Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 10:38 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

38 ငါ​၏ ဖြောင့်မတ်သောသူ​သည် ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်။ သို့သော် ငါ​သည် နောက်ပြန်လှည့်တတ်သူများ​ကို နှစ်သက်မည်​မဟုတ်” ဟု ဖော်ပြထား​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38 ဖြောင့်​မတ်​သူ​များ​ဖြစ်​ကြ​သော​ငါ​၏​လူ​စု တော်​သည် ယုံ​ကြည်​၍​အ​သက်​ရှင်​လိမ့်​မည်။ သို့​ရာ​တွင်​တွန့်​ဆုတ်​သွား​သူ​ကို​မူ​ကား ငါ​သည်​နှစ်​သက်​လိမ့်​မည်​မ​ဟုတ်'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 ငါ၏ ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် ရ သော် လည်း တွန့် ဆုတ် က ငါ သည် သူ၌ နှစ် သက် သော စိတ် ရှိ မည် မ ဟုတ် ဟု ဗျာ ဒိတ် တော် ရှိ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။ သို့​သော်​လည်း၊ ရွေ့​လျော့​လျှင်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် ထို​သူ​ကို အား​ရ​နှစ်​သက်​ခြင်း​မ​ရှိ​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ငါ​၏​ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့်​အသက်ရှင်​မည်။ သူ​သည် တွန့်ဆုတ်​လျှင် ငါ​၏​စိတ်​ဝိညာဉ်​သည် သူ့​ကို​နှစ်သက်​မည်​မ​ဟုတ်”​ဟူ၍ ဖော်ပြ​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 10:38
24 ပူးပေါင်းရင်းမြစ်များ  

“ငါ​ရွေးကောက်တော်မူသော အစေခံ​ကို ကြည့်ကြလော့။ သူ​သည် ငါ​ချစ်မြတ်နိုးသူ၊ ငါ့​ကို​ကျေနပ်စေ​သူ ဖြစ်၏။ ငါ​၏​ဝိညာဉ်တော်​ကို သူ့​အပေါ်​သို့ သွန်းလောင်းမည်။ သူ​သည် လူမျိုး​အပေါင်းတို့​အား တရားသော​စီရင်ချက်​ကို ကြေညာ​လိမ့်မည်။


သို့သော်လည်း ထို​တရားစကား​မှာ သူတို့​၏ စိတ်နှလုံး​တွင် အမြစ်​မစွဲ​သောကြောင့် ခဏ​သာ​ခံ၏။ ထို​တရားစကား​ကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရ​သောအခါ ချက်ချင်း​ပင် ဖောက်ပြန်တတ်၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို မည်သို့​ဖြောင့်မတ်​စေတော်မူကြောင်း ထို​သတင်းကောင်း​က ဖော်ပြ၏။ ထိုသို့​ဖြောင့်မတ်​ရန် ယုံကြည်ခြင်း​နှင့် စတင်​၍ ယုံကြည်ခြင်း​နှင့် အဆုံးသတ်၏။ ဤ​အရာ​သည် ကျမ်းစာ​၌ “ဖြောင့်မတ်သောသူ​သည် ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


တစ်ဖန် ကျမ်းစာ​တွင် “ဖြောင့်မတ်သောသူ​သည် ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်” ဟူ၍ ဖော်ပြထား၏။ ထို့ကြောင့် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရမည်​မဟုတ်ကြောင်း သိသာ​ထင်ရှား၏။


ဂျူးလူမျိုးတို့​သည် သခင်​ယေရှု​နှင့် ပရောဖက်များ​ကို သတ်​၍ ကျွန်ုပ်တို့​ကိုလည်း နှင်ထုတ်ကြ၏။ သူတို့​သည် ဘုရားသခင်​ကို မနှစ်မသက် ဖြစ်စေ​လျက် လူအပေါင်း​ကို ဆန့်ကျင်ကြ၏။


သို့ရာတွင် ကျွန်ုပ်တို့​သည် နောက်ပြန်လှည့်​၍ ပျက်စီးနေသူများ​မဟုတ်ဘဲ ယုံကြည်​၍ ကယ်တင်ခံရသော​သူများ​ဖြစ်ကြ၏။


သင်တို့​ကို မဆန့်ကျင်သည့်​ဖြောင့်မတ်သောသူတို့​ကို သင်တို့​သည် အပြစ်စီရင်​၍ သတ်ကြပြီ။


ထို​သူတို့​သည် ကျွန်ုပ်တို့​ထံမှ ထွက်သွား​သော်လည်း ကျွန်ုပ်တို့​နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့​နှင့်​သက်ဆိုင်​လျှင် ကျွန်ုပ်တို့​နှင့်အတူ နေရစ်​လိမ့်မည်။ သို့သော် ထိုသို့​ထွက်သွားခြင်း​ဖြင့် သူတို့​အားလုံး​သည် ကျွန်ုပ်တို့​နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှား​လျက်​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ