သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။
ရှင်ယောဟန် 12:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုအချိန်သည် ဤလောကကို တရားစီရင်သည့်အချိန်ဖြစ်၏။ ဤလောက၏ မင်းဖြစ်သော စာတန်မာရ်နတ်သည် နှင်ထုတ်ခြင်းခံရလိမ့်မည်။ Common Language Bible ဤလောကသည်ယခုပင်လျှင်တရားစီရင် ခြင်းခံရလေပြီ။ လောကကိုအစိုးရသူ သည်လည်းယခုပင်နှိမ်နင်းခြင်းခံရပေ တော့မည်။- Garrad Bible ယခုမှာ ဤလောကသည် စီရင်ဆုံးဖြတ်ခံရ၏။ ဤလောကမင်းလည်းနှင်ထုတ်ခံရတော့မည်။ Judson Bible ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ယခုသည် ဤလောက၏တရားစီရင်ခြင်းကာလဖြစ်၏။ ဤလောကကိုအုပ်ချုပ်သူသည် ယခု နှင်ထုတ်ခြင်းခံရမည်။ မြန်မာ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။- |
သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။
ဤလောကီကို အုပ်ချုပ်သောမင်း ရောက်လာတော့မည်ဖြစ်သောကြောင့် ငါသည် သင်တို့နှင့် ပြောဆိုရန် အချိန်များစွာ မရှိတော့ပေ။ ထိုမင်းသည် ငါ့အပေါ် ကြီးစိုးရန် မည်သည့်အာဏာမျှ မရှိ။
အပြစ်စီရင်ခြင်းခံရသည့် အကြောင်းရင်းမှာ ဘုရားသခင်၏အလင်းတော်သည် ဤကမ္ဘာလောကသို့ ကြွလာသော်လည်း လူတို့သည် အကျင့်ဆိုးတို့ကို ကျင့်သောကြောင့် ထိုအလင်းတော်ထက် အမှောင်ထုကို ပို၍ နှစ်သက်ကြ၏။
ထိုအခါ ယေရှုက “မျက်မမြင်များ မျက်စိမြင်စေရန်နှင့် မျက်စိမြင်သောသူများကို မျက်စိကန်းစေရန်ဟူသည့် တရားစီရင်ခြင်းအတွက် ဤလောကသို့ ငါကြွလာ၏” ဟု မိန့်တော်မူ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
ထို့ကြောင့် ပညာရှင်သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာသည် အဘယ်မှာနည်း။ ဤလောက၏ ဝေဖန်ရေးဆရာသည် အဘယ်မှာနည်း။ ဘုရားသခင်သည် လောကီပညာကို မိုက်မဲစေတော်မူပြီမဟုတ်လော။
လူ၏ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကို မသိနိုင်စေရန် ဘုရားသခင်သည် ဉာဏ်တော်ဖြင့် စီမံခန့်ခွဲထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသောတရားဟု လူတို့ယူဆသည့် ကျွန်ုပ်တို့ဟောသောတရားအားဖြင့် ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ကယ်တင်ရန် အလိုရှိတော်မူ၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အသွေးအသား ရှိသောသူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည် မဟုတ်။ ကောင်းကင်အရပ်ရှိ ဝိညာဉ်ဆိုးများ၊ အမှောင်လောကကို အစိုးရသောမင်းများ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်၏။
အုပ်စိုးမှုနှင့် အာဏာစက်များ၏ တန်ခိုးကို ဖယ်ရှားပြီးလျှင် လက်ဝါးကပ်တိုင်တွင် အောင်ပွဲခံ၍ လူရှေ့သူရှေ့တွင် အရှက်ရစေတော်မူ၏။
ထိုသားသမီးတို့သည် အသွေးအသားရှိသဖြင့် ကိုယ်တော်သည် အသွေးအသားကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်အသေခံ၍ သေခြင်းကို အစိုးရသော မာရ်နတ်၏တန်ခိုးကို ဖျက်ဆီးကာ
အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။
သားသမီးတို့… သင်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်၍ ထိုသူတို့ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်တော်သည် လောကီသားတို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်ထက် ပို၍ ကြီးမြတ်သောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းနှင့် လောကီသားအပေါင်းတို့သည် မာရ်နတ်၏ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့သိကြ၏။