သို့သော် စပျစ်ခြံလုပ်သားများက မြေရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
ယာကုပ် 5:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ကို မဆန့်ကျင်သည့်ဖြောင့်မတ်သောသူတို့ကို သင်တို့သည် အပြစ်စီရင်၍ သတ်ကြပြီ။ Common Language Bible အပြစ်ကင်းသူများကိုသေဒဏ်ပေး၍ သတ်ခဲ့ကြ၏။ သို့ရာတွင်ထိုသူတို့သည် သင်တို့အားမခုခံကြ။ Garrad Bible သင် တို့ ကို မ ခု ခံ သော သူ တော် ကောင်း တို့ အား အ ပြစ် စီ ရင် လျက် ကွပ် မျက် ခဲ့ ကြ ပြီ တ ကား။ Judson Bible ဖြောင့်မတ်သောသူကို အပြစ်စီရင်၍ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကို မဆီးတား။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုသတ်မှတ်၍ သတ်ကြပြီ။ သူသည် သင်တို့ကို ဆန့်ကျင်ခြင်းမပြုချေ။ |
သို့သော် စပျစ်ခြံလုပ်သားများက မြေရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
ထိုအချိန်တွင် ဗာရဗ္ဗကို လွှတ်ပေး၍ ယေရှုကို သေဒဏ်ချမှတ်စေမည့်အကြောင်း တောင်းဆိုရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် လူထုအား တိုက်တွန်းသွေးဆောင်ကြ၏။
သို့သော်လည်း သင်တို့အား ငါပြောဆိုသည်မှာ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်ပေးလော့။
ထို့နောက် သူက ‘ငါတို့ဘိုးဘေးတို့၏ဘုရားသခင်သည် မိမိအလိုတော်ကို သိမြင်စေရန်၊ ဖြောင့်မတ်သောအရှင်ကိုဖူးမြင်ခွင့် ရစေရန်နှင့် ထိုအရှင်မိန့်တော်မူသောအသံကို ကြားစေရန် သင့်ကိုခန့်အပ်ထား၏။
သင်တို့ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်ဟူ၍ ရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင် ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကို သတ်ဖြတ်ကြ၏။ ယခု သင်တို့သည် ထိုအရှင်ကို သစ္စာဖောက်၍ သတ်ကြပြီ။
ထိုသူ ဖတ်နေသောကျမ်းစာပိုဒ်မှာ “သတ်ရန် ခေါ်ယူသွားသည့် သိုးကဲ့သို့ သူသည် ခေါ်ဆောင်သွားခြင်းခံရ၏။ သိုးသငယ်သည် သိုးမွေးညှပ်သူရှေ့တွင် တိတ်ဆိတ်စွာ နေသကဲ့သို့ သူသည် မိမိနှုတ်ကို မဖွင့်ဘဲနေ၏။
ငါ၏ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော် ငါသည် နောက်ပြန်လှည့်တတ်သူများကို နှစ်သက်မည်မဟုတ်” ဟု ဖော်ပြထားသောကြောင့်ဖြစ်၏။
သို့သော် သင်တို့သည် ဆင်းရဲသောသူတို့ကို ရှုတ်ချကြ၏။ သင်တို့ကို ဖိနှိပ်ချုပ်ချယ်၍ တရားရုံးသို့ ဆွဲခေါ်သွားသောသူတို့သည် ချမ်းသာသောသူများ မဟုတ်လော။
သင်တို့သည် မိမိတို့လိုချင်တပ်မက်သောအရာကို မရသဖြင့် လူသတ်ကြ၏။ တစ်စုံတစ်ခုကို အလွန်လိုချင်သောစိတ် ရှိသော်လည်း မရနိုင်သောအခါ ခိုက်ရန်ဖြစ်၍ တိုက်ခိုက်ကြ၏။ သင်တို့မရကြသည့် အကြောင်းမှာ ဘုရားသခင်ထံ မတောင်းလျှောက်သောကြောင့်ဖြစ်၏။
ထို့ပြင် ကျမ်းစာ၌ “ဖြောင့်မတ်သောသူပင် ကယ်တင်ခံရရန် ခက်ခဲလျှင် ဘုရားတရားမဲ့သူတို့နှင့် အပြစ်သားတို့သည် မည်သို့ဖြစ်မည်နည်း” ဟု ဖော်ပြထား၏။