ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြား၍ နားလည်သဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးသောသူကို ဆိုလိုသည်” ဟု မိန့်တော်မူ၏။
လုကာ 19:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒုတိယအစေခံသည် ရောက်လာ၍ ‘သခင်… သခင့်ငွေတစ်ပိဿာအားဖြင့် အမြတ်ငွေငါးပိဿာရပါ၏’ ဟု လျှောက်လေ၏။ Common Language Bible ဒုတိယအစေခံသည်လည်းလာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ငါးပြား ရပါသည်' ဟုလျှောက်၏။- Garrad Bible ဒု တိ ယ လူ လည်း လာ၍ အ ရှင်၊ ကိုယ် တော်၏ ရွှေ ဒင်္ဂါး ဖြင့် အ မြတ် ငါး ပြား ရ ပါ သည် ဟု လျှောက် သော် Judson Bible ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ဒုတိယတစ်ဦးသည်လည်း လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေငါးမိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။ မြန်မာ ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင်၊- |
ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြား၍ နားလည်သဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးသောသူကို ဆိုလိုသည်” ဟု မိန့်တော်မူ၏။
ငွေနှစ်ပိဿာကို ရသောသူသည်လည်း ရှေ့ထွက်လာ၍ ‘သခင်… သခင်သည် အကျွန်ုပ်အား ငွေနှစ်ပိဿာကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်သည် အပိုနှစ်ပိဿာကို အမြတ်ရပါပြီ’ ဟု လျှောက်၏။
အခြားသူတို့မှာမူ ကောင်းသောမြေ၌ ကျသည့်မျိုးစေ့နှင့်တူ၏။ ထိုသူတို့သည် တရားစကားကို ကြား၍ ခံယူသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟု မိန့်တော်မူ၏။
ခရီးမသွားမီ မိမိ၏အစေခံဆယ်ဦးကို ခေါ်၍ ငွေတစ်ပိဿာစီ ပေးပြီးလျှင် ‘ငါပြန်လာသည်အထိ စီးပွားရှာလျက် နေကြလော့’ ဟု မှာထားလေ၏။
သူက ‘ကောင်းပေ၏။ သင်သည်အစေခံကောင်းဖြစ်၏။ အမှုကိစ္စငယ်လေးတွင်ပင် သင်သည် သစ္စာရှိသောကြောင့် မြို့ကြီးဆယ်မြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။