Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 4:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 သူတို့​သည် အရှက်တရား ကင်းမဲ့လာကြ​သဖြင့် ကာမဂုဏ် လိုက်စား​လျက် စက်ဆုပ်​ညစ်ညမ်းဖွယ်ရာ အကျင့်​အမျိုးမျိုးတို့​ကို အလွန် တပ်မက်​စွာ ပြုမူကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ရှက်​ကြောက်​စိတ်​လုံး​ဝ​မ​ရှိ​တော့​သ​ဖြင့်​သူ​တို့ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ကာ ညစ်​ညမ်း​သော​အ​ကျင့် အ​မျိုး​မျိုး​တို့​ကို​အ​ချုပ်​အ​ချယ်​မ​ရှိ​ပြု​ကျင့် ကြ​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ပြောင် တိုက် ဝံ့ သည့် အ လျောက် ကာ မ ဂုဏ် လိုက် စား ရန် ကိုယ် ကို လွှဲ အပ် သ ဖြင့် ညစ် ညူး မှု အ မျိုး မျိုး ကို ရ မ္မက် နှင့် ပြု တတ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ၊ တပ်​မက်​ခြင်း အ​လွန်​ပြင်း​သည်​နှင့် ညစ်​ညူး​သော​အ​ကျင့် အ​မျိုး​မျိုး​ကို ကြိုး​စား၍ ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​ကို ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သူ​တို့​သည် ရှက်ကြောက်​စိတ်​ကင်းမဲ့​လျက် ညစ်ညူး​သော​အရာ​အမျိုးမျိုး​တို့​ကို အလွန်​တပ်မက်​သော​စိတ်​နှင့်​ပြုမူ​၍ မိမိတို့ကိုယ်ကို ကာမဂုဏ်​လိုက်စား​ခြင်း​လက်​သို့ အပ်လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 4:19
13 ပူးပေါင်းရင်းမြစ်များ  

သူတစ်ပါး​သားမယား​ကို​ပြစ်မှားခြင်း၊ လောဘ​လွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကား​ပြောဆိုခြင်း၊ မာန​ထောင်လွှားခြင်း​နှင့် ပညာမဲ့ခြင်း၊


ထို့ကြောင့် ဘုရားသခင်​ကို မသိသော​လူမျိုးခြားများ​ကဲ့သို့ မနေထိုင်ကြ​ရန် သခင်ဘုရား​၏ အခွင့်အာဏာ​ဖြင့် သင်တို့​ကို ကျွန်ုပ် သတိပေး​လို၏။ ထို​သူတို့​၏ တွေးခေါ်ကြံဆမှု​သည် အကျိုး​မရှိပေ။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


ထို​အယူဝါဒ​ကို သွန်သင်သူများ​၏ အမှားအမှန်​ခွဲခြားသော အသိစိတ်​သည် သံပူ​နှင့်​ခတ်ခံရ​သကဲ့သို့ ထုံထိုင်းနေ၏။ သူတို့​သည် သူတော်ကောင်း​ယောင်ဆောင်သော လူလိမ်များ​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​ကဲ့သို့ ကိလေသာ​လွန်ကြူးခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ ပွဲလုပ်​ပျော်ပါးခြင်း၊ သောက်စားခြင်း၊ ပညတ်တရား​နှင့် မလျော်ညီသည့် ရုပ်တုကိုးကွယ်ခြင်း​တို့​ကို ပြုမူ​၍ အချိန်​အတန်ကြာ နေထိုင်ခဲ့​သောကြောင့်​ဖြစ်၏။


“ခွေး​သည် မိမိ​အန်ဖတ်​ကို ပြန်​စားတတ်၏။ ဝက်​သည် ရေချိုး​ပြီး​လျှင်ပင် ရွှံ့​၌ ပြန်​လူးတတ်၏” ဟူသည့် မှန်သော​ဆိုရိုးစကား​သည် ထို​သူတို့​၌ ဖြစ်ပျက်လာ၏။


သူတို့​သည် အမင်္ဂလာ​ရှိကြ၏။ သူတို့​သည် ကာဣန​၏​လမ်းစဉ်​သို့ လိုက်ကြပြီ။ ဗာလမ်​သည် အခကြေးငွေ​ကို ရလို​၍ မှားယွင်း​သကဲ့သို့ ဗာလမ်​နည်းတူ အလျင်အမြန်​မှားယွင်းကြပြီ။ ကောရ​ကဲ့သို့ ပုန်ကန်​သဖြင့် ပျက်စီး​ဆုံးရှုံးကြပြီ။


လူမျိုး​အပေါင်းတို့​သည် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ဟူသည့် သူ​၏​စပျစ်ဝိုင်​ကို သောက်ကြပြီ။ လောကီ​ဘုရင်တို့​သည် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို သူ​နှင့် ကျူးလွန်ကြ၏။ လောကီ​ကုန်သည်တို့​သည်​လည်း သူ​၏ အလွန်အကျွံ​စည်းစိမ်ခံစား​လိုသော​ဆန္ဒ​ကြောင့် ကြီးပွား​ချမ်းသာလာကြပြီ” ဟု ကျယ်လောင်သော​အသံ​ဖြင့် ကြွေးကြော်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ