ဟေဗြဲ 4:14 - Common Language Bible14 သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ဘု ရား သ ခင့် သား တော် ယေ ရှု တည်း ဟူ သော ကောင်း ကင် အ ထပ် ထပ် ကို ဖြတ် ကျော် ပြီး မ ဟာ ပ ရော ဟိတ် မင်း တစ် ပါး ကို ရ ရှိ သ ဖြင့် ငါ တို့ ဝန် ခံ ခြင်း တ ရား ကို စွဲ မြဲ ကြ ကုန် အံ့။ အခန်းကိုကြည့်ပါ။Judson Bible14 ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထို့ကြောင့် ကောင်းကင်တို့ကိုဖြတ်၍ကြွတော်မူသည့် ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်းတည်းဟူသော ဘုရားသခင်၏သားတော်ယေရှုသည် ငါတို့၌ရှိတော်မူသည်ဖြစ်၍ ငါတို့ယုံကြည်ဝန်ခံသောအရာကို စွဲကိုင်ထားကြကုန်စို့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့က ``ဂါလိလဲပြည်သားတို့၊ သင်တို့ သည်အဘယ်ကြောင့်ရပ်၍မိုးကောင်းကင်သို့ မျှော်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ယူဆောင်ခြင်းကိုခံတော် မူသောသခင်ယေရှုသည် အဘယ်သို့ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည်ကို သင်တို့မြင်ရကြ၏။ ဤနည်းအတိုင်းပင်ထို အရှင်သည်ပြန်လည်ကြွလာတော်မူလတ္တံ့'' ဟုဆိုကြ၏။
ဤကောင်းမှု၏သာဋ္ဌကကိုထောက်၍လူ အမြောက်အမြားတို့သည်ခရစ်တော်အကြောင်း သတင်းကောင်းကိုသစ္စာရှိစွာသင်တို့ခံယူ ယုံကြည်ကြသည့်အတွက်လည်းကောင်း၊ သင် တို့၏စည်းစိမ်ချမ်းသာများကိုမိမိတို့နှင့် အခြားသူအပေါင်းတို့အား ရက်ရောစွာ ဝေမျှပေးကမ်းကြသည့်အတွက်လည်း ကောင်း ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးကြပေအံ့။-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။