ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ရောမ 2:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညာမဲ့သူတို့ကို ပဲ့ပြင်၍ ကလေးငယ်တို့ကို သွန်သင်နိုင်သည်ဟု သင်ထင်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ပညတ်တရားက သင့်အား စုံလင်သော အသိပညာနှင့် သမ္မာတရားကို ရရှိစေသည်ဟု သင်ထင်မှတ်သောကြောင့်ဖြစ်၏။ Judson Bible လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကို ထင်မှတ်တတ်သည်မှန်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူတို့ကိုဆုံးမပဲ့ပြင်သူ၊ ကလေးသူငယ်များ၏ဆရာဖြစ်သည်ဟု ယုံကြည်စိတ်ချလျှင် |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
သင်သည် မျက်မမြင်တို့အတွက် လမ်းပြလည်းဖြစ်၊ အမှောင်ထဲတွင် လမ်းပျောက်နေသောသူတို့အတွက် အလင်းလည်းဖြစ်ကြောင်း မိမိကိုယ်ကိုယ်ယုံကြည်စိတ်ချ၏။
ထိုသို့ ယုံကြည်ခြင်းကို အလေးပေးလျှင် ပညတ်တရားကို ပယ်ဖျက်နိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ အမှန်တွင်မူ ကျွန်ုပ်တို့၌ ယုံကြည်ခြင်းရှိမှသာလျှင် ပညတ်တရားကို ပြည့်စုံစေနိုင်မည်ဖြစ်၏။
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် ဝိညာဉ်တော်ကို ရရှိထားသောသူများအား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော၍မရခဲ့ပေ။ လူ့ဗီဇစိတ်ရှိသောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း၊ ခရစ်တော်ကို ယုံကြည်သည့်သက်တမ်းတွင် မွေးကင်းစအရွယ်ကဲ့သို့သောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း ဟောပြောခဲ့ရ၏။
ကျွန်ုပ်ထံမှ ကြားရသည့် မှန်ကန်သောတရားစကားကို စံနမူနာအဖြစ် ခံယူ၍ ခရစ်တော်ကို ဆက်လက်ယုံကြည်လျက် လူတို့ကို ချစ်လော့။ ဤသို့ သင်လုပ်ဆောင်နိုင်သည်မှာ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိသောကြောင့်ဖြစ်၏။
ဘုရားတရား ကိုင်းရှိုင်းယောင်ဆောင်၍ ကိုင်းရှိုင်းခြင်း၏တန်ခိုးတော်ကို ငြင်းပယ်သူများဖြစ်လာကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
သူတို့သည် ဘုရားသခင်ကို သိသည်ဟု ဝန်ခံသော်လည်း သူတို့၏ အပြုအမူဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်ကောင်းမှုကိုမျှ ပြုနိုင်စွမ်းမရှိသောသူများ ဖြစ်ကြ၏။
နို့ကိုသာ သောက်နေသူများသည် နို့စို့သူငယ်များသာဖြစ်သောကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိကြပေ။
ညီအစ်ကိုမောင်နှမတို့… ဆရာဖြစ်ကြသောကျွန်ုပ်တို့သည် အခြားသူတို့ထက် ပို၍ တင်းကျပ်စွာ စီရင်ခံရမည်ကို သင်တို့သိမှတ်လျက် ဆရာဖြစ်လိုသူ မများစေကြနှင့်။
သခင်ဘုရား၏ကျေးဇူးတော် မည်မျှချိုမြိန်သည်ကို ယခု သင်တို့မြည်းစမ်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် မွေးကင်းစကလေးများကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်ကို တောင့်တကြလော့။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းကို အပြည့်အဝခံစားရမည့်အချိန်တိုင်အောင် ကြီးထွားလိမ့်မည်။