ယေရှုက တပည့်တော်တို့ကို လှည့်၍ ကြည့်တော်မူလျက် ပေတရုအား “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
ရောမ 8:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူ့ဗီဇစိတ် အလိုအတိုင်း အသက်ရှင်သောသူတို့သည် လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းကြ၏။ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သောသူတို့မှာ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းကြ၏။ Common Language Bible လူ့ဇာတိသဘော၏စေခိုင်းမှုအရအသက် ရှင်သူတို့သည် လူ့ဇာတိသဘောနှင့်ဆိုင်သော အရာများကိုသာစိတ်စွဲလမ်းကြ၏။ သို့ရာ တွင်ဝိညာဉ်တော်၏ညွှန်ကြားချက်အရ အသက်ရှင်သူတို့မူကား ဝိညာဉ်တော်အလို ရှိသောအရာများကိုစိတ်စွဲလမ်းကြ၏။- Garrad Bible ရုပ် ခ န္ဓာ အောက် နေ သူ တို့ သည် ရုပ် ခ န္ဓာ ဆိုင် ရာ များ ကို စွဲ လမ်း ကြ သည့် နည်း တူ နာမ် ခ န္ဓာ အောက် နေ သူ တို့ သည် နာမ် ခ န္ဓာ ဆိုင် ရာ များ ကို စွဲ လမ်း ကြ၏။ Judson Bible ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သွေးသားဇာတိအလိုအတိုင်း အသက်ရှင်သောသူတို့သည် သွေးသားဇာတိနှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သောသူတို့မူကား ဝိညာဉ်တော်နှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ |
ယေရှုက တပည့်တော်တို့ကို လှည့်၍ ကြည့်တော်မူလျက် ပေတရုအား “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
အသွေးအသားအားဖြင့် မွေးဖွားသူသည် အသွေးအသားဖြစ်၏။ သို့သော် ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည် ဝိညာဉ်ဖြစ်၏။
သို့သော် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ ဝိညာဉ်တော်ကို မရသောသူသည် ခရစ်တော်နှင့် မသက်ဆိုင်။
မြေကြီး၌ ရှိသောသူတို့သည် မြေကြီးဖြင့် ဖန်ဆင်းထားသောသူနှင့် တူကြ၏။ ကောင်းကင်၌ ရှိသောသူတို့သည် ကောင်းကင်မှလာသောသူတို့နှင့် တူကြ၏။
သို့သော် ဝိညာဉ်တော်ကို မရရှိထားသောသူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံမှ အမှန်တရားကို မခံယူနိုင်ပေ။ ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာများဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့်သာ ပိုင်းခြားသိမြင်နိုင်သောကြောင့် သူသည် နားမလည်နိုင်ပေ။
ကျွန်ုပ်တို့သည် လောကီသားများအဖြစ် ပြုမူနေထိုင်သော်လည်း လောကီသားများက မိမိတို့၏ ရန်ဘက်များကို ဆန့်ကျင်တိုက်ခိုက်သကဲ့သို့ ကျွန်ုပ်တို့မတိုက်ခိုက်။
အဘယ်ကြောင့်ဆိုသော် လူ့ဗီဇစိတ်သည် ဝိညာဉ်တော်နှင့် ဆန့်ကျင်သောအရာကို အလိုရှိ၍ ဝိညာဉ်တော်သည် လူ့ဗီဇစိတ်နှင့် ဆန့်ကျင်သောအရာကို အလိုရှိသောကြောင့် ဖြစ်၏။ လူ့ဗီဇစိတ်နှင့် ဝိညာဉ်တော်တို့သည် တစ်ပါးနှင့် တစ်ပါး ဆန့်ကျင်လျက် ရှိသဖြင့် သင်တို့သည် မိမိအလိုဆန္ဒအတိုင်း မပြုနိုင်ကြပေ။
အလင်း၏အသီးအပွင့်သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်းတို့ ဖြစ်ကြ၏။
အထူးသဖြင့် ညစ်ညမ်းသောအရာကို တပ်မက်သည့် လူ့ဗီဇစိတ်နောက်သို့ လိုက်သွားသူများနှင့် ဘုရားသခင်၏ အုပ်စိုးခြင်းကို မထီမဲ့မြင်ပြုသူများအား ထိုသို့အပြစ်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် အတင့်ရဲသူများ၊ ထင်ရာစိုင်းသူများဖြစ်ပြီး ဘုန်းတန်ခိုးကြီးသူတို့ကို စော်ကားပြောဆိုဝံ့ကြ၏။