သို့ဖြစ်၍ အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ကယ်တင်တော်မူခြင်းကို ခံရလိမ့်မည်။ ကျမ်းစာ၌လည်း “ကယ်တင်မည့်အရှင်သည် ဂျေရုဆလင်မြို့မှ ကြွလာ၍ အစ္စရေးလူမျိုးတို့ထံမှ ဘုရားတရားမဲ့ခြင်းကို ဖယ်ရှားတော်မူလိမ့်မည်။
ရောမ 5:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အားကိုးရာမဲ့ ဖြစ်လျက်ရှိနေကြစဉ် အချိန်တန်၍ ခရစ်တော်သည် ဘုရားတရားမဲ့သူများအတွက် အသေခံတော်မူ၏။ Common Language Bible ငါတို့သည်ခိုကိုးရာမဲ့ဖြစ်လျက်ရှိနေကြ စဉ် ခရစ်တော်သည်ဘုရားသခင်သတ်မှတ်တော် မူရာနေ့ရက်ကာလ၌ဆိုးယုတ်သူတို့ အတွက်အသေခံတော်မူ၏။- Garrad Bible အ သို့ ဆို သော် ငါ တို့ အား နည်း လျက် ရှိ နေ သေး စဉ် သင့် ရာ အ ချိန် အ ခါ တွင် ခ ရစ် တော် သည် ဘု ရား မဲ့ နေ သူ တို့ အ ဖို့ အ သေ ခံ တော် မူ ၏။ Judson Bible ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့အားနည်းလျက်ရှိနေကြစဉ် ခရစ်တော်သည် အချိန်တန်သည်နှင့် ဘုရားတရားမဲ့သောသူများအတွက် အသေခံတော်မူ၏။ |
သို့ဖြစ်၍ အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ကယ်တင်တော်မူခြင်းကို ခံရလိမ့်မည်။ ကျမ်းစာ၌လည်း “ကယ်တင်မည့်အရှင်သည် ဂျေရုဆလင်မြို့မှ ကြွလာ၍ အစ္စရေးလူမျိုးတို့ထံမှ ဘုရားတရားမဲ့ခြင်းကို ဖယ်ရှားတော်မူလိမ့်မည်။
ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အသေခံရန် အပ်နှံခြင်းကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရစေရန်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့၏။
သို့သော် လူတို့အနေဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ မိမိတို့၏ အကျင့်သီလကြောင့် မဟုတ်ဘဲ ဘုရားတရားမဲ့သူများကို ခွင့်လွှတ်တော်မူသည့် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
ဘုရားသခင်၏ ရန်သူဖြစ်စဉ်ကပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခွင့်ကို ကျွန်ုပ်တို့ရရှိလျှင် ပြန်လည်သင့်မြတ်ခွင့်ကို ရရှိပြီးသော ကျွန်ုပ်တို့သည် သားတော်အသက်ရှင်ခြင်းအားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
ဖြောင့်မတ်သူအတွက် အသေခံမည့်သူ ရှိခဲ၏။ သူတော်ကောင်းအတွက်မူ အသေခံဝံ့သူ ရှိကောင်းရှိလိမ့်မည်။
သို့သော် ကျွန်ုပ်တို့ အပြစ်သားများဖြစ်နေစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ခရစ်တော်ကို အသေခံရန် စေလွှတ်တော်မူခြင်းအားဖြင့် သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား သက်သေပြတော်မူ၏။
ကျွန်ုပ်တို့အားလုံးအတွက် မိမိသားတော်ရင်းကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်သည် ထိုသားတော်နှင့်တကွ ရှိသမျှအရာခပ်သိမ်းကိုလည်း ကျွန်ုပ်တို့အား မပေးဘဲ နေတော်မူမည်လော။
သို့ဖြစ်၍ မည်သူသည် ကျွန်ုပ်တို့ကို အပြစ်စီရင်မည်နည်း။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်သာမက ရှင်ပြန်ထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံတော်မူ၏။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
ယခင်က သင်တို့သည် မိမိတို့၏ အပြစ်များနှင့် လူ့ဗီဇစိတ်ကို မဖြတ်တောက်နိုင်သေးသောကြောင့် ဝိညာဉ်ရေးအရ သေလူကဲ့သို့ ဖြစ်ခဲ့ကြ၏။ သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူ၍
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမျက်တော်ခံရစေရန် သတ်မှတ်ထားတော်မူသည်မဟုတ်။ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် လုပ်ဆောင်သောအမှုဖြင့် ကယ်တင်ခံရစေရန် သတ်မှတ်ထားတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် ဖြောင့်မတ်သူတို့အတွက် ချမှတ်ထားသည်မဟုတ်ဘဲ ပညတ်တရားကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရားမကိုင်းရှိုင်းသူများ၊ မိဘကို သတ်သူများ၊ လူသတ်သမားများ၊
ဤကျေးဇူးတော်သည် ကျွန်ုပ်တို့အား ဘုရားတရားမဲ့ခြင်းနှင့် လောကီတပ်မက်ခြင်းကို ငြင်းပယ်၍ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းခြင်းတို့ဖြင့် နေထိုင်ရန် သွန်သင်ပေး၏။
ယဇ်ပုရောဟိတ်မင်းဟူသည် ပူဇော်စရာများနှင့် ယဇ်များကို ဘုရားသခင်ထံ ပူဇော်ရန် ခန့်အပ်ခြင်းခံရသူဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာတစ်စုံတစ်ခုရှိရမည်။
ထိုသို့ပူဇော်ရန် လိုအပ်လျှင် ကိုယ်တော်သည် ကမ္ဘာတည်ချိန်ကတည်းက အကြိမ်ကြိမ် ဒုက္ခခံရလိမ့်မည်။ ယခုတွင်မူ ကိုယ်တော်သည် မိမိကိုယ်မိမိ ယဇ်ပူဇော်၍ အပြစ်များကို ပယ်ရှင်းရန် ကမ္ဘာကုန်ဆုံးချိန်၌ တစ်ကြိမ်တည်းနှင့်အပြီး ပေါ်ထွန်းတော်မူ၏။
ခရစ်တော်သည် ဤကမ္ဘာမတည်ရှိမီကပင် ခန့်ထားတော်မူခြင်းခံရသော်လည်း ဤနောက်ဆုံးသောကာလတွင် သင်တို့အတွက် ပေါ်ထွန်းတော်မူ၏။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် ယခုလက်ရှိ ကောင်းကင်နှင့် မြေကြီးကို မီးနှင့် တရားစီရင်မည့်နေ့တိုင်အောင် ဆက်လက်တည်ရှိစေတော်မူ၏။ ထိုနေ့၌ ကောင်းကင်နှင့် မြေကြီးသည် မီးနှင့် ဖျက်ဆီးခြင်းကို ခံရ၍ ဘုရားတရားမဲ့သောသူတို့သည်လည်း ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
လူအပေါင်းတို့ကို တရားစီရင်တော်မူလိမ့်မည်။ ဘုရားတရားမဲ့သောသူတို့၏ ဘုရားတရားမဲ့သောအပြုအမူတိုင်းအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ကြမ်းတမ်းစွာ ပြောဆိုခြင်းအတွက်လည်းကောင်း ပြစ်ဒဏ်စီရင်တော်မူရန်ဖြစ်သည်” ဟူ၍ ပရောဖက်ပြုဟောပြောခဲ့၏။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့သော တပ်မက်မှုများအတိုင်း ပြုမူသည့် မထီမဲ့မြင်ပြုသူများ ရှိကြလိမ့်မည်” ဟု သင်တို့အား ပြောခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။