ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သူတို့၏ စိတ်နှလုံးတပ်မက်သော စက်ဆုပ်ညစ်ညမ်းဖွယ်ရာများလက်သို့ အပ်လိုက်တော်မူ၏။ ဤသို့ဖြင့် သူတို့သည် အချင်းချင်းဆက်ဆံ၍ သူတို့၏ ကိုယ်ခန္ဓာများကို အသရေပျက်စေကြ၏။
ရောမ 1:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် ထိုသူတို့အား ရှက်ဖွယ်ကောင်းသောကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အမျိုးသမီးများပင်လျှင် သဘာဝနှင့်လျော်ညီသော ဆက်ဆံခြင်းကို စွန့်၍ သဘာဝနှင့် ဆန့်ကျင်သော ဆက်ဆံခြင်း၌ မွေ့လျော်ကြ၏။ Common Language Bible သို့ဖြစ်၍ဘုရားသခင်သည်သူတို့အားရှက် ဖွယ်ကောင်းသည့် ကိလေသာလက်သို့အပ်လိုက် တော်မူ၏။ မိန်းမတို့ပင်လျှင်ဋ္ဌမ္မတာထုံးစံ အစားဆန့်ကျင်သောထုံးစံကိုကျင့်ကြ၏။- Garrad Bible သို့ ဖြစ်၍ လည်း ယုတ် ညံ့ သော ဝါ သ နာ သို့ ဘု ရား သ ခင် အပ် လိုက် တော် မူ သည့် အ တိုင်း မိန်း မ ဖြစ် သူ တို့ သည် ဓ မ္ဓ တာ ထုံး စံ အ စား ဆန့် ကျင့် သော ထုံး စံ ကို ကျင့် ကြ သည့် နည်း တူ၊ Judson Bible ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဖွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ဖွယ်ကောင်းသောကိလေသာလက်သို့ အပ်လိုက်သဖြင့် သူတို့ထဲမှ မိန်းမတို့ပင်လျှင် သဘာဝနှင့်လျော်ညီသောဆက်ဆံမှုကို သဘာဝနှင့်ဆန့်ကျင်သောဆက်ဆံမှုဖြင့် လဲလှယ်ကြ၏။ |
ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သူတို့၏ စိတ်နှလုံးတပ်မက်သော စက်ဆုပ်ညစ်ညမ်းဖွယ်ရာများလက်သို့ အပ်လိုက်တော်မူ၏။ ဤသို့ဖြင့် သူတို့သည် အချင်းချင်းဆက်ဆံ၍ သူတို့၏ ကိုယ်ခန္ဓာများကို အသရေပျက်စေကြ၏။
ထို့ပြင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသည် မိုက်မဲသည်ဟု သူတို့ထင်မှတ်သောကြောင့် ဘုရားသခင်သည် သူတို့ကို ပညာမဲ့စွာတွေးခေါ်ခြင်းလက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့သည် မပြုအပ်သောအမှုတို့ကို ပြုကြ၏။
မတရားပြုသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့မသိကြသလော။ ယူဆမှုမလွဲကြနှင့်။ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ ယောက်ျားချင်းဆက်ဆံသူများ၊
သူတို့သည် အရှက်တရား ကင်းမဲ့လာကြသဖြင့် ကာမဂုဏ် လိုက်စားလျက် စက်ဆုပ်ညစ်ညမ်းဖွယ်ရာ အကျင့်အမျိုးမျိုးတို့ကို အလွန် တပ်မက်စွာ ပြုမူကြ၏။
မနာခံသောသူတို့က ဆိတ်ကွယ်ရာတွင် ပြုသောအမှုအကြောင်းကို ကျွန်ုပ်တို့သည် ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။
တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လိင်တူချင်းဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သောသက်သေခံသူများနှင့် မှန်ကန်သောအယူဝါဒကို ဆန့်ကျင်သမျှသောအရာများတို့အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြသောကြောင့် ဖြစ်၏။
သို့သော် ဤသူတို့သည် မိမိတို့နားမလည်သည့်အရာမှန်သမျှကို စော်ကားပြောဆိုကြပြီး ဆင်ခြင်တုံတရားမဲ့သော တိရစ္ဆာန်များနည်းတူ ပင်ကိုဗီဇအရ မိမိတို့နားလည်သည့်အတိုင်း ပြုသဖြင့် ပျက်စီးဆုံးရှုံးတတ်ကြ၏။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အနီးရှိ မြို့များမှ မြို့သူမြို့သားတို့သည် လိင်မှုကျူးလွန်၍ သဘာဝနှင့် ဆန့်ကျင်သောမေထုန်ကို ပြုကြသဖြင့် ထာဝရမီးဒဏ်ကို ခံရ၏။ ထို့ကြောင့် ထိုမြို့တို့သည် သင်ခန်းစာယူစရာဖြစ်လာကြ၏။