သားတော်ယေရှုသည် ငါတို့၌ရှိတော်မူသည်ဖြစ်၍ ငါတို့ယုံကြည်ဝန်ခံသောအရာကို စွဲကိုင်ထားကြကုန်စို့။ |
ထိုအခါ မာရ်နတ်သည် လာ၍ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
ယေရှုသည် တပည့်တော်တို့ကို ထိုသို့မိန့်တော်မူပြီးသောအခါ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထိုသို့ ကောင်းချီးပေးနေတော်မူစဉ်တွင်ပင် သူတို့ထံမှခွဲခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။
ထိုသူတို့က “အို ဂါလိလဲပြည်သားတို့… သင်တို့သည် အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်လျက် ရပ်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရသော ထိုယေရှုသည် ကောင်းကင်ဘုံသို့ ကြွမြန်းတော်မူသည်ကို သင်တို့မြင်ကြရသည့်နည်းတူ ပြန်၍ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။
ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
သို့ဖြစ်၍ မည်သူသည် ကျွန်ုပ်တို့ကို အပြစ်စီရင်မည်နည်း။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်သာမက ရှင်ပြန်ထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံတော်မူ၏။
လွန်ခဲ့သောဆယ့်လေးနှစ်က တတိယကောင်းကင်ဘုံသို့ ချီဆောင်ခံရသည့် ခရစ်တော်၏ တပည့်တစ်ယောက်ကို ကျွန်ုပ်သိ၏။ သူသည် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခံရသလော၊ မပါဘဲချီဆောင်ခံရသလော ကျွန်ုပ်မသိ။ ဘုရားသခင်သာ သိတော်မူ၏။
သင်တို့၏ လှူဒါန်းခြင်းအမှုကြောင့် လက်ခံရရှိသောသူတို့သည် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်။ သူတို့မှစ၍ ယုံကြည်သူအပေါင်းတို့အား ရက်ရောစွာ လှူဒါန်းခြင်းသည် ခရစ်တော်၏ သတင်းကောင်းကို သင်တို့နာခံကြောင်း သက်သေပြလိမ့်မည်။
ဆင်းကြွတော်မူခဲ့သော အရှင်သည် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံတော်မူရန် ကောင်းကင်တို့ထက် မြင့်ရာသို့ တက်ကြွတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။
သို့သော် သားတော်နှင့် ပတ်သက်၍ “အို ဘုရားသခင်… ကိုယ်တော်၏ရာဇပလ္လင်သည် ထာဝရတည်တံ့၏။ ကိုယ်တော်၏နိုင်ငံတော်သည် တရားမျှတမှုဖြင့် အုပ်စိုးသောနိုင်ငံ ဖြစ်ပါ၏။
သို့သော် ခရစ်တော်မှာမူ အပြစ်ဖြေရန် ထာဝရအတွက် တစ်ခုတည်းသောယဇ်ကို ပူဇော်တော်မူ၏။ ထို့နောက် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ကတိပေးတော်မူသောအရှင်သည် သစ္စာရှိတော်မူသောကြောင့် ကျွန်ုပ်တို့ဝန်ခံသောမျှော်လင့်ချက်ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို နင်းခြေ၍ မိမိအား စင်ကြယ်စေသည့်ပဋိညာဉ်နှင့်ဆိုင်သောအသွေးကို မသန့်ရှင်းသောအရာအဖြစ် သဘောထားကာ ကျေးဇူးပြုတော်မူသောဝိညာဉ်တော်ကို စော်ကားသူသည် မည်မျှ ပို၍ ပြင်းထန်သောပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်သနည်း။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် လမ်းမှားမရောက်ရန် ကြားနာရသည့်တရားကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြရမည်။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
ကျွန်ုပ်တို့၏ မူလခံယူချက်ကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သက်ဆိုင်သူများဖြစ်ကြ၏။
ယေရှုခရစ်တော်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာ၏။ ကိုယ်တော်သည် ရှေ့ပြေးဖြစ်တော်မူပြီး ကျွန်ုပ်တို့ကိုယ်စား အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ဝင်ရောက်တော်မူ၏။
သို့ရာတွင် နောက်ပိုင်းတွင် သူတို့သည် ဘုရားသခင်ကို စွန့်၍ ကိုယ်တော်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ရိုက်လျက် လူများရှေ့မှောက်တွင် ဂုဏ်သရေပျက်စေသောသူများ ဖြစ်သောကြောင့် သူတို့ကို နောင်တရစေရန် မဖြစ်နိုင်ပေ။
သူ၌ ဖခင်နှင့်မိခင်၊ မျိုးရိုး၊ ဘဝ၏ အစအဆုံး စသည့် မှတ်တမ်းများမရှိပေ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိထားသူဖြစ်၏။
ကျွန်ုပ်တို့ ပြောဆိုနေသော အဓိကအချက်မှာ ထိုသို့သောယဇ်ပုရောဟိတ်မင်းတစ်ဦးသည် ကျွန်ုပ်တို့၌ရှိ၏။ ထိုယဇ်ပုရောဟိတ်သည် ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ ရာဇပလ္လင်လက်ယာတော်ဘက်၌ ထိုင်တော်မူပြီး
ထိုအသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရာတွင် ကိုယ်တော်သည် ဆိတ်နှင့် နွားသငယ်တို့၏ အသွေးဖြင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အသွေးတော်ဖြင့် တစ်ကြိမ်တည်းနှင့် အပြီးပူဇော်၍ ကျွန်ုပ်တို့အား ထာဝရရွေးနုတ်ခြင်းအကျိုးကို ခံစားစေခဲ့၏။
ခရစ်တော်သည် စစ်မှန်သောအရာ၏ ပုံတူသာဖြစ်သည့် လူတို့လက်ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ထင်ရှားရန် ကောင်းကင်ဘုံသို့ ဝင်တော်မူ၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။