ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
လုကာ 12:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း သင်တို့ကြောက်ရမည့်သူကို ငါပြောမည်။ ကိုယ်ခန္ဓာကို သတ်၍ ငရဲသို့ပစ်ချနိုင်သော ဘုရားသခင်ကိုသာ ကြောက်ကြလော့။ မှန်ပါ၏။ သင်တို့ကြောက်ရွံ့ရမည်သူမှာ ထိုအရှင်ဖြစ်၏။ Common Language Bible သင်တို့ကြောက်သင့်သူကိုငါဖော်ပြမည်။ ကိုယ် ခန္ဓာကိုသတ်ပြီးနောက်သင်တို့အားငရဲသို့ ချနိုင်သူဘုရားသခင်ကိုကြောက်ကြလော့။ သင်တို့အားငါဆိုသည်ကားထိုအရှင်ကို ကြောက်ကြလော့။ Garrad Bible မည် သူ့ ကို ကြောက် ရ မည့် အ ကြောင်း ငါ ဖော် ပြ မည်။ သတ် ပြီး နောက် င ရဲ သို့ ချ ရန် တန် ခိုး ရှိ သော အ ရှင် ကို ကြောက် ကြ လော့။ ထို အ ရှင် ကို သာ ကြောက် ကြ လော့ ငါ ဆို၏။ Judson Bible အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကြောက်ရမည့်သူကို သင်တို့အား ငါပြောပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးနောက် ငရဲထဲသို့ပစ်ချပိုင်ခွင့်ရှိသောသူကို ကြောက်ကြလော့။ မှန်ပေ၏။ ထိုသူကိုကြောက်ကြလော့ဟု သင်တို့အား ငါဆို၏။ မြန်မာ အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။- |
ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
ထို့ပြင် ဤသို့သော ကိစ္စများတွင် မည်သူမျှ မိမိတို့ ညီအစ်ကိုအပေါ် အခွင့်ကောင်းယူ၍ သူ၏ သားမယားနှင့် မပြစ်မှားရ။ သင်တို့ကို ကျွန်ုပ်တို့ သတိပေးပြောဆိုခဲ့သည့်အတိုင်း အထက်ပါအပြစ်တို့ကို ကျူးလွန်သော သူတို့ကို သခင်ဘုရား ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ရခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှ၏။
ဘုရားသခင်သည် အပြစ်ကျူးလွန်သောကောင်းကင်တမန်များကိုပင်လျှင် ချမ်းသာပေးတော်မမူဘဲ ငရဲထဲသို့ ပစ်ချ၍ တရားစီရင်မည့်နေ့တိုင်အောင် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။
ထိုကောင်းကင်တမန်က “တရားစီရင်တော်မူမည့် အချိန် ရောက်လာပြီဖြစ်သောကြောင့် ဘုရားသခင်ကို ကြောက်ရွံ့၍ ဘုန်းတော်ကို ချီးမွမ်းကြလော့။ ကောင်းကင်နှင့် မြေကြီးကိုလည်းကောင်း ပင်လယ်နှင့် စမ်းရေတွင်းတို့ကိုလည်းကောင်း ဖန်ဆင်းတော်မူသည့် အရှင်ကို ကိုးကွယ်ကြလော့” ဟု ကျယ်လောင်စွာ ကြွေးကြော်လေ၏။
အို ထာဝရဘုရား… ကိုယ်တော်ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်၏ နာမတော်ကို မချီးမွမ်းသောသူဟူ၍ ရှိပါမည်လော။ ကိုယ်တော်တစ်ပါးတည်းသာ သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်သောလုပ်ဆောင်မှုတို့သည် ပေါ်လွင်ထင်ရှားသောကြောင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ ရှေ့တော်သို့ လာ၍ ကိုးကွယ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။
ထို့နောက် သေခြင်းနှင့် မရဏနိုင်ငံသည် မီးအိုင်ထဲသို့ ပစ်ချခံခဲ့ရ၏။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏။